“ဒါက လက်မခံနိုင်စရာပါပဲ။ လူတိုင်းအတွက်ပါ။” မန်ယူနိုက်တက်တို့ရဲ့ နောက်ဆုံးရာသီကြိုပွဲမှာ လူစားလဲခံရပြီးနောက် ပွဲမပြီးခင် ကွင်းထဲကထွက်ခွာသွားတဲ့ ခရစ်စတီယာနိုရော်နယ်လ်ဒိုရဲ့ဆုံးဖြတ်ချက်ကို အဲရစ်တန်ဟဂ်က ပေါက်ကွဲဒေါသထွက်နေပါတယ်။ တနင်္ဂနွေနေ့၊ အိုးထရက်ဖို့ဒ်မှာကန်ခဲ့တဲ့ မန်ယူတို့ရဲ့ချစ်ကြည်ရေးပွဲမှာ ပွဲမပြီးခင်ပြန်သွားတဲ့ ရော်နယ်လ်ဒိုရဲ့လုပ်ရပ်ကို လက်မခံနိုင်စရာ အဖြစ် ယူနိုက်တက်မန်နေဂျာအဲရစ်တန်ဟဂ်က တံဆိပ်တပ်လိုက်ပါတယ်။

တန်ဟဂ်ရဲ့သဘောထားနဲ့ဆန့်ကျင်စွာပဲ ရားယိုးဗာယယ်ကန်းနိုတို့နဲ့ ၁-၁ သရေကျတဲ့ပွဲမှာ ပွဲမပြီးသေးခင် အိုးထရက်ဖို့ဒ်ကနေ ရော်နယ်လ်ဒိုထွက်ခွာသွားတာနဲ့ပတ်သတ်ပြီး ဘာပြဿနာမှမရှိဘူးလို့ ယူနိုက်တက်တို့က လူသိရှင်ကြား အခိုင်အမာထုတ်ပြောထားတာဖြစ်ပါတယ်။ ရာသီမစခင်မှာ ကလပ်ကနေထွက်ခွာဖို့ အသည်းအသန်ကြိုးစားနေတဲ့ ပေါ်တူဂီစူပါစတားဟာ ပွဲရဲ့ပထမပိုင်း ၄၅ မိနစ်ပဲကစားခဲ့တာဖြစ်ပေမဲ့ ပထမပိုင်းနားချိန်မှာ မန်နေဂျာတန်ဟဂ်လူစားလဲခဲ့တဲ့ တဦးတည်းသောကစားသမားလည်းဖြစ်ပါတယ်။

ရာသီသစ်မှာ ချန်ပီယံလိဂ်ဘောလုံးကစားချင်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကန်ရမှာကြောက်လို့ ထွက်ခွာဖို့ကြိုးစားနေတဲ့ ရော်နယ်လ်ဒိုရဲ့အနာဂါတ်ကလည်း ပိုဝေဝါးသည်ထက်ဝေဝါးလာပါတယ်။ တနင်္ဂနွေနေ့တုန်းက ပွဲမပြီးသေးခင် ကွင်းထဲကထွက်လာခဲ့တာ ရော်နယ်လ်ဒိုတဦးတည်းတော့မဟုတ်ခဲ့သလို တန်ဟဂ်ကလည်း ဘယ်သူ့ကိုမှ သဘောမကျခဲ့ပါဘူး။ “ဒါကို ကျနော်သေချာပေါက်ကို လက်မခံပါဘူး။ ဒါက လက်မခံနိုင်စရာဖြစ်ပါတယ်။ လူတိုင်းအတွက်ပါ။ ”

“ဒါကလက်မခံနိုင်စရာပဲဆိုတာ သူတို့ကို ကျနော်ပြောခဲ့ပါတယ်။ ကျနော်တို့က အသင်းတသင်းဖြစ်ပြီး အဆုံးထိတိုင်အောင် ခင်ဗျားနေကိုနေရမှာဖြစ်ပါတယ်။” လို့ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး AD ကို တန်ဟဂ်ကပြောခဲ့ပါတယ်။ ပထမပိုင်းနားချိန်မှာ ရော်နယ်လ်ဒိုကု အေမက်ဒိုင်ယယ်လိုနဲ့ လူစားလဲခဲ့တာဖြစ်ပြီး သူက မန်ယူတို့အတွက် တလုံးတည်းသောဂိုးကို ၄၈ မိနစ်မှာသွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အယ်လ်ဗားရိုးဂါဆီယာရီဗီးရားက ရားယိုးတို့အတွက် ချေပဂိုးပြန်သွင်းသွားခဲ့လို့ ၁-၁ နဲ့ပွဲပြီးသွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့အနာဂါတ်ဟာ ဒီနွေရာသီရဲ့ ဒရမ်မာကြီးများထဲကတခုဖြစ်လာခဲ့ပြီး ကစားသမားကတော့ သူ့ရဲ့လက်ကျန်သက်တမ်းမှာ ချန်ပီယံလိဂ်ဘောလုံးပဲကစားချင်တာကို ရှင်းအောင်ဖော်ပြထားပါတယ်။ယူနိုက်တက်တို့ကတော့ ရော်နယ်လ်ဒိုက ရောင်းရန်မဟုတ်မူကို လက်ရှိအချိန်ထိ ကိုင်စွဲထားပါတယ်။ ရော်နယ်လ်ဒိုရဲ့လက်ရှိစာချုပ်က သက်တမ်းတနှစ်ကျန်သေးတာပါ။ သူ့အေးဂျင့်ဂျော့ချ်မန်းဒက်စ်က သူရထားတဲ့ကမ်းလှမ်းမှုတခုကို မန်ယူတို့ကိုအကြောင်းကြားထားပြီး သူတို့ဘက်ကလိုချင်တဲ့ဈေးကို မန်ယူတို့တပ်ပေးဖို့ အလိုရှိနေတာဖြစ်တယ်လို့ နားလည်ထားပါတယ်။

ZAWGYI: “ဒါက လက်မခံနိုင်စရာပါပဲ။ လူတိုင်းအတွက်ပါ။” မန်ယူနိုက်တက်တို့ရဲ့ နောက်ဆုံးရာသီကြိုပွဲမှာ လူစားလဲခံရပြီးနောက် ပွဲမပြီးခင် ကွင်းထဲကထွက်ခွာသွားတဲ့ ခရစ်စတီယာနိုရော်နယ်လ်ဒိုရဲ့ဆုံးဖြတ်ချက်ကို အဲရစ်တန်ဟဂ်က ပေါက်ကွဲဒေါသထွက်နေပါတယ်။ တနင်္ဂနွေနေ့၊ အိုးထရက်ဖို့ဒ်မှာကန်ခဲ့တဲ့ မန်ယူတို့ရဲ့ချစ်ကြည်ရေးပွဲမှာ ပွဲမပြီးခင်ပြန်သွားတဲ့ ရော်နယ်လ်ဒိုရဲ့လုပ်ရပ်ကို လက်မခံနိုင်စရာ အဖြစ် ယူနိုက်တက်မန်နေဂျာအဲရစ်တန်ဟဂ်က တံဆိပ်တပ်လိုက်ပါတယ်။