ပီအက်စ်ဂျီ ဟာ အသင်းရဲ့ လူငယ်တိုက်စစ် ကစားသမားလေး အမ်ဘာပေတစ်ယောက် အသင်းမှာ ဆက်ရှိနေစေဖို့အတွက် အစီအစဉ်သစ်တွေ ထပ်မံပြီး ချမှတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြင်သစ်မြေက လာတဲ့ သတင်းတွေ အရ သိရပါတယ်။ အမ်ဘာပေရဲ့ အနာဂတ်ဟာ လာမယ့်ရာသီ ပီအက်စ်ဂျီမှာ ဆက်ရှိ မရှိ မသေချာသေးတဲ့ အခြေအနေမျိုးတွေမှာ ရှိနေတာဖြစ်ပါတယ်။ ရီးရဲလ်နဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေပြီး၊ ပီအက်စ်ဂျီကတော့ အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေ အနေနဲ့ အမ်ဘာပေကို တစ်ပတ်လုပ်ခလစာ ပေါင်(၁)သန်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင် လျက်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို သာ လက်ခံခဲ့မယ်ဆိုရင် မက်ဆီ၊ စီရော်နယ်ဒိုတို့ ပြီးရင် လုပ်ခလစာ အကောင်းဆုံး ဘောလုံး သမားတစ်ယောက် ဖြစ်လာဖွယ်ရှိနေတာ ဖြစ်ပါတယ်။ နောက်ထပ် သတင်းတွေအရ ပီအက်စ်ဂျီတို့ဟာ အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားဖို့အတွက် အသင်းရဲ့ နည်းပြကို ပါ အမ်ဘာပေ စိတ်ကြိုက် ပြောင်းလဲပေးဖို့ ရှိနေသလို၊ အမ်ဘာပေ တွဲ ကစားချင်တဲ့ ကစားသမားတွေကိုပါ အသင်းထံ ခေါ်ယူပေးဖို့ စီစဉ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ သတင်းတွေအရ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်တယ်လို့တောင် ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စာရွက်စာတမ်း ကိစ္စတွေနဲ့ ပတ်သက်ပြီး၊ ဘာတစ်ခုမှတော့ တရားဝင် ဆောင်ရွက်ထားရ ခြင်း မရှိသေးဘူးလို့ သတင်းတွေ ဆိုပြန်ပါတယ်။ ဆိုတော့ အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီ မှာပဲ ဆက်ရှိနေမလား ရီးရဲလ်ကိုပဲ ပြောင်းမလားဆိုတာ စိတ်ဝင်စားစရာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အမ်ဘာပေဟာ သူရဲ့ အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ပီအက်စ်ဂျီအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ အခမ်းအနားမှာ ပြောကြားသွားခဲ့တာပါ။ (၂၀၁၇)ခုနှစ်တုန်းက မိုနာကို ကနေ စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အမ်ဘာပေဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၁၆၈)ဂိုး အထိသွင်းယူထားခဲ့ပြီး ထိပ်တန်း အဆင့် ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီတို့ဟာ အာရပ်သူဌေးတွေ လက်ထက်မှာ ဥရောပ အောင်မြင်မှုတွေ ရရှိဖို့ အလို ရှိနေတာဖြစ်ပြီး အသင်းကိုလည်း တကယ့် ထိပ်တန်း ကစားသမားတွေခေါ်ယူကာ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကို ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီဟာ ဥရောပမှာ အောင်မြင်မှုတွေ ရရှိဖို့ကိုတော့ အလှမ်းဝေးနေဆဲ ဖြစ်ပြီး ဒီရာသီမှာဆိုရင်လည်း (၁၆)သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဆိုတော့ ပီအက်စ်ဂျီ အနေနဲ့ ထိပ်တန်း ကစားသမားတွေခေါ်ယူပြီး အသင်းကို တည်ဆောက်နေပေမဲ့ ဥရောပမှာတော့ ထိပ်တန်းအသင်းကြီး စာရင်းဝင်ဖို့ တဆင့်နိမ့်နေသေးတယ်လို့ ပဲ သက်မှတ်ရမှာပါ။ အမ်ဘာပေ အနေနဲ့လည်း ပီအက်စ်ဂျီမှာ ထက်စာရင် ရီးရဲလ်မက်ဒရစ်လို ဥရောပရဲ့ အောင်မြင်မှု အရှိဆုံး အသင်းထံ သွားရောက်ကစားပြီး သူ့ရဲ့ ကစားသမားဘဝကို တဆင့် မြှင့်တင်ဖို့ အလို ရှိကောင်းရှိနေမှာပါ။

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့နွေရာသီ ဈေးကွက်တွေကတည်းက သတင်းတွေထွက်ပေါ်နေခဲ့ပေမဲ့ ပီအက်စ်ဂျီအသင်းရဲ့ လက်မလွှတ်လိုမှုတွေကြောင့် အပြောင်းအရွှေ့တွေ ဖြစ်မလာခဲ့တာလို့ ဆိုရမလို ဖြစ်နေတာပါ။ ဒီတကြိမ်မှာလည်း ပီအက်စ်ဂျီတို့ဟာ အမ်ဘာပေ အလိုကျ အသင်းကို တည်ဆောက်ဖို့ အထိပါ ပြင်ဆင်လာပြီး အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားဖို့ စီစဉ်လာခဲ့တာ ကြောင့် ဘာတွေ ဆက်ဖြစ်လားမလဲဆိုတာကတော့ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပြီလို့ ဆိုရတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI: ပီအက်စ်ဂျီ ဟာ အသင်းရဲ့ လူငယ်တိုက်စစ် ကစားသမားလေး အမ်ဘာပေတစ်ယောက် အသင်းမှာ ဆက်ရှိနေစေဖို့အတွက် အစီအစဉ်သစ်တွေ ထပ်မံပြီး ချမှတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြင်သစ်မြေက လာတဲ့ သတင်းတွေ အရ သိရပါတယ်။ အမ်ဘာပေရဲ့ အနာဂတ်ဟာ လာမယ့်ရာသီ ပီအက်စ်ဂျီမှာ ဆက်ရှိ မရှိ မသေချာသေးတဲ့ အခြေအနေမျိုးတွေမှာ ရှိနေတာဖြစ်ပါတယ်။ ရီးရဲလ်နဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေပြီး၊ ပီအက်စ်ဂျီကတော့ အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။