မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ခရစ္စတီယန် အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ အဲရစ်ဆင်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကမှ ဘောလုံးလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဘရန့်ထ်ဖို့ဒ်အသင်းနဲ့ ၆ လ စာချုပ်,ချုပ်ဆိုပြီးနောက် ကောင်းမွန်လွန်းတဲ့ ဒုတိယရာသီဝက်ကို ပျားတွေနဲ့အတူ ခရီးဆက်နိုင်ခဲ့တာဖြစ်ပါတယ်။

သောမက်စ် ဖရန့်ခ်ရဲ့ ဘရန့်ထ်ဖို့ဒ်အသင်းဘက်ကတော့ အဲရစ်ဆင်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့အတွက် စိတ်အားထက်သန်နေပြီး ဒိန်းမတ်ကွင်းလယ်ဖန်တီးရှင်ကို အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်တဲ့ လုပ်ခလစာနဲ့ပါ ကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ အဲဗာတန်အသင်းကလည်း သူ့ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေကြတဲ့ အသင်းတွေထဲ ပါဝင်ပြီး The Mirror သတင်းဌာနရဲ့ဖော်ပြချက်အရတော့ ယူနိုက်တက်ကလည်း အဆိုပါကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့အသင်းတွေထဲ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်မန်နေဂျာ အဲရစ် တန်ဟာ့ဂ်ကတော့ ဒိန်းမတ်သားရဲ့ စိတ်ဆန္ဒနဲ့ ပတ်သက်ပြီး အတော်လေးအထင်ကြီးသူဖြစ်ပြီး ဒတ်ချ်လူမျိုးမန်နေဂျာကတော့ အိုင်းယက်စ် ကြယ်ပွင့်ဟောင်းကို ဒီနှစ်နွေရာသီမှာ အရေးတကြီးကိုင်တွယ်ဖြေရှင်းရမယ့် ကွင်းလယ်ကစားသမားနေရာမှာ အသုံးပြုသွားဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြောင်း ယုံကြည်နေတာပါ။

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ အဲရစ်ဆင်ကို ပြန်လည်ခေါ်ယူဖို့အတွက် ချန်ပီယံလိဂ်ကစားခွင့်နဲ့ မက်လုံးပေးသွားနိုင်ပေမယ့် ယူနိုက်တက်ကတော့ ယူရိုပါလိဂ်သာ ကစားရမှာဖြစ်သည့်တိုင် မန်ချက်စတာမြေကို အရောက်လာဖို့ အဲရစ်ဆင်ကို စွဲဆောင်နိုင်မှာဖြစ်ကြောင်း ယုံကြည်နေတာဖြစ်ပါတယ်။

အဆိုပါဖော်ပြချက်အရ တန်ဟာ့ဂ်အနေနဲ့ ယူနိုက်တက်ကို လက်ရှိအခြေအနေဆိုးတွေကနေ ဆွဲတင်နိုင်ဖို့အတွက် လာမယ့်နွေရာသီမှာ ယူနိုက်တက်လူစာရင်းကို ကစားသမားသစ် ၆ ဦးအထိ ဖြည့်တင်းသွားနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယွန်းကတော့ တန်ဟာ့ဂ်ရဲ့ အဓိက ဦးစားပေးပစ်မှတ်ကစားသမားဖြစ်ပြီး ကာတာလန်ဒေသအခြေစိုက်ကလပ်နဲ့ ပေါင်သန်း ၇၀ တန်အပြောင်းအရွှေ့အတွက် သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ အဆိုပါ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားရဲ့ ဦးစားပေးက ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိဖို့အတွက်ဆိုပြီး ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အိုးလ်ထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့လာဖို့အတွက် ဆွဲဆောင်မှကိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် အိုင်းယက်စ်အသင်းရဲ့ ခံစစ်မှူး ဟူရီယန် တင်ဘာအနေနဲ့ နောက်ထပ်ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ အသက် ၂၀ နှစ်အရွယ်သာရှိသေးတဲ့ ဒတ်ချ်လူငယ်ခံစစ်မှူးအနေနဲ့ ယူနိုက်တက်ကို ဒီနှစ်နွေမှာ ပြောင်းလာဖို့ သံသယရှိနေကြောင်း သိရပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ခရစ္စတီယန် အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ အဲရစ်ဆင်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကမှ ဘောလုံးလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဘရန့်ထ်ဖို့ဒ်အသင်းနဲ့ ၆ လ စာချုပ်,ချုပ်ဆိုပြီးနောက် ကောင်းမွန်လွန်းတဲ့ ဒုတိယရာသီဝက်ကို ပျားတွေနဲ့အတူ ခရီးဆက်နိုင်ခဲ့တာဖြစ်ပါတယ်။