တော့တင်ဟမ်အသင်းဟာ ယူနိုက်တက်နဲ့အပြိုင် ပေါတောရက်စ်ကို ယူရိုသန်း ၅၀ (ပေါင် ၄၂.၅ သန်း) နဲ့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် ကစားသမားကတော့ အိုးလ်ထရက်ဖို့ဒ်ကို ရွေးချယ်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

အဆိုပါ ဗဟိုခံစစ်မှူးဟာ ယခုနွေရာသီမှာ ယူနိုက်တက်နဲ့ သတင်းထွက်လာခြင်းဖြစ်ပြီး ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာလည်း တောရက်စ်ရဲ့ အေးဂျင့်အဖွဲ့နဲ့ တရားဝင် စကားပြောထားတယ်လို့ သိရပါတယ်။ အဲရစ်တန်ဟဂ်ဟာ ယခုနွေရာသီမှာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်နေရာကို အဓိက အားဖြည့်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က တော့တင်ဟမ်အသင်းဟာ ပေါင် ၄၂.၅ သန်းနဲ့ တောရက်စ်ကို ကမ်းလှမ်းခဲ့ပေမယ့် သူဟာ ချန်ပီယံလိဂ်မှာ ဗီလာရီးရဲလ်အသင်းအတွက် အာရုံစိုက်နေတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်ဘောလုံးရာသီ လာလီဂါမှာ ဗီလာရီးရဲလ်အသင်းဟာ အဆင့် ၇ နေရာသာ ရရှိခဲ့တာကြောင့် သူဟာ စပိန်က ထွက်ခွာလိုနေပြီလို့ သိရပါတယ်။

ဒါပေမယ့် Cadena SER ကတော့ လက်ရှိမှာ ယူနိုက်တက်အသင်းနဲ့ တော့တင်ဟမ်အသင်းတို့ဟာ အရပ် ၆ ပေ၊ ၄ လက်မရှည်တဲ့ တောရက်စ်ကို ပေါင် ၄၂.၅ သန်းနဲ့ ကမ်းလှမ်းထားကြပေမယ့် တောရက်စ်က ယူနိုက်တက်သို့ ပြောင်းရွေ့လိုနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

တောရက်စ်ရဲ့ အေးဂျင့်အဖွဲ့ဟာ အင်္ဂလန်သို့ ရောက်ရှိနေပြီး နှစ်သင်းလုံးနဲ့ ဆွေးနွေးနေပါတယ်။ ဒါပေမယ့် မန်ချက်စတာစီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာလည်း စပိန်သားရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။

တစ်ဖက်မှာလည်း ဝက်စ်ဟမ်းအသင်းဟာ ဂျက်စီလင်ဂတ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ESPN က ဆိုထားပါတယ်။ နယူးကာဆယ်အသင်းဟာလည်း အင်္ဂလန်လက်ရွေးစင်ကို စိတ်ဝင်စားနေပါတယ်။

လင်ဂတ်ကတော့ တစ်ပတ်တာလုပ်အားခ ပေါင် ၁၅၀၀၀၀ ရရှိမယ့်အသင်းသို့ ပြောင်းရွေ့ကစားဖို့ ရှိနေတယ်လို့ သိရပါတယ်။ AC မီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာလည်း အဆိုပါ ကွင်းလယ်လူကို သဘောကျနေကြေပေမယ့် ဝက်စ်ဟမ်းအသင်းကသာ ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။

ZAWGYI: တော့တင်ဟမ်အသင်းဟာ ယူနိုက်တက်နဲ့အပြိုင် ပေါတောရက်စ်ကို ယူရိုသန်း ၅၀ (ပေါင် ၄၂.၅ သန်း) နဲ့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် ကစားသမားကတော့ အိုးလ်ထရက်ဖို့ဒ်ကို ရွေးချယ်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။