အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ ဒီနွေရာသီမှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်လို့ ဂျူဗင်တပ်စ်ကနေ ထွက်ခွာတော့မှာပဲ ဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ကို စိတ်ဝင်စားတဲ့ အသင်းများစွာရှိနေပြီး အဲ့ဒီထဲမှာ ပရီးမီးယားလိဂ်ကလပ်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဒိုင်ဘားလားရဲ့အေးဂျင့် ဂျော့အန်တွန်ကလည်း အခုဆိုရင် အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ကမ်းလှမ်းမှုတွေကို နားထောင်ဖို့အတွက် လန်ဒန်ကိုပါရောက်ရှိနေပြီဖြစ်ကြောင်း Calcipmercato သတင်းက ဖော်ပြသွားပါတယ်။

အဆိုပါအသင်း နှစ်သင်းစလုံးဟာ လာမယ့်အပြောင်းအရွှေ့ဈေးကွက် ဖွင့်တာနဲ့တစ်ပြိုင်တည်း ဒိုင်ဘားလားကို အလွတ်နဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေကြတာလည်း ဖြစ်ပါတယ်။ အန်တွန်ဟာ ဒိုင်ဘာလာနဲ့ ပရီးမီးယားလိဂ်ကလပ်တွေကြားမှာ စေ့စပ်ညှိနှိုင်းပေးမယ့် ဖရန့်ထရင်ဘိုလီနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

တော့တင်ဟမ်၊ နယူးကာဆယ်တို့နဲ့လည်း အပြောင်းအရွှေ့ ကောလာဟလတွေ ထွက်နေပါသေးတယ်။ ဒါပေမယ့် Sky Sport အီတလီကတော့ ဒိုင်ဘားလားရဲ့အေးဂျင့်ဟာ သူ့ရဲ့ကစားသမားကို ယူနိုက်တက်ဆီ ပြောင်းရွှေ့စေချင်နေပြီး တစ်ပတ်ကို ပေါင် ၁၃၀၀၀၀ ရရင် အပြောင်းအရွှေ့ ဖြစ်မြောက်ပြီလို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

ဒါပေမယ့် ဒိုင်ဘားလားလိုကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရင်တောင်မှ ကစားသမားရဲ့ လက်မှတ်ထိုးကြေးကတော့ နည်းမှာမဟုတ်ပါဘူး။ ယူနိုက်တက်နည်းပြသစ် ဖြစ်လာမယ့် အဲရစ်တန်ဟတ်ကလည်း သောကြာနေ့ကပဲ အသင်းရဲ့ အပြောင်းအရွှေ့ နည်းဗျူဟာတွေနဲ့ ပက်သက်လို့ ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါသေးတယ်။

အာဆင်နယ်နည်းပြအာတီတာကလည်း ဒီနွေရာသီမှာထွက်ခွာမယ့် လာကာဇက်တီနဲ့ အန်ကီတီယာတို့ရဲ့ နေရာကို အစားထိုးဖို့အတွက် တိုက်စစ်မှူးသစ်နှစ်ဦးကို ခေါ်ယူဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒိုင်ဘာလာရဲ့ စီးရီးအေဇာတာကလည်း မပြီးသေးဘူးလို့ပြောလို့ရပါတယ်။

အင်တာမီလန်စီအီးအို ဘက်ပီမာရော့တာက ဒီနွေရာသီမှာ ဒိုင်ဘာလာကို ပြိုင်ဘက်ဂျူဗင်တပ်စ်ဆီကနေ ခေါ်ယူဖို့စိတ်ဝင်စားကြောင်း အတည်ပြုထားပါတယ်။ အီတလီသတင်းစာ လာဂက်ဇာတာဒယ်လိုစပေါ့ဆိုရင် ဒိုင်ဘာလာဟာ အင်တာနဲ့ အကြိုသဘောတူညီမှုတောင် ရယူပြီးသွားပြီလို့ ဖော်ပြခဲ့ပါသေးတယ်။

ZAWGYI: အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ ဒီနွေရာသီမှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်လို့ ဂျူဗင်တပ်စ်ကနေ ထွက်ခွာတော့မှာပဲ ဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ကို စိတ်ဝင်စားတဲ့ အသင်းများစွာရှိနေပြီး အဲ့ဒီထဲမှာ ပရီးမီးယားလိဂ်ကလပ်တွေလည်း ပါဝင်ခဲ့ပါတယ်။