အာဆင်နယ်ဟာ အမြဲတမ်း အာဆင်နယ်ပီသနေတုန်းပဲလို့ပဲ ‌ပြောရမလား။ စောစောစီးစီးလည်း ဦးဆောင်ဂိုးတွေ ရထားတယ်။ တယောက်အသာလည်း ဖြစ်နေတယ်။ ဒီလိုအချိန်မှာ ပရိသတ်တယောက်အနေနဲ့ နောက်ထပ်ဂိုးတွေ မျှော်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ အသည်းအသန် အခိုက်အတန့်တွေကို လုပ်ပြသွားပါသေးတယ်။ ဒါပေမယ့်လည်း တပွဲလုံးခြုံကြည့်ရင်တော့ ခြေစွမ်းကောင်းတွေ ဆက်ထိန်းထားနိုင်ပြီး လိုအပ်တဲ့အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အသည်းအသန် ဖြစ်သွားရတယ်ဆိုတာကလည်း ကိုယ်က အခွင့်အရေးတွေ အသုံးမချနိုင်ချိန်မှာ ထောင့်ကန်ဘောကနေ မထင်မှတ်ဘဲ ချေပဂိုးတဂိုး ပြန်ပေးလိုက်ရလို့ ဖြစ်ပါတယ်။ ယုံကြည်ချက်ရသွားတဲ့ လိဒ်က မျှော်လင့်ချက် ကောက်ရိုးတမျှင်အတွက် ရှိသမျှအား အကုန်ထုတ်ကစားသွားတာကြောင့် ပြန်ထိန်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေးလိုက်ရတဲ့ ချေပဂိုးကလွဲရင် အားလုံးတာဝန်ကျေခဲ့ကြပါတယ်။

တိုမီယာဆုကို ဘယ်ခြမ်းထားကစားခဲ့တာက ခံစစ်ပိုင်းအတွက်လည်း တည်ငြိမ်သွားစေခဲ့ပြီး မာတင်နယ်လီအတွက်လည်း တိုက်စစ်ကို စိတ်ကြိုက်ကစား‌ခွင့်ရခဲ့ပါတယ်။ ဒါက ဒီနေ့ပွဲမှာ နိုင်ပွဲရစေခဲ့တဲ့ အဓိကအကြောင်းအရင်းလို့ပဲ မြင်ပါတယ်။ တာဗာရက်စ်နဲ့ဆိုရင် ခံစစ်ပိုင်းကို ပိုကူရတဲ့ မာတင်နယ်လီဟာ သူ့နောက်မှာ တိုမီယာ‌ဆုက အမာခံရှိနေတာကြောင့် ခံစစ်အတွက် သိပ်မပူပင်ရဘဲ လိဒ်ရဲ့ ညာခြမ်းကို တောက်လျှောက်ဖိအားပေးကစားခဲ့ပြီး ရခဲ့တဲ့ဂိုးတွေကလည်း သူ့ဘက်ခြမ်းက‌နေပဲ မြစ်ဖျားခံခဲ့ပါတယ်။ ပွဲချိန် (၅) မိနစ်မှာပဲ လိဒ်ဂိုးသမားရဲ့အမှားကနေတဆင့် အန်ကီးတီးယားက ဦးဆောင်ဂိုး ရယူနိုင်ခဲ့တာက ပိုကောင်းသွားစေပါတယ်။

(၁၀) မိနစ်မှာလည်း မာတင်နယ်လီရဲ့ တကိုယ်တော် ထိုးဖောက်မှုကနေ ဖြတ်ချိုးပေးတာကို အန်ကီးတီးယားကပဲ အပိုင်ပိတ်သွင်းယူပြီး ဒုတိယဂိုး ဖြစ်စေခဲ့ပါတယ်။ လိဒ်ခံစစ်ကစားသမားတွေဟာ အာဆင်နယ်ရဲ့ ဖိအားပေးမှုကို မခံနိုင်ဘဲ မကြာခဏ ဘောလုံးအပျက်များနေတာကလည်း အခွင့်အရေးတွေ ပိုရခဲ့တာပါ။ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ကလည်း ခြေစွမ်းပြခဲ့တယ်ဆိုပေမယ့် အော်ဒီဂွါဒ်ရဲ့ ဘောလုံးအခင်းအကျင်းတွေက ညာခြမ်းကိုပဲ ယိုင်နေတာက တခါတလေမှာ အပိုင်အခွင့်အရေးတွေ၊ သွင်းဂိုးတွေ ဖြစ်လာရမယ့် အခြေအနေတွေကနေ လွဲသွားစေပါတယ်။

ဒါပေမယ့် ဒီနေ့ပွဲအတွက်တော့ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်က လုံလောက်ခဲ့ပြီး (၂) ဂိုးထက် ပိုမရခဲ့တာကတော့ အဆုံးသတ်စွမ်းဆောင်ရည်ကိုပဲ လက်ညှိုးထိုးရမယ် ထင်ပါတယ်။ ဒါကလည်း လူငယ်တွေများတဲ့အသင်းတသင်းမှာ ဖြစ်တတ်တာကြောင့် နောင်မှာ ဒီထက်ပိုကောင်းလာမယ်လို့ပဲ မျှော်လင့်ပါတယ်။ ပွဲချိန် (၂၇) မိနစ်မှာ မာတင်နယ်လီကို ခြေစုံပစ်ဝင်မှုနဲ့အတူ အာလင်း ထုတ်ခံလိုက်ရအပြီးမှာ အာဆင်နယ်နိုင်ဖို့ သေချာသလောက် ဖြစ်သွားပါတယ်။ ဆိုခဲ့သလို ဒုတိယပိုင်းမှာ အခွင့်အရေးတွေ အသုံးမချနိုင်တာရယ်၊ ချေပဂိုးပေးလိုက်ရတာရယ်ပဲ ပြောစရာ ရှိခဲ့ပါတယ်။

(၃) ပွဲပဲ ကစားဖို့ ကျန်တော့ချိန်မှာ အဆင့် (၅) နေရာက စပါးကို (၄) မှတ်ဖြတ်လိုက်နိုင်တာကလည်း တော်တော်လေး ကောင်းပါတယ်။ ကြားရက် ဒါဘီပွဲမှာ စပါးထက်စာရင် ဖိအားအတော်အတန် လျှော့ချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ (၃) ပွဲကစားဖို့ ကျန်သေးပေမယ့် အဲဒီပွဲကိုပါ နိုင်လိုက်ရင် လက်ကျန် (၂) ပွဲကို လှည့်ကြည့်စရာတောင် မလိုတော့တာကြောင့် ကြားရက်မှာလည်း ရလဒ်ကောင်းပါစေလို့ပဲ ‌မျှော်လင့်ကြတာပေါ့။

ZAWGYI: အာဆင်နယ်ဟာ အမြဲတမ်း အာဆင်နယ်ပီသနေတုန်းပဲလို့ပဲ ‌ပြောရမလား။ စောစောစီးစီးလည်း ဦးဆောင်ဂိုးတွေ ရထားတယ်။ တယောက်အသာလည်း ဖြစ်နေတယ်။ ဒီလိုအချိန်မှာ ပရိသတ်တယောက်အနေနဲ့ နောက်ထပ်ဂိုးတွေ မျှော်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ အသည်းအသန် အခိုက်အတန့်တွေကို လုပ်ပြသွားပါသေးတယ်။ ဒါပေမယ့်လည်း တပွဲလုံးခြုံကြည့်ရင်တော့ ခြေစွမ်းကောင်းတွေ ဆက်ထိန်းထားနိုင်ပြီး လိုအပ်တဲ့အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။