စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ သူတို့အသင်းဟာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့ပြီလို့ အရိပ်အမြွက် ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က သူ့ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာ ပီအက်စ်ဂျီက သူတို့ရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို အလွတ်နဲ့ လက်မလွှတ်ရစေဖို့နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေသလို ရီးရဲလ်မက်ဒရစ်ကလည်း အမ်ဘာပေကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ တတ်စွမ်းသလောက် ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက အမ်ဘာပေဟာ သူတို့အသင်းရဲ့ ကစားသမား ဖြစ်နေဆဲပါလို့ ထုတ်ဖော် ပြောကြားခဲ့တာကြောင့် အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီမှာပဲ ဆက်နေတော့မှာလား ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီက ပိုချက်တီနိုရဲ့ ပြောကြားမှုအပေါ်

“တခါတလေ နည်းပြတွေကလည်း လိမ်တတ်တယ်” ဆိုတဲ့ တုံံ့ပြန်ချက်နဲ့အတူ သူတို့အသင်းက အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့ပြီ ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ စကားမျိုးကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အန်ဆလော့တီက – “ပိုချက်တီနိုက အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ ဆက်နေမယ်လို့ ပြောခဲ့တာလား? ကောင်းပါပြီ။ ဒါဆိုရင် ကျွန်တော်က ခင်ဗျားတို့ကို တခု ပြောပြမယ်။ တခါတလေ နည်းပြတွေက အမှန်တရားတွေကို မပြောကြဘူးဗျ” လို့ တုံ့ပြန်စကား ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးကရော အမ်ဘာပေက ပီအက်စ်ဂျီမှာ ဆက်နေမလား ၊ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားမယ်လို့ ထင်ကြလားဗျ။

တစ်ဖက်မှာလည်း အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အေဗရာဟမ်က သူဟာ ကမ္ဘာ့အဆင့် ကစားသမား တဦး အဖြစ် အောင်မြင်မှုတွေ ရယူချင်တာကြောင့် ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးကနေ ရိုးမားဆီ ပြောင်းရွှေ့ခဲ့တာပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တင်မီ အေဗရာဟမ်ဟာ ချယ်လ်ဆီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ကာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးကနေ ရိုးမားထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပဲ ဖြစ်ပါတယ်။

အေဗရာဟမ်ဟာ ချယ်လ်ဆီးမှာ ကစားစဉ်ကတည်းက သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကောင်းတွေကို ပြသနိုင်ခဲ့ပေမယ့် ချယ်လ်ဆီး ပရိသတ်တွေက သူ့ကို မကြာခဏ ဝေဖန်လေ့ရှိတာကြောင့် သူ့အတွက် လွတ်လွတ်လပ်လပ် ကစားခွင့် ရမယ့် ရိုးမားဆီ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ လက်ရှိမှာ အေဗရာဟမ်ဟာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင်တဲ့ အထိ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ရိုးမားအတွက် ပြိုင်ပွဲစုံ ၄၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အေဗရာဟမ်က သူဟာ ဒီဘရိုင်း ၊ လူကာကူ ၊ ဆာလာတို့လို ချယ်လ်ဆီးကနေ ထွက်ခွာပြီးနောက် အောင်မြင်နေတဲ့ ကစားသမားတွေကို ကြည့်ကာ အားကျတာကြောင့် ချယ်လ်ဆီးကနေ ထွက်ခွာခဲ့တာပါလို့ ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။ အေဗရာဟမ်က – “ကျွန်တော်က ဒီဘရိုင်း ၊ ဆာလာနဲ့ လူကာကူတို့လို ကစားသမားတွေက ချယ်လ်ဆီးကို စွန့်ခွာပြီးနောက် သူတို့ရဲ့ အတောင်ပံတွေကို ဖြန့်ပြီး အောင်မြင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အခုဆိုရင် သူတို့က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်နေကြပြီလေ။ ဒါကြောင့် သူတို့လိုမျိုး ဖြစ်ချင်လို့ ချယ်လ်ဆီးကို စွန့်ခွာခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။

ZAWGYI: စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ သူတို့အသင်းဟာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့ပြီလို့ အရိပ်အမြွက် ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က သူ့ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။