ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့အတွက် လွဲချော်ခဲ့ပြီးနောက်မှာတော့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးနဲ့ အဲဗာတန်အသင်းရဲ့တိုက်စစ်ကစားသမား ရစ်ချာလီဆန်တို့ကို ခေါ်ယူဖို့အတွက် ပြောင်းလဲပစ်မှတ်ထားလိုက်ကြောင်း သိရပါတယ်။ စပိန်လာလီဂါလက်ရှိချန်ပီယံတွေအနေနဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ၂ နှစ်ကျော် ကြိုးပမ်းခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်မယ့် လာမယ့်နွေမှာ အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ ယုံကြည်ချက်ရှိခဲ့တာပါ။

ဒါပေမယ့်လည်း မနေ့ကတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားခဲ့ပြီး အသက် ၂၃ နှစ်အရွယ်တိုက်စစ်ကစားသမားအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့ ၃ နှစ်စာချုပ်,ချုပ်ဆိုဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းကို ငြင်းပါယ်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေအနေနဲ့ ဒီနေ့နံနက်အစောပိုင်းတုန်းက မက်ဇ်အသင်းနဲ့ လီဂန်းရာသီပိတ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် သူ့စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာအတွက် အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံအသင်းသားတစ်ဦးကို မရခဲ့တဲ့နောက်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အပြောင်းအရွှေ့အစီအစဉ်တွေက ပြန်လည်စဉ်းစားစရာဖြစ်လာခဲ့ပြီး အချို့ဖော်ပြချက်တွေအရတော့ စပိန်ဘီလူးကြီးအနေနဲ့ မိုနာကိုအသင်းရဲ့ ကြယ်ပွင့်ကစားသမား အော်ဟီလီယန် ချွာမန်နီကို အသင်းရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ တိုက်စစ်ကစားသမားတစ်ဦးကိုလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ရစ်ချာလီဆန်ကလည်း အဆိုပါကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်ကြောင်း The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဂွတ်ဒီဆင်ပါ့ခ်မှာ လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းမန်နေဂျာ ကာလို အန်ချလော့တီနဲ့ အတူလက်တွဲခဲ့ဖူးတဲ့ ရစ်ချာလီဆန်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ်ဖြစ်လာမယ့် အဲရစ် တန်ဟာ့ဂ်ရဲ့ တိုက်စစ်အင်အားဖြည့်တင်းမှုအတွက် မျက်စိကျခံနေရတာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ယခင်ကလည်း ဆာလားရော မာနေးကိုပါ ခေါ်ယူဖို့အတွက် ချိတ်ဆက်နေခဲ့တာဖြစ်ပြီး အဆိုပါကစားသမား ၂ ယောက်စလုံးအနေနဲ့ အသင်းနဲ့စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ချဉ်းကပ်လာပြီဖြစ်သလို အသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးဆဲအနေအထားပဲ ရှိပါသေးတယ်။ အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့စာချုပ်သစ်မှာ တကယ့်ကို များပြားလှပါတယ်ဆိုတဲ့ ပမာဏတွေအပြင် အခွင့်အာဏာအချို့ကိုပါ ပိုင်ဆိုင်ရမှာဖြစ်ပြီး စာချုပ်သစ်မှာ လက်မှတ်ထိုးကြေး ယူရိုသန်း ၁၀၀ အထိ ရရှိမှာဖြစ်သလို တစ်ပတ်လုပ်ခ ယူရို ၁ သန်းနီးပါးအထိ ရရှိချိန်မှာ တစ်ကမ္ဘာလုံးရဲ့လုပ်ခအများဆုံး ဘောလုံးသမားဖြစ်လာတော့မှာပါ။

ဒါ့အပြင် အမ်ဘာပေအနေနဲ့ အသင်းရဲ့အပြောင်းအရွှေ့တွေကို ကိုယ်တိုင်စီမံခွင့်တွေအပြင် နည်းပြကိုပါ စိတ်တိုင်းကျလဲလှယ်ခွင့်ရမှာဖြစ်ပြီး ပြင်သစ်သားကတော့ FIFA ဂိမ်းရဲ့ Career Mode ကို Real Life မှာ ဆော့နေသလိုတောင် ဖြစ်နေတာပါပဲ။ လီဗာပူးလ်အသင်းရဲ့ ဆာလားနဲ့ မာနေးတို့ကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရဦးမှာဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် နောက်တစ်ပတ် စနေညမှာ ပါရီမြို့တွင်း ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။

ZAWGYI: ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့အတွက် လွဲချော်ခဲ့ပြီးနောက်မှာတော့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးနဲ့ အဲဗာတန်အသင်းရဲ့တိုက်စစ်ကစားသမား ရစ်ချာလီဆန်တို့ကို ခေါ်ယူဖို့အတွက် ပြောင်းလဲပစ်မှတ်ထားလိုက်ကြောင်း သိရပါတယ်။ စပိန်လာလီဂါလက်ရှိချန်ပီယံတွေအနေနဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ၂ နှစ်ကျော် ကြိုးပမ်းခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်မယ့် လာမယ့်နွေမှာ အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ ယုံကြည်ချက်ရှိခဲ့တာပါ။