ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကတော့ မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတဲ့အပေါ် ရင်ခုန်မိကြောင်း ဝေးလ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟာ ဒီနွေရာသီမှာ ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်ရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခံထားရပြီး အေဂျက်စ်မှာတုန်းကလို ဒီဂျောင်ကိုတည်ပြီး ယူနိုက်တက်လူစာရင်းကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

ယူနိုက်တက်က သူ့ကိုခေါ်ယူဖို့ ကြိုးစားနေတဲ့ အပေါ်မေးမြန်းရာမှာတော့ ဒီဂျောင်က “ကစားသမား တစ်ယောက်အနေနဲ့ ကိုယ့်ကိုစိတ်ဝင်စားတဲ့ အသင်းတွေ ရှိနေတာကိုသိရတာ တကယ်ရင်ခုန်ဖို့ကောင်းပါတယ်။ ”

“ဒါပေမယ့် ကျွန်တော်အခု ကစားနေတဲ့ အသင်းက ကမ္ဘာ့အကြီးဆုံး အသင်းပါ။ အဲ့ဒီအတွက်လည်း အဆင်ပြေပါတယ်၊ တခြားသတင်းတော့ မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

ဒီဂျောင်ရဲ့တန်ဖိုးကို ဘာစီလိုနာက ပေါင်သန်း ၇၀ သတ်မှတ်ထားပြီး လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဝေးလ်နဲ့ပွဲမှာလည်း နယ်သာလန် အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကြောင်း ပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒိန်းမတ်စတား ခရစ္စတီယန်အဲရစ်ဆင်ကိုလည်း ခေါ်ယူဖို့ကြိုးစားနေပြီး ဒီဂျောင်ကတော့ နံပါတ်တစ်ပစ်မှတ်ဖြစ်ပါတယ်။ အဲရစ်ဆင်ကလည်း ဒီဂျောင်နဲ့မတူညီတဲ့ ကစားဟန်မျိုးနဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဘာစီလိုနာနဲ့တော့ ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ၂၅ နှစ်သားအတွက် တရားဝင်ကမ်းလှမ်းတာမျိုးတော့ မရှိသေးပေမယ့် နှစ်သင်းကြား ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိလိမ့်မယ်လို့တော့ ယူဆရပါတယ်။ ဒီဂျောင်ဟာ နည်းပြတန်ဟတ်ရဲ့ အေဂျက်စ်နဲ့အတူ ၂၀၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထိ တက်ခဲ့ဖူးပြီး နောက်ပိုင်းမှာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။

ZAWGYI: ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကတော့ မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတဲ့အပေါ် ရင်ခုန်မိကြောင်း ဝေးလ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟာ ဒီနွေရာသီမှာ ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်ရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခံထားရပြီး အေဂျက်စ်မှာတုန်းကလို ဒီဂျောင်ကိုတည်ပြီး ယူနိုက်တက်လူစာရင်းကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

ယူနိုက်တက်က သူ့ကိုခေါ်ယူဖို့ ကြိုးစားနေတဲ့ အပေါ်မေးမြန်းရာမှာတော့ ဒီဂျောင်က “ကစားသမား တစ်ယောက်အနေနဲ့ ကိုယ့်ကိုစိတ်ဝင်စားတဲ့ အသင်းတွေ ရှိနေတာကိုသိရတာ တကယ်ရင်ခုန်ဖို့ကောင်းပါတယ်။

ဒါပေမယ့် ကျွန်တော်အခု ကစားနေတဲ့ အသင်းက ကမ္ဘာ့အကြီးဆုံး အသင်းပါ။ အဲ့ဒီအတွက်လည်း အဆင်ပြေပါတယ်၊ တခြားသတင်းတော့ မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။