မိုဆာလာဟာ ၂၀၂၅ အထိရှိမယ့်သက်တမ်းတိုး ကာလရှည်စာချုပ်တခုကို သောကြာနေ့မှာ လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် လီဗာပူးဘောလုံးကလပ်မှာ သူ့ရဲ့အနာဂါတ်ကိုမြှုပ်နှံလိုက်ပြီးနောက် အန်ဖီးလ်ဖလားဗီဒိုထဲကို နောက်ထပ်ဆုဖလားတွေ ထပ်မံထည့်သွင်းနိုင်ဖို့အပေါ်မှာ သူ့ရဲ့အာရုံကိုထားလိုက်ပြီဖြစ်ပါတယ်။ ၂၀၁၇ မှာစတင်ခဲ့တဲ့ လီဗာပူးကဘဝကို ထပ်မံသက်တမ်းတိုးဖို့ ရှေ့တန်းကစားသမားက လက်မှတ်ထိုးခဲ့ပါတယ်။ လက်ရှိအချိန်ထိ လီဗာပူးကစားသမားဘဝအတွင်း မေဂျာဖလားပေါင်း ၆ ခုနဲ့ ပွဲပေါင်း ၂၅၄ ပွဲကစားပြီး ဂိုးပေါင်း ၁၅၆ ဂိုးသွင်းကာ ရွှေဖိနပ်ဆုပေါင်း ၃ ကြိမ်ရခဲ့ပါတယ်။

“ဒီကိုကျနော်လာခဲ့တဲ့အချိန်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်၊ ကလပ်က ဆုဖလားတွေ များများစားစားအနိုင်ရနေခဲ့တာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဆုဖလားတွေအနိုင်ရဖို့ ကျနော်ဒီကိုလာခဲ့တာလို့ ခင်ဗျားကိုကျနော်ပြောခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီအချိန်ကနေစပြီး ဆုဖလားကောင်းတွေကို ကျနော်တို့အတူတူအနိုင်ရခဲ့ကြတယ်ထင်ပါတယ်။ ပြီးတော့ ဒါကို ကျနော်တို့ နောက်တခါထပ်လုပ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ကလပ်ကဒီနေရာမှာ ကျနော့်ရဲ့ဘောလုံးကို ပျော်ရွှင်ကျေနပ်ခဲ့ရပါတယ်၊ ရှေ့ဆက်ပျော်ရွှင်ကျေနပ်ပြီး ဖလားတွေအများကြီးအောင်မြင်နိုင်ဖို့ မျှော်လင့်ပါတယ်။”

လို့ လက်မှတ်ထိုးပြီးတဲ့နောက် ဆာလာကပြောခဲ့ပါတယ်။ ဆာလာရဲ့ အသိအမှတ်ပြုဖွယ်ဂိုးသွင်းစံချိန်ကြောင့် လီဗာပူးမှာရှိခဲ့တဲ့ ၅ ရာသီအတွင်းမှာတင် ကလပ်ရဲ့ ထာဝရထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ အဆင့် ၉ အထိရောက်ခဲ့ပါတယ်။ အဆင့် ၈ နေရာက မိုက်ကယ်အိုဝင်နောက် ၂ ဂိုးတည်းကွာပြီး ဂန္ထဝင်ကန်နီဒဲဂလစ်ရှ်နောက် ၁၆ ဂိုးတည်းကွာပါတော့တယ်။ “ကလပ်အတွက် ၉ ယောက်မြောက် ထိပ်တန်းဂိုးသွင်းသူအဖြစ် ကိုယ့်ကိုယ်ကိုယ်မြင်ရတာ ကြီးကျယ်ပါတယ်၊ အထူးသဖြင့် ဒါကို အချိန်တိုအတွင်း ခင်ဗျားလုပ်ခဲ့တဲ့အချိန်မှာပါ။”

“ဒါက ကြီးကျယ်တဲ့တစုံတရာဖြစ်ပြီး၊ ယခင်တုန်းက ကျနော်အကြိမ်ပေါင်းများစွာပြောပြီးခဲ့သလိုပဲ၊ အရေးအကြီးဆုံးအရာက ဖလားတွေအနိုင်ရဖို့ပါ၊ ဒါပေမဲ့ ခင်ဗျားကဂိုးတွေသွင်းပြီး ပွဲတွေအနိုင်ရအောင် အသင်းကိုကူညီတဲ့အခါ ဒါကလည်း ဖလားတွေကိုယူပေးတာပဲလို့ ကျနော်ထင်ပါတယ်။ ဒါကတော့ ကျနော်ဂုဏ်ယူတဲ့တစုံတရာပါပဲ။” လို့ သူကပြောပါတယ်။ ဆာလာက ကာလရှည်စာချုပ်သစ်တခုလက်မှတ်ထိုးတာကို သိရှိပြီးနောက် မိုဆာလာရဲ့အကောင်းဆုံးနှစ်များ လာဖို့ရှိနေဆဲလို့ လီဗာပူးယာဂင်ကလော့က တုံ့ပြန်ခဲ့ပါတယ်။

“သူတို့ရဲ့ပိတ်ရက်ကာလကို ကျနော်တို့ပရိသတ်တွေ ပိုလို့တောင်ပျော်ရွှင်ကြရဖို့အတွက် ဒီသတင်းက စပါယ်ရှယ်လက်ဆောင်တခုပါပဲ။ ဒီနေ့ညမှာ ဒီသတင်းအတွက် အောင်ပွဲခံမှုအချို့ရှိလိမ့်မယ်ဆိုတာ သေချာပါတယ်။ တကယ့်ကိုကျေနပ်ပါတယ်၊ တကယ့်တကယ်ကိုကျေနပ်ပါတယ်။ ဒါက ကျနော်တို့အတွက် အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်သလို သူ့အတွက်လည်း အကောင်းဆုံးဆုံးဖြတ်ချက်ပါ။ သူက ကျနော်တို့နဲ့သက်ဆိုင်တယ်လို့ ထင်ပါတယ်။ ဒါက အခုဆို သူ့ကလပ်ပါပဲ။”

“မှန်ပါတယ်၊ ဒါက အချိန်နည်းနည်းယူခဲ့ရတယ်၊ ဒါပေမဲ့ ဒါကလုံးဝအိုကေပြီး ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးအရာတွေက စောင့်ရတာတန်ပါတယ်။ မိုဟာ ကမ္ဘာမှာ အကောင်းဆုံးကစားသမားတွေထဲတဦးပါ။ ခင်ဗျားက သူ့လယ်ဗယ်မှာရှိနေတဲ့အခါ စီစဉ်ဖြေရှင်းဖို့ ကိစ္စတွေရှိနေတတ်တာ ပုံမှန်ပါပဲ။ ဒီအဆုံးသတ်ကိုရောက်ဖို့ ကျနော်တို့ကိုလမ်းပြပေးခဲ့တဲ့ ယူလီယန်ဝါ့ဒ်နဲ့ မိုက်ခ်ဂေါ်ဒွန်တို့အပေါ် ကြီးမားတဲ့အသိအမှတ်ပြုမှုပါပဲ။ မိုရဲ့အကောင်းဆုံးနှစ်တွေ လာဖို့ရှိနေဆဲဆိုတာ သံသယမရှိပါဘူး။ ဒါက တစုံတရာကိုပြောပြနေပါတယ်၊ ဘာလို့လဲဆိုတော့ ဒီကပထမ ၅ ရာသီဟာ လက်ဂျန့်အကြောင်းတရားတခုဖြစ်ခဲ့လို့ပါပဲ။”

“ကြံ့ခိုင်မှုအပိုင်းအရဆို သူကစက်ယန္တရားတခုပါပဲ၊ မယုံနိုင်စရာအကောင်းဆုံးပုံစံမှာရှိပါတယ်။ ဒီ့အပေါ်မှာ သူကတအားကြိုးစားပြီး ကြိုးစားမှုအတွက် တုံ့ပြန်ဆုလာဘ်ကို သူရပါတယ်။ သူ့ရဲ့စွမ်းရည်နဲ့စကေးက တရာသီစီတိုင်းမှာ ပိုမိုမြင့်မားလာပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ချခြင်းစွမ်းရည်ကလည်း နောက်ထပ်လယ်ဗယ်တခုကိုရောက်ခဲ့ပါပြီ။ သူဟာ သူ့အသင်းဖော်များရဲ့ချစ်မြတ်နိုးခြင်းကိုခံရပါတယ်။ နည်းပြများအနေနဲ့ ထူးခြားတဲ့တစုံတဦးနဲ့ ကျနော်တို့အလုပ်လုပ်နေတယ်ဆိုတာကို သိကြပါတယ်။ ပြီးတော့ ပရိသတ်တွေက သူ့ကို ဘုရင်တပါးအဖြစ် သရဖူပေးထားတာပါ။ ဒီတော့ အရမ်းမိုက်တယ်ပေါ့။”

“ဒါက ကြီးကျယ်တဲ့သတင်းသက်သက်ပါပဲ။ ဒါနဲ့ပတ်သတ်ပြီးတွေးရတာ ကျနော့်ကိုပြုံးမိစေပါတယ်။ သူက ကျနော်တို့နဲ့ ပိုကြာကြာနေမှာဖြစ်ပြီး ဒါဟာ ကျနော်တို့အတူတကွ ပိုအောင်မြင်နိုင်တယ်ဆိုတဲ့ အဓိပ်ပါယျဖွဈပါတယျ။” လို့ ကလော့ကပြောခဲ့ပါတယ်။ ဆာလာရဲ့စာချုပ်သစ်လက်မှတ်ထိုးခြင်းနောက်ကွယ်မှာ ယာဂင်ကလော့က အဓိကသော့ချက်ဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးအနာဂါတ်အတွက် သူ့အစီအစဉ်တွေကိုရှင်းပြဖို့ ဆာလာနဲ့ တိုက်ရိုက်စကားပြောဆိုခြင်းများစွာကို ကလော့ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ကလပ်ကထုတ်ပြန်ခြင်းမရှိပေမဲ့ အခြားသတင်းများအရ မိုဆာလာဟာ တပတ်ပေါင်သုံးသိန်းခွဲရမှာဖြစ်ပြီး လီဗာပူးလူစာရင်းရဲ့ လစာအများဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

ZAWGYI: မိုဆာလာဟာ ၂၀၂၅ အထိရှိမယ့်သက်တမ်းတိုး ကာလရှည်စာချုပ်တခုကို သောကြာနေ့မှာ လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် လီဗာပူးဘောလုံးကလပ်မှာ သူ့ရဲ့အနာဂါတ်ကိုမြှုပ်နှံလိုက်ပြီးနောက် အန်ဖီးလ်ဖလားဗီဒိုထဲကို နောက်ထပ်ဆုဖလားတွေ ထပ်မံထည့်သွင်းနိုင်ဖို့အပေါ်မှာ သူ့ရဲ့အာရုံကိုထားလိုက်ပြီဖြစ်ပါတယ်။ ၂၀၁၇ မှာစတင်ခဲ့တဲ့ လီဗာပူးကဘဝကို ထပ်မံသက်တမ်းတိုးဖို့ ရှေ့တန်းကစားသမားက လက်မှတ်ထိုးခဲ့ပါတယ်။ လက်ရှိအချိန်ထိ လီဗာပူးကစားသမားဘဝအတွင်း မေဂျာဖလားပေါင်း ၆ ခုနဲ့ ပွဲပေါင်း ၂၅၄ ပွဲကစားပြီး ဂိုးပေါင်း ၁၅၆ ဂိုးသွင်းကာ ရွှေဖိနပ်ဆုပေါင်း ၃ ကြိမ်ရခဲ့ပါတယ်။

ဒီကိုကျနော်လာခဲ့တဲ့အချိန်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်၊ ကလပ်က ဆုဖလားတွေ များများစားစားအနိုင်ရနေခဲ့တာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဆုဖလားတွေအနိုင်ရဖို့ ကျနော်ဒီကိုလာခဲ့တာလို့ ခင်ဗျားကိုကျနော်ပြောခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီအချိန်ကနေစပြီး ဆုဖလားကောင်းတွေကို ကျနော်တို့အတူတူအနိုင်ရခဲ့ကြတယ်ထင်ပါတယ်။ ပြီးတော့ ဒါကို ကျနော်တို့ နောက်တခါထပ်လုပ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ကလပ်ကဒီနေရာမှာ ကျနော့်ရဲ့ဘောလုံးကို ပျော်ရွှင်ကျေနပ်ခဲ့ရပါတယ်၊ ရှေ့ဆက်ပျော်ရွှင်ကျေနပ်ပြီး ဖလားတွေအများကြီးအောင်မြင်နိုင်ဖို့ မျှော်လင့်ပါတယ်။

လို့ လက်မှတ်ထိုးပြီးတဲ့နောက် ဆာလာကပြောခဲ့ပါတယ်။ ဆာလာရဲ့ အသိအမှတ်ပြုဖွယ်ဂိုးသွင်းစံချိန်ကြောင့် လီဗာပူးမှာရှိခဲ့တဲ့ ၅ ရာသီအတွင်းမှာတင် ကလပ်ရဲ့ ထာဝရထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ အဆင့် ၉ အထိရောက်ခဲ့ပါတယ်။ အဆင့် ၈ နေရာက မိုက်ကယ်အိုဝင်နောက် ၂ ဂိုးတည်းကွာပြီး ဂန္ထဝင်ကန်နီဒဲဂလစ်ရှ်နောက် ၁၆ ဂိုးတည်းကွာပါတော့တယ်။ ကလပ်အတွက် ၉ ယောက်မြောက် ထိပ်တန်းဂိုးသွင်းသူအဖြစ် ကိုယ့်ကိုယ်ကိုယ်မြင်ရတာ ကြီးကျယ်ပါတယ်၊ အထူးသဖြင့် ဒါကို အချိန်တိုအတွင်း ခင်ဗျားလုပ်ခဲ့တဲ့အချိန်မှာပါ။

ဒါက ကြီးကျယ်တဲ့တစုံတရာဖြစ်ပြီး၊ ယခင်တုန်းက ကျနော်အကြိမ်ပေါင်းများစွာပြောပြီးခဲ့သလိုပဲ၊ အရေးအကြီးဆုံးအရာက ဖလားတွေအနိုင်ရဖို့ပါ၊ ဒါပေမဲ့ ခင်ဗျားကဂိုးတွေသွင်းပြီး ပွဲတွေအနိုင်ရအောင် အသင်းကိုကူညီတဲ့အခါ ဒါကလည်း ဖလားတွေကိုယူပေးတာပဲလို့ ကျနော်ထင်ပါတယ်။ ဒါကတော့ ကျနော်ဂုဏ်ယူတဲ့တစုံတရာပါပဲ။ လို့ သူကပြောပါတယ်။ ဆာလာက ကာလရှည်စာချုပ်သစ်တခုလက်မှတ်ထိုးတာကို သိရှိပြီးနောက် မိုဆာလာရဲ့အကောင်းဆုံးနှစ်များ လာဖို့ရှိနေဆဲလို့ လီဗာပူးယာဂင်ကလော့က တုံ့ပြန်ခဲ့ပါတယ်။

သူတို့ရဲ့ပိတ်ရက်ကာလကို ကျနော်တို့ပရိသတ်တွေ ပိုလို့တောင်ပျော်ရွှင်ကြရဖို့အတွက် ဒီသတင်းက စပါယ်ရှယ်လက်ဆောင်တခုပါပဲ။ ဒီနေ့ညမှာ ဒီသတင်းအတွက် အောင်ပွဲခံမှုအချို့ရှိလိမ့်မယ်ဆိုတာ သေချာပါတယ်။ တကယ့်ကိုကျေနပ်ပါတယ်၊ တကယ့်တကယ်ကိုကျေနပ်ပါတယ်။ ဒါက ကျနော်တို့အတွက် အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်သလို သူ့အတွက်လည်း အကောင်းဆုံးဆုံးဖြတ်ချက်ပါ။ သူက ကျနော်တို့နဲ့သက်ဆိုင်တယ်လို့ ထင်ပါတယ်။ ဒါက အခုဆို သူ့ကလပ်ပါပဲ။

မှန်ပါတယ်၊ ဒါက အချိန်နည်းနည်းယူခဲ့ရတယ်၊ ဒါပေမဲ့ ဒါကလုံးဝအိုကေပြီး ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးအရာတွေက စောင့်ရတာတန်ပါတယ်။ မိုဟာ ကမ္ဘာမှာ အကောင်းဆုံးကစားသမားတွေထဲတဦးပါ။ ခင်ဗျားက သူ့လယ်ဗယ်မှာရှိနေတဲ့အခါ စီစဉ်ဖြေရှင်းဖို့ ကိစ္စတွေရှိနေတတ်တာ ပုံမှန်ပါပဲ။ ဒီအဆုံးသတ်ကိုရောက်ဖို့ ကျနော်တို့ကိုလမ်းပြပေးခဲ့တဲ့ ယူလီယန်ဝါ့ဒ်နဲ့ မိုက်ခ်ဂေါ်ဒွန်တို့အပေါ် ကြီးမားတဲ့အသိအမှတ်ပြုမှုပါပဲ။ မိုရဲ့အကောင်းဆုံးနှစ်တွေ လာဖို့ရှိနေဆဲဆိုတာ သံသယမရှိပါဘူး။ ဒါက တစုံတရာကိုပြောပြနေပါတယ်၊ ဘာလို့လဲဆိုတော့ ဒီကပထမ ၅ ရာသီဟာ လက်ဂျန့်အကြောင်းတရားတခုဖြစ်ခဲ့လို့ပါပဲ။

ကြံ့ခိုင်မှုအပိုင်းအရဆို သူကစက်ယန္တရားတခုပါပဲ၊ မယုံနိုင်စရာအကောင်းဆုံးပုံစံမှာရှိပါတယ်။ ဒီ့အပေါ်မှာ သူကတအားကြိုးစားပြီး ကြိုးစားမှုအတွက် တုံ့ပြန်ဆုလာဘ်ကို သူရပါတယ်။ သူ့ရဲ့စွမ်းရည်နဲ့စကေးက တရာသီစီတိုင်းမှာ ပိုမိုမြင့်မားလာပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ချခြင်းစွမ်းရည်ကလည်း နောက်ထပ်လယ်ဗယ်တခုကိုရောက်ခဲ့ပါပြီ။ သူဟာ သူ့အသင်းဖော်များရဲ့ချစ်မြတ်နိုးခြင်းကိုခံရပါတယ်။ နည်းပြများအနေနဲ့ ထူးခြားတဲ့တစုံတဦးနဲ့ ကျနော်တို့အလုပ်လုပ်နေတယ်ဆိုတာကို သိကြပါတယ်။ ပြီးတော့ ပရိသတ်တွေက သူ့ကို ဘုရင်တပါးအဖြစ် သရဖူပေးထားတာပါ။ ဒီတော့ အရမ်းမိုက်တယ်ပေါ့။

ဒါက ကြီးကျယ်တဲ့သတင်းသက်သက်ပါပဲ။ ဒါနဲ့ပတ်သတ်ပြီးတွေးရတာ ကျနော့်ကိုပြုံးမိစေပါတယ်။ သူက ကျနော်တို့နဲ့ ပိုကြာကြာနေမှာဖြစ်ပြီး ဒါဟာ ကျနော်တို့အတူတကွ ပိုအောင်မြင်နိုင်တယ်ဆိုတဲ့ အဓိပ်ပါယျဖွဈပါတယျ။ လို့ ကလော့ကပြောခဲ့ပါတယ်။ ဆာလာရဲ့စာချုပ်သစ်လက်မှတ်ထိုးခြင်းနောက်ကွယ်မှာ ယာဂင်ကလော့က အဓိကသော့ချက်ဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးအနာဂါတ်အတွက် သူ့အစီအစဉ်တွေကိုရှင်းပြဖို့ ဆာလာနဲ့ တိုက်ရိုက်စကားပြောဆိုခြင်းများစွာကို ကလော့ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ကလပ်ကထုတ်ပြန်ခြင်းမရှိပေမဲ့ အခြားသတင်းများအရ မိုဆာလာဟာ တပတ်ပေါင်သုံးသိန်းခွဲရမှာဖြစ်ပြီး လီဗာပူးလူစာရင်းရဲ့ လစာအများဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။