ဘရာဇီးနောက်တန်းကစားသမား မာဆယ်လိုအန်တိုနီယိုဂီယာဒီစ်ဖီးလ်ယို ဟာ ၂၀၁၈ မှာ လိုင်ယွန်တို့အတွက် ကစားခဲ့တာဖြစ်ပါတယ်။ အဝတ်လဲခန်းထဲအီးပေါက်ခြင်းနဲ့ မသင့်တော်တဲ့ရယ်မောခြင်းတို့အတွက် သူ့ရဲ့ကလပ်ဟောင်းကနေ အထုတ်ခံခဲ့ရတာဆိုတဲ့ သတင်းအစီရင်ခံမှုတွေကို ဘရာဇီးနောက်တန်းကစားသမားက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

လိုင်ယွန်အသင်းအတွက် ပွဲတရာကျော်ကစားပေးခဲ့တဲ့နောက်တန်းသမား မာဆယ်လို၊ ၃၄ နှစ်ဟာ စီနီယာအသင်းလူစာရင်းထဲကနေ ဖြုတ်ချခံခဲ့ရပြီးနောက် ဇန်နဝါရီမှာ လိဂ်ဝမ်းအသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး အမြင့်ကနေပြုတ်ကျခဲ့ရတဲ့ နောက်ကွယ်ကအကြောင်းရင်းဟာ စည်းကမ်းဖောက်ဖျက်မှုအတွဲလိုက်ပြဿနာတွေကြောင့်ဖြစ်တယ်လို့ ဒီတပတ် ပြင်သစ်သတင်းစာ L’Equipe မှာ သတင်းဖော်ပြခဲ့ပါတယ်။ စည်းကမ်းဖောက်ဖျက်မှုတွေထဲမှာ အသင်းအစည်းအဝေးစကားပြောနေချိန် မသင့်တော်တဲ့ရယ်မောခြင်းနဲ့ အသင်းဖော်တွေရှေ့မှာ အကြိမ်ကြိမ်အခါအခါ အီးပေါက်ခြင်းတို့လည်းပါဝင်ပါတယ်။

“L’Equipe ရဲ့ကျေးဇူးနဲ့၊ ကာလအရှည်ကြီးကြာခဲ့ပြီးနောက်မှာ စွပ်စွဲမှုတွေအားလုံးကိုငြင်းဆိုဖို့ တွစ်တာကို ကျနော်မဖြစ်မနေပြန်လာခဲ့ရပါတယ်။ ဒီနေ့ခေတ်ရဲ့ ဂျာနယ်လစ်ဇင်ကတော့ ဟာသတခုပါပဲ။” လို့ သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေ မာဆယ်လိုက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ဒီတွိဟာ မနှစ်က မေလနောက်ပိုင်း သူ့ရဲ့ပထမဆုံးတွိဖြစ်ပါတယ်။ ကစားသမားရဲ့ စိတ်ဓါတ်လုပ်ရပ်တွေနဲ့ပတ်သတ်ပြီး ဇာတ်လမ်းတွေအမျိုးမျိုးဖော်ပြခဲ့တာ ဒါကပထမဆုံးတော့မဟုတ်ပါဘူး၊ မနှစ်တုန်းက သြဂုတ် espn သတင်းမှာ အခုလိုဖော်ပြခဲ့ဖူးပါတယ်။

“သူကိုယ်တိုင် အုန်းဂိုးတဂိုးသွင်းခဲ့မိတဲ့၊ အန်းဂါးစ်တို့နဲ့ ကြီးမားတဲ့ရှုံးပွဲအပြီး ကပ္ပတိန်လီယိုဒီဘွိုင်းစ် မိန့်ခွန်းစကားပြောနေချိန်အတွင်း သူရယ်နေတာကိုမိသွားခဲ့ပြီးနောက် လိုင်ယွန်စီနီယာအသင်းကနေ သူ့ကိုဖြုတ်ချခံခဲ့ရပါတယ်။ အရံအသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းပြီးတဲ့နောက် ဇန်နဝါရီမှာ ဘော်ဒိုးအသင်းကို မာဆယ်လိုပြောင်းရွှေ့ခံခဲ့ရပါတယ်။ သူ့ရဲ့ကလပ်အသစ်က လိဂ်ဝမ်းရဲ့ဘိတ်ချေးမှာရှိနေပါတယ်။” တဲ့။

ZAWGYI: ဘရာဇီးနောက်တန်းကစားသမား မာဆယ်လိုအန်တိုနီယိုဂီယာဒီစ်ဖီးလ်ယို ဟာ ၂၀၁၈ မှာ လိုင်ယွန်တို့အတွက် ကစားခဲ့တာဖြစ်ပါတယ်။ အဝတ်လဲခန်းထဲအီးပေါက်ခြင်းနဲ့ မသင့်တော်တဲ့ရယ်မောခြင်းတို့အတွက် သူ့ရဲ့ကလပ်ဟောင်းကနေ အထုတ်ခံခဲ့ရတာဆိုတဲ့ သတင်းအစီရင်ခံမှုတွေကို ဘရာဇီးနောက်တန်းကစားသမားက ပြစ်တင်ဝေဖန်လိုက်ပါတယ်။