ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်ရှိလာခြင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး စဉ်းစားထားတဲ့ သူ့ရဲ့ အစီအစဉ်တွေကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ နည်းပြ သောမတ်စ် တူချယ်က ယုံကြည်နေပါတယ်။ ဒေးလီးမေးလ် သတင်းစာရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး အသင်းနည်းပြ သောမတ်စ် တူချယ်ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ တွန့်ဆုတ်နေပြီး၊ ဒီအပြောင်းအရွှေ့ ဖြစ်မလာဖို့ တားဆီးချင်နေတယ်လို့ သိရပါတယ်။

အနောက် လန်ဒန်ကလပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လူကာကူကို အားကိုးတကြီး ခေါ်ယူခဲ့ပေမယ့်၊ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် အင်တာမီလန် အသင်းထံ ပြန်လည် အငှါးချခဲ့ပြီး၊ တိုက်စစ်အင်အား ဖြည့်တင်းဖို့အတွက် အပြောင်းအရွှေ့ စျေးကွက်ထဲမှာ တိုက်စစ်မှူးတဦး ရှာဖွေနေပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချဲလ်ဆီး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပြီး၊ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာခဲ့ရင် ဒီနွေရာသီမှာ အသင်းမှ ထွက်ခွာလိုကြောင်း တရားဝင် ပြောထားပါတယ်။

တော့ခ် စပေါ့ သတင်းစာရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလီဟာ ဘလွန်းဒီအော် ၅ဆုရှင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပေမယ့်၊ ဒေးလီးမေးလ် သတင်းစာကတော့ နည်းပြ သောမတ်စ် တူချယ်ဟာ အသက်၃၇နှစ်အရွယ် ဒီကစားသမားကို ခေါ်ယူဖို့ ငြင်းဆန်ထားကြောင်း ဖော်ပြခဲ့ပါတယ်။ ဒေးလီးမေးလ် သတင်းစာရဲ့ ဖော်ပြချက်အရ တူချယ်ဟာ လီဗာပူးလ် အသင်းမှာ ဂျာဂန်ကလော့ပ် တည်ဆောက်နေတဲ့ ပုံစံမျိုးကို အတုယူကာ ချဲလ်ဆီး အသင်းကို တည်ဆောက်ချင်နေပြီး၊ ရော်နယ်လ်ဒိုကို သူ့ရဲ့ အစီအစဉ် တွေထဲမှာ အစိတ်အပိုင်း တခုအဖြစ် ပါဝင်ဖို့ စိတ်ကူးမရှိဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် တူချယ်ဟာ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်ပိုင်းကို ရာဟင်စတာလင်၊ ရာဖင်ဟာနဲ့ ကိုင်ဟားဗက်ဇ်တို့ ကစားသမားသုံးဦး ပါဝင်တဲ့ အစုအဖွဲ့မျိုးနဲ့ တည်ဆောက်ဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်းဟာ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ဒမ်ဘီလီ နေရာမှာ ရာဖင်ဟာနဲ့ အစားထိုးဖို့ မျက်စိကျနေတယ်လို့ သိရပြီး၊ ကစားသမား ကိုယ်တိုင်ကလည်း နူးကမ့်မှာ ကစားချင်နေတာကြောင့် သူ့ရဲ့ အပြောင်းအရွှေ့ကို စောင့်ကြည့်ရဦးမှာပါ။ ချဲလ်ဆီးအသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလီဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကမ္ဘာကျော် တိုက်စစ်မှူးကို ခေါ်ယူခြင်းဟာ ဒီအသင်းမှာ သူ့ရဲ့ခေတ်ကို စတင်တည်ဆောက်ဖို့ အကောင်းဆုံး အပြောင်းအရွှေ့ ဖြစ်လိမ့်မယ်လို့ ယူဆနေပေမယ့်၊ နည်းပြ တူချယ်ရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်ရောက် စွက်ဖက်လိုခြင်း မရှိပါဘူး။

ရော်နယ်လ်ဒို ရောက်ရှိလာခြင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဟန်ချက်ညီမှု ပျောက်ဆုံးစေခဲ့တယ်လို့ တူချယ်က ယုံကြည်နေတာကြောင့်၊ ဒီကစားသမားရဲ့ အပြောင်းအရွှေ့ကို သတိထားပြီး လုပ်ဆောင်နေပုံပါပဲ။ ဒါပေမယ့် လက်ရှိ ဘောလုံးလောကမှာ အသက် ၃၇နှစ်အရွယ် ရောက်နေတာတောင် ရော်နယ်လ်ဒိုလို အားကိုးရတဲ့ ကစားသမား သိပ်မရှိတာကို လက်ခံရမှာဖြစ်ပြီး၊ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးဟာ သွင်းဂိုးတွေ အတွက် အာမခံချက် ပေးနိုင်သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချဲလ်ဆီး အသင်း ရုန်းကန်ခဲ့ရတဲ့ အပိုင်းဟာ တိုက်စစ်ပိုင်းဖြစ်ပြီး၊ သူတို့ အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ လူကာကူနဲ့ ဝါနာတို့ နှစ်ဦးစလုံးဟာ အသင်းအတွက် လုံလောက်တဲ့ ဂိုးသွင်းယူမှုတွေ ပြုလုပ်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် တူချယ် အနေနဲ့ သူ့အသင်းရဲ့ အကောင်းဆုံး ပွဲထွက် ကစားသမား ၁၁ယောက်ကို တည်ဆောက်ဖို့ ပြင်ဆင်နေချိန်မှာ ရော်နယ်လ်ဒိုလို ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးတဦး ခေါ်ယူခဲ့မယ်ဆိုရင် ချဲလ်ဆီး အသင်းအတွက် ကာလတို ပြင်ဆင်မှုတခုအဖြစ် အသုံးဝင်နိုင်ဖွယ် ရှိနေတယ်လို့ သုံးသပ်ရမှာပါ။

ZAWGYI: ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်ရှိလာခြင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး စဉ်းစားထားတဲ့ သူ့ရဲ့ အစီအစဉ်တွေကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ နည်းပြ သောမတ်စ် တူချယ်က ယုံကြည်နေပါတယ်။ ဒေးလီးမေးလ် သတင်းစာရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး အသင်းနည်းပြ သောမတ်စ် တူချယ်ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ တွန့်ဆုတ်နေပြီး၊ ဒီအပြောင်းအရွှေ့ ဖြစ်မလာဖို့ တားဆီးချင်နေတယ်လို့ သိရပါတယ်။