အသလက်တီကို မက်ဒရစ် အသင်းနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးမှာတော့ ခရစ္စတီယာနို ရော်နယ်ဒို တယောက် တုန့်ပြန် လာခဲ့ပါပြီ။ လာမယ့် ရာသီသစ် အတွက် ရော်နယ်ဒိုရဲ့ အသင်းသစ်နဲ့ ပတ်သက်ပြီး သတင်မျိုးစုံ ထွက်ပေါ် နေတာနဲ့ ပတ်သက်ပြီး ကစားသမား ဖက်က တစုံတရာ ဖြေရှင်းတာမျိုး မရှိသေးပေမယ့် မဟာပြိုင်ဖက် အေတီကို အသင်းနဲ့ သတင်းထွက်ပေါ် လာပြီးမှာတော့ ရော်နယ်ဒို တယောက် ရေငုံ နှုတ်ပိတ်ထားရာကနေ တုန့်ပြန် ပြောဆိုလာခဲ့ တာပါ။

ကောလဟာလတွေ များစွာ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက ” တနေ့ တနေ့ ငါ့အကြောင်းမပါရင် သတင်း မရေးတတ်တော့ဖူးလား။ ငါ့အကြောင်း မဟုတ်ရင်ပဲ သတင်းတွေက ပိုက်ဆံ မရတော့ဖူးလား။ အလိမ်အညာ ကောလ ဟာလ သတင်းတွေ ဖန်တီးပြီး လူစိတ်ဝင်စားအောင် လုပ်တာကလွဲရင် ပိုက်ဆံ ရအောင် မရှာနိုင်ဖူးဆိုတာ မင်းတို့ ကိုယ့်ဘာသာ သိပါတယ်၊ တနေ့နေ့မှာတော့ မှန်ကန်တဲ့ သတင်းတွေ ရနိုင်၊ ရေးနိုင်ပါစေလို့ ဆန္ဒပြတယ်။ ” ဆိုပြီး ရော်နယ်ဒိုက သတင်းသမားတွေကို ဒဲ့ဖြုတ်သွား ခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို တယောက် မန်ယူအသင်း ရာသီကြို ခြေစမ်းပွဲတွေ ပူးပေါင်းခဲ့ခြင်း မရှိရာကနေ အသင်းက ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ မျိုးစုံ ထွက်ပေါ် နေခဲ့တာ ဖြစ်ပါတယ်။ မကြာမှီ ရက်ပိုင်း အတွင်းက အသင်းနဲ့ အတူ လာရောက် ပူးပေါင်းပြီး နောက်မှာလည်း အသင်းက ထွက်ခွာဖို့ တာဝန်ရှိသူတွေဆီ တောင်းဆိုခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ် အရွယ်ရှိ ရော်နယ်ဒို အနေနဲ့ ချန်ပီယံလိဂ် ကစားခွင့် ရဖို့ မန်ယူအသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်း နေတာ ဖြစ်တယ်လို့ သိရပြီး ဘိုင်ယန်၊ ချဲဆီး၊ အေတီကို အသင်းတွေနဲ့ သတင်း ထွက်ပေါ် နေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို အနေနဲ့ ချန်ပီယံလိဂ် ကစားခွင့် ရဖို့ ဖလား မရနိုင်တဲ့ စပို့စ်တင်း လစ္စဘွန်းလို အသင်းမျိုးနဲ့တောင် ပူးပေါင်းဖို့ အစီစဉ် စွဲနေတယ် ဆိုတဲ့ သတင်းတွေ မြင်တွေ့ နေရပါတယ်။ အထူးသဖြင့် မစ္စတာ ချန်ပီယံလိဂ်လို့ နာမည်ပြောင်ရတဲ့ ချန်ပီယံလိဂ်ရဲ့ သွင်းဂိုး အများဆုံး ကစားသမား တယောက် အနေနဲ့ ကစားသမားဘဝ နဝေငျခြျိနျရောကျမှ ယူရိုပါလိဂ် ဆင်းကစားရမှာကို မချိတင်ကဲ ဖြစ်နေဟန် တူပါတယ်။ ဒါပေမယ့် တနေ့ တမျိုး မရိုးရအောင် သတင်းတွေ မျိုးစုံ ထွက်ပေါ်လာခဲ့ပြီး နောက်မှာတော့ ကောလဟာလ ဖန်တီးသူတွေကို သူ့အကြောင်း မရေးရင် သတင်း မလုပ်တတ်တော့ဖူးလားလို့ ရော်နယ်ဒိုက ထေ့ငေါ့သွားခဲ့တာပါ။

လက်ရှိ အချိန်မှာတော့ ရော်နယ်ဒို အနေနဲ့ မန်ယူအသင်း လေ့ကျင့်ရေး အစီစဉ်တွေကို စတင် ပူးပေါင်းနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီကြို ပွဲစဉ်တွေ ကစားထားခြင်း မရှိသေးတာကြောင့် ကြံခိုင်မှု အသားကျဖို့ ယခု တပတ် ကစားရမယ့် အေတီကို မက်ဒရစ် အသင်းနဲ့ ခြေစမ်းပွဲကို ရော်နယ်ဒို တယောက် ပါဝင်လာဖို့ ရှိမနေပါဖူး။ ရာသိသစ် ပြန်လည် မစတင်ခင် မန်ယူမသင်းရဲ့ နောက်ဆုံး ခြေစမ်းပွဲ ဖြစ်တဲ့ ရေယိုဗက်လက်ကာနိုနဲ့ ပွဲမှာတော့ အချိန် အနည်းငယ်လောက် ရော်နယ်ဒိုကို ပွဲထုတ်ဖို့ နည်းပြ အဲရစ် တန်ဟဂ်က စီစဉ်ထားတယ်လို့ သိရပါတယ်။

ZAWGYI: အသလက်တီကို မက်ဒရစ် အသင်းနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးမှာတော့ ခရစ္စတီယာနို ရော်နယ်ဒို တယောက် တုန့်ပြန် လာခဲ့ပါပြီ။ လာမယ့် ရာသီသစ် အတွက် ရော်နယ်ဒိုရဲ့ အသင်းသစ်နဲ့ ပတ်သက်ပြီး သတင်မျိုးစုံ ထွက်ပေါ် နေတာနဲ့ ပတ်သက်ပြီး ကစားသမား ဖက်က တစုံတရာ ဖြေရှင်းတာမျိုး မရှိသေးပေမယ့် မဟာပြိုင်ဖက် အေတီကို အသင်းနဲ့ သတင်းထွက်ပေါ် လာပြီးမှာတော့ ရော်နယ်ဒို တယောက် ရေငုံ နှုတ်ပိတ်ထားရာကနေ တုန့်ပြန် ပြောဆိုလာခဲ့ တာပါ။

ကောလဟာလတွေ များစွာ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက တနေ့ တနေ့ ငါ့အကြောင်းမပါရင် သတင်း မရေးတတ်တော့ဖူးလား။ ငါ့အကြောင်း မဟုတ်ရင်ပဲ သတင်းတွေက ပိုက်ဆံ မရတော့ဖူးလား။ အလိမ်အညာ ကောလ ဟာလ သတင်းတွေ ဖန်တီးပြီး လူစိတ်ဝင်စားအောင် လုပ်တာကလွဲရင် ပိုက်ဆံ ရအောင် မရှာနိုင်ဖူးဆိုတာ မင်းတို့ ကိုယ့်ဘာသာ သိပါတယ်၊ တနေ့နေ့မှာတော့ မှန်ကန်တဲ့ သတင်းတွေ ရနိုင်၊ ရေးနိုင်ပါစေလို့ ဆန္ဒပြတယ်။ ဆိုပြီး ရော်နယ်ဒိုက သတင်းသမားတွေကို ဒဲ့ဖြုတ်သွား ခဲ့ပါတယ်။