မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင်း ဖြစ်သူ မီခေးလ် ဆီဗတ်စတြာက ပုံစံကောင်းတွေကို ပြန်လည်် ရှာဖွေနိုင်ဖို့ ၊ ဘောလုံး အားကစားရဲ့ အခြေခံမူဝါဒတွေကို ပြန်လည်ရရှိနိုင်ဖို့ အသင်း ခေါင်းဆောင်ရာထူးကို စွန့်လွှတ်ရန် မက်ဂွားယားကို အကြံပေး တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

ဟယ်ရီ မက်ဂွားယားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက စိတ်ပျက််ဖွယ် စွမ်းဆောင်ရည်တွေကို ပြသခဲ့တဲ့နောက် အသင်း ခေါင်းဆောင် ရာထူး ဖြုတ်သိမ်းလိုက်ဖို့ သတင်း သုံးသပ်သူတွေ ၊ အသင်းရဲ့ ပရိသတ်တွေ အများစုက တောင်းဆိုခဲ့ကြပါသေးတယ် ။

သူတို့တွေကတော့ ဟယ်ရီ မက်ဂွားယား ထက် အသင်းဆီ ပြန်ရောက်လာတဲ့ တိုက်စစ်မှူး ရော်နယ်ဒို ကို ခေါင််းဆောင် ရာထူး ပေးလိုနေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲဲ့ လက်တွေ့မှာတော့ မက်ဂွားယား ကပဲ ရာသီကုန် အထိ အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူသွားခဲ့ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်သူ အဲရစ် တန်ဟတ် ဟာ ရာသီသစ်မှာ ဒေးဗစ် ဒီဂီယာ ၊ ဒါမှမဟုတ် ဘရူနို ဖာနန်ဒက်စ် ကို အသင်း ခေါင်းဆောင် ရာထူး ပေးအပ်သွားလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါပြီ ။

အခုတော့ ယူနိုက်တက် ခံစစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ဆီဗတ်စတြာ ကလည်း ဟယ်ရီ မက်ဂွားယား အနေနဲ့ ရာသီိသဈမှာ အသင်း ခေါင်းဆောင် လက်ပတ်ကို စွန့်လွှတ်ပြီး ပုံမှန်ခြေစွမ်းကောင်း ပြသနိုင်ဖို့ အဓိကထား ကြိုးစားသင့်ကြောင်း အကြံပေး တိုက်တွန်းသွားခဲ့ပါတယ် ။

‘ ဒါဟာ ခက်ခဲလှပါတယ် ၊ ကစားသမား အတွက်တော့ ဒါဟာ double challenge ပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ခင််ဗျားဟာ အသင်း ခေါင်းဆောင် ဖြစ်နေရင် နည်းစနစ်ပိုင််း ဦးဆောင်နိုင်ဖို့ လိုအပ်မှာပါပဲ ။ ပြီးတော့ ကိုယ်တိုင်လည််း အကောင်းဆုံး ကစားနိုင်ဖို့ လိုအပ်ပါလိမ့်မယ် ‘

‘ အသင်း တစ်သင်းမှာ leadership ဆိုတာက ဒုတိယ ဦးစားပေးပါပဲ ။ ဒါကို သူလဲ သိမှာပါ ။ သူ့ရဲ့ အနေအထားတွေကိုလည်း နားလည်မှာပါ ။ သူ့ရဲ့ စွမ်းဆောင်ရည် ကျဆင််းနေခဲ့တာကို ထောက်ရှုပြီး စိတ်ပိုင်းဆိုင်ရာ အနားယူဖို့ လိုအပ်နေမှာပါ ‘

‘ နည်းပြသစ် ၊ ကစားပုံ အသစ်က သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြန်လည် ကောင်းမွန်စေနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။ အင်္ဂလန် မှာတော့ လူတွေက အသင်း ခေါင်းဆောင်် အကြောင်း အရမ်းပြောလေ့ ရှိတတ်ကြပါတယ် ။ သူတို့ ဘာဖြစ်လို့ ဒီအပေါ် အရမ်း အာရုံစိုက်ကြလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး ‘

‘ အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ၊ ဒေးဗစ် ဒီဂီယာ ၊ ဘရူနို ဖာနန်ဒက်စ် တို့လို ကစားသမားတွေ ရှိနေကြရင်ဖြင့် ခေါင်းဆောင်နိုင်မှုအပိုင်းကလုံလောက်ပါပြီ ။ အကယ်လို့ အသင်းမှာ ဗြိတိန်သား ပါဝင်နေတယ် ၊ ခေါင်းဆောင်နိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ ‘

‘ တကယ်တော့ အဲ့တာတွေက မလိုအပ်ပါဘူး ။ ဟယ်ရီ အတွက် အခုအချိန်မှာ အကောင်းဆုံးက ဘောလုံးရဲ့ အခြေခံံသဘောတရားတွေကို ပြန်လည်ရရှိအောင် ကြိုးစားဖို့ ၊ အရင်လို ပိုကောင်းတဲ့ ခံစစ်မှူး တစ်ယောက် ဖြစ်လေအောင် အားထုတ်ဖို့ပဲလို့ ထင်ပါတယ် ‘ လို့ ဆီဗတ်စတြာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။