မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားဟောင်း တစ်ဦးဖြစ်သူ လူးဝစ် နာနီ က ကလပ်် နဲ့ လက်ရွေးစင် အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒို ကို မန်ချက်စတာမှာပဲ တစ်ရာသီ ဆက်နေဖို့ တောင်းဆိုသွားခဲ့လိုက်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ယူရို ပါလိဂ် ပြိုင်ပွဲ ကစားရဖို့ရှိနေပြီး အားရကျေနပ်ဖွယ်ကောင််းတဲ့ ကစားသမား ခေါ်ယူမှုတွေလည်း မလုပ်ဆောင်ခဲ့တဲ့ အတွက် ရော်နယ်ဒို ဟာ အသင်းမှ ထွက်ခွာခွင့် ပေးဖို့ တာဝန််ရှိသူတွေကို တောင်းဆိုခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ် ။

အဲ့ဒီနောက် သူဟာ ဘန်ကောက် ၊ သြစတြေးလျ နဲ့ နော်ဝေမှာ လုပ်ဆောင်ခဲ့တဲ့ အသင်းရဲ့ ရာသီကြို ပွဲစဥ်တွေမှာလည်း မပူးပေါင်းခဲ့ပါဘူး ။ ဒီအတွက် ဝေဖန်မှုတွေလည်း အများကြီး ကြုံခဲ့ရပါသေးတယ် ။ အဲ့ဒီနောက် သူဟာ မန်ချက်စတာကို အေးဂျင့် မန်ဒက်စ် နဲ့ အတူ ရောက်လာခဲ့ပါတယ် ။ အဲ့ဒီနေ့မှာပဲ ယူနိုက်တက် ဂန္တဝင် နည်းပြဟောင်းကြီး ဆာ အဲလက်စ် ဖာဂူဆန် CEO ရစ်ချက် အာနိုး တို့လည်း ကာရင်တန် လေ့ကျင့်ရေးကွင်းဆီကို ရောက်လာခဲ့ကြပါသေးတယ် ။ အဲ့ဒီနောက် မကြာမီမှာပဲ ရော်နယ်ဒို ဟာ ဗယ်လက်ကာနို နဲ့ ပွဲမှာ ပါလိမ့်မယ်လို့ သတင်းထွက်ခဲ့ပါတယ် ။

သတင်းတွေ ထွက်ခဲ့တဲ့ အတိုင်းပဲ ရော်နယ်ဒို ဟာ အဆိိုပါ ပွဲစဥ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခဲ့ပြီး 45 မိနစ်် ပါဝင်ခဲ့ရပါတယ် ။ ဒါပေမဲ့ သူဟာ ပွဲမပြီးခင်မှာပဲ ကွင််းထဲက ထွက်ခွာသွားခဲ့တဲ့ အတွက် သူ့ရဲ့ အနာဂတ် နဲ့ ပတ််သက်လို့ ဝေဖန်သံတွေ ပြန်လည် ကျယ်လောင်လာခဲ့ရပါတယ် ။ ဒါ့အပြင် ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ် ကလည်း ဘယ်လိုကစားသမားမျိုးမှ ဒီလိုလုပ်တာကို လက်သင့်ခံသွားမှာ မဟုတ်ကြောင်း ပြောခဲ့တဲ့နောက် ရော်နယ်ဒို နဲ့ သူ့အကြား အဖုအထစ်တွေရှိနေပြီလို့ ပြောဆိုသူတွေလည်း ရှိလာခဲ့ကြပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ လူးဝစ် နာနီ ကတော့ အသင်းဖော်ဟောင်း ဖြစ်သူ လူးဝစ် နာနီကို မန်ချက်စတာမှာပဲ နောက် တစ်ရာသီ ထပ်နေဖို့ တောင်းဆိုလိုက်ပြီး အသင်းဟာ ပိုမို တောင့်တင်းလာခဲ့ပြီ ဖြစ်ကြောင်းလည်း ​အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ” ကျွန်တော်ကတော့ သူ (ရော်နယ်ဒို) ကို မန်ချက်စတာမှာ နောက်တစ်ရာသီ မြင်တွေ့ချင်ပါသေးတယ် ။ ဘာလို့ မဖြစ်နိုင်ရမှာလဲ ? အသင်းကလည်း ရာသီကြို ပွဲစဥ်တွေမှာ ခမ်းနားတဲ့ အရာတွေကို လုပ်ပြထားနိုင်ခဲ့တယ်လေ ။ သူတို့တွေဟာ ရာသီကြိုမှာ ကောင်းကောင်း ပြင်ဆင်နိုင်ခဲ့ကြပါတယ် ။ သူတို့ ဒီရာသီ ပိုတောင် တောင့်တင်းလာကြပါဦးမယ် ။ (ခရစ္စတီယာနို ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို ) စောင့်ကြည့်ကြရတာပေါ့ဗျာ ” လို့ နာနီ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ZAWGYI: မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားဟောင်း တစ်ဦးဖြစ်သူ လူးဝစ် နာနီ က ကလပ်် နဲ့ လက်ရွေးစင် အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒို ကို မန်ချက်စတာမှာပဲ တစ်ရာသီ ဆက်နေဖို့ တောင်းဆိုသွားခဲ့လိုက်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ယူရို ပါလိဂ် ပြိုင်ပွဲ ကစားရဖို့ရှိနေပြီး အားရကျေနပ်ဖွယ်ကောင််းတဲ့ ကစားသမား ခေါ်ယူမှုတွေလည်း မလုပ်ဆောင်ခဲ့တဲ့ အတွက် ရော်နယ်ဒို ဟာ အသင်းမှ ထွက်ခွာခွင့် ပေးဖို့ တာဝန််ရှိသူတွေကို တောင်းဆိုခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ် ။