အာဆင်နယ် အသင်းဟာ ကွင်းလယ်လူ မာတင် အိုဒီဂတ် ကို အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ကြောင်း ကြေညာတော့မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။ ပြီးခဲ့တဲ့ နွေရာသီက ရီးယဲလ်မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းကို အပြီးသတ် ပြောင်းရွှေ့ရောက်ရှိ လာခဲ့တဲ့ နော်ဝေ ကွင်းလယ် ကြယ်ပွင့် အိုဒီဂတ် ဟာ မနှစ်က အသင်း ရဲ့ အဓိက ကစားသမား အဖြစ် ကစားခဲ့သူပါ ။

အာဆင်နယ် အသင်း ရဲ့ အသင်း ခေါင်းဆောင် နေရာဟာ လစ်လပ် နေခဲ့တာ အချိန် အတန်ကြာနေပြီ ဖြစ်ပြီး နောက်ဆုံး တရားဝင် တာဝန်ယူခဲ့သူကတော့ တိုက်စစ်မှူးဟောင်း အူဘာမီယန်း ဖြစ်ပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာ ဟာ စည်းကမ်းချိုးဖောက်မှုတွေ ဆက်တိုက် လုပ်ခဲ့တဲ့ အူဘာမီယန်း ကို အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခဲ့ပြီး ပွဲထွက် ကစားသမားစာရင်းကနေ တောက်လျှောက် ချန်လှန် ခဲ့ပြီးနောက် ဂါဘွန်သားဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့သွားခဲ့ပါတယ် ။

အူဘာမီယန်း ထွက်ခွာသွားချိန်မှာ တိုက်စစ်မှူး လာကာဇ​က် က အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့ပြီး ပြင်သစ်သားဟာလည်း ဒီနွေရာသီမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးကာ အသင်းဟောင်း လိုင်ယွန် အသင်းကို ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင်သစ်ဟာ ဘယ်သူ ဖြစ်လာမလဲ ဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြပြီး အိုဒီဂတ် ၊ တီယာနေး ၊ ရမ်စ်ဒေးလ် ၊ ဂါဘရီယဲလ် နှင့် ဘန်ဝှိုက် တို့ထဲက တစ်ဦးဦး ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးနေကြပါတယ် ။

အာဆင်နယ် အသင်းတွေကို ပုံမှန် တင်ဆက်ပေးနေကြ afcstuff ကတော့ ဒီကနေ့ အသင်းသားတွေ အားလုံး လေ့ကျင့်ရေးကွင်းကို စုံညီ ရောက်ရှိလာတဲ့ အခါမှာ နည်းပြ အာတေတာ ဟာ အသင်းခေါင်းဆောင်သစ် နာမည်ကို ကြေညာ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။ အာဆင်နယ် အသင်း ခေါင်းဆောင်သစ် ဟာ အိုဒီဂတ် လို့လည်း afcstuff က အခိုင်အမာဆိုပါတယ် ။

အိုဒီဂတ် ဟာ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးပေမယ့် အတွေ့အကြုံ အများအပြား ရှိသူ ဖြစ်ပြီး အသက် ၁၅ နှစ် အရွယ်မှာတင် နော်ဝေ အသင်းအတွက် ပွဲထွက် ကစားခဲ့သူပါ ။ ဒါ့အပြင် အိုဒီဂတ် ဟာ နော်ဝေ လက်ရွေးစင် အသင်းရဲ့ အသင်း ခေါင်းဆောင် အဖြစ် အသက် ၂၂ နှစ် အရွယ်ကတည်းက စတင် တာဝန်ယူခဲ့ပြီး နိုင်ငံ အသင်းအတွက် စုစုပေါင်း ၄၃ ပွဲ ကစားပေးထားပါတယ် ။

ZAWGYI: အာဆင်နယ် အသင်းဟာ ကွင်းလယ်လူ မာတင် အိုဒီဂတ် ကို အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ကြောင်း ကြေညာတော့မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။ ပြီးခဲ့တဲ့ နွေရာသီက ရီးယဲလ်မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းကို အပြီးသတ် ပြောင်းရွှေ့ရောက်ရှိ လာခဲ့တဲ့ နော်ဝေ ကွင်းလယ် ကြယ်ပွင့် အိုဒီဂတ် ဟာ မနှစ်က အသင်း ရဲ့ အဓိက ကစားသမား အဖြစ် ကစားခဲ့သူပါ ။