ပီအက်စ်ဂျီ အသင်းရဲ့ အမာခံ ပွဲထွက် ကစားသမား တဦး ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ပရက်စ်နဲလ် ကင်ပမ်ဘီ ဟာ ကလပ်နဲ့ စာချုပ် သက်တမ်း ၂နှစ်သာ ကျန်ရှိတော့သလို ၊ ၎င်းကို ပီအက်စ်ဂျီမှာ လူတလုံးသူတလုံး ဖြစ်အောင် ထူထောင်ပေးခဲ့တဲ့ ဆရာဟောင်း လက်ရှိ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ကလည်း အလိုရှိနေပါတယ် ။ ချဲလ်ဆီး အသင်း ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မဖွင့်ခင်ကတည်းက အဓိက ခံစစ်မှူး ၂ဦး ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါနဲ့ အန်ဒရီယာစ် ခရစ်တန်ဆန်တို့ကို ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ အသင်းတွေထံ အလွတ်နဲ့ အသီးသီး လက်လွှတ်ခဲ့ရပါတယ် ။

အခြား ဝါရင့် နောက်ခံလူ ၂ဦးဖြစ်တဲ့ မားကို့စ် အလွန်ဆိုနဲ့ ဆီဆာ အက်ဇ်ပီလီကွီတာတို့ဟာ စပိန်မြေသို့ ပြန်လည် အခြေချလိုတဲ့အပြင် ၊ စာချုပ်ကလည်း တနှစ်စီသာ ကျန်တော့တာကြောင့် ၊ ဘာစီလိုနာကသာ ၎င်းတို့ကို တိကျတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ကမ်းလှမ်းနိုင်တာနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ များနေပါတယ် ။ ဒီအတွက်ကြောင့် လက်ရှိ ချဲလ်ဆီး ခံစစ်မှာ အတွေ့အကြုံရင့် ကစားသမားဆိုလို့ သီယာဂို ဆေးလ်ဗား တဦးတည်းသာ သေချာပေါက် ဆက်ရှိမှာ ဖြစ်ပြီး ၊ အထက်က စီနီယာတွေရဲ့ နေရာကို ဖြည့်တင်းဖို့ ချဲလ်ဆီးတို့ လက်ရှိ ဈေးကွက် အတွင်း ဥရောပ အတွေ့အကြုံရှိ ခံစစ်မှူးသစ် တဦး မဖြစ်မနေ လိုအပ်နေပါတယ် ။

ကင်ပမ်ဘီရဲ့ ပြင်သစ် လက်ရွေးစင် အသင်းဖော် ဆီဗီးလား ခံစစ်မှူး ဂျူးလ်စ်ကွန်းဒေး ဟာ ချဲလ်ဆီးသို့ ရောက်ရှိဖို့ အလွန်နီးစပ်နေပြီး ၊ တူချယ်ကလည်း ကင်ပမ်ဘီကို ၎င်းရဲ့ ခံစစ်မှူး အဝယ်စာရင်းမှာ ထည့်ထားပါတယ် ။ လက်ရှိအချိန်အထိတော့ ကင်ပမ်ဘီနဲ့ ချဲလ်ဆီး အကြား တိကျတဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး ။ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ နေရှင်လိဂ် အုပ်စု အဆင့် တပွဲ ကစားဖို့ ကျန်သေးတဲ့ ကင်ပမ်ဘီ က သူဟာ ပဲရစ်နဲ့ ပီအက်စ်ဂျီကို ချစ်မြတ်နိုးပေမယ့် ၊ ကစားသမား ဘဝရဲ့ အချိုးအကွေ့ အခိုက်အတန့် ရောက်နေတာ ဖြစ်လို့ ၊ ကလပ်ရဲ့ ရေရှည် စီမံကိန်း အကြောင်း သိချင်တဲ့ အကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ် ။

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ကင်ပမ်ဘီ က ” ကျွန်တော် ဟာ အသက် ၂၇နှစ်ထဲကို မကြာခင် ရောက်လာတော့မှာပါ ။ ဒီတော့ ကျွန်တော့ အဖို့ နောက်ထပ် ချုပ်မယ့် စာချုပ်က တကယ့် အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ် ။ ဒီကလပ်ရဲ့ ပရောဂျက် က ဘယ်လိုရှိမလဲ ဆိုတာ ကျွန်တော် သိချင်ပါတယ် ။ ကျွန်တော် ဘာတခုမှ အမှားပြောနေတာ မဟုတ်ပါဘူး ။ ကျွန်တော်ဟာ အသက် ၉နှစ် ၊ ၁၀နှစ် ကတည်းက ဒီကို ရောက်လာခဲ့တာပါ ။ ကျွန်တော် ပီအက်စ်ဂျီ အသင်းကို ဘယ်လောက်ထိ ချစ်မြတ်နိုးလဲ ဆိုတာ လူတိုင်း သိပါတယ် ။ အပြင်က ထင်မြင်ချက်တွေနဲ့ တခြားစီပါပဲ ။ ”

” ဒါပေမယ့် အသင်းရဲ့ အနာဂတ် စီမံကိန်း အကြောင်း ၊ ကျွန်တော့ကို ဘယ်လို အခန်းကဏ္ဍမျိုးမှာ နေရာပေးမလဲ ဆိုတဲ့ အကြောင်းတွေဟာ အခြေအမြစ်ရှိတဲ့ မေးခွန်းတွေလို့ ကျွန်တော် ထင်ပါတယ် ။ လောလောဆယ်တော့ ပြင်သစ် အသင်းနဲ့ အတူ မနက်ဖြန်မှာ ကစားမယ့် နေရှင်လိဂ်ပွဲ အတွက် အာရုံစိုက်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ပီအက်စ်ဂျီ ဟာ မကြာသေးခင်ကမှ အားကစား ဒါရိုက်တာ နေရာမှာ ဆီဗီးလားနဲ့ မိုနာကို ဒါရိုက်တာဟောင်း လူးဝစ် ကမ်ပို့စ်ကို တရားဝင် ခန့်အပ်ခဲ့ပြီးနောက် ၊ နည်းပြသစ် အဖြစ် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇင်နဒင် ဇီဒန်းကိုလည်း ခန့်အပ်နိုင်ဖို့ ပြင်ဆင်နေပါတယ် ။ ဒီအချက်တွေဟာ ကင်ပမ်ဘီ အပြင် အခြား ပီအက်စ်ဂျီ ကစားသမား အချို့ရဲ့ အနာဂတ် အပေါ် အနည်းနဲ့ အများ အဆုံးအဖြတ် ပေးသွားနိုင်ပါတယ် ။

ZAWGYI: ပီအက်စ်ဂျီ အသင်းရဲ့ အမာခံ ပွဲထွက် ကစားသမား တဦး ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ပရက်စ်နဲလ် ကင်ပမ်ဘီ ဟာ ကလပ်နဲ့ စာချုပ် သက်တမ်း ၂နှစ်သာ ကျန်ရှိတော့သလို ၊ ၎င်းကို ပီအက်စ်ဂျီမှာ လူတလုံးသူတလုံး ဖြစ်အောင် ထူထောင်ပေးခဲ့တဲ့ ဆရာဟောင်း လက်ရှိ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ကလည်း အလိုရှိနေပါတယ် ။ ချဲလ်ဆီး အသင်း ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မဖွင့်ခင်ကတည်းက အဓိက ခံစစ်မှူး ၂ဦး ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါနဲ့ အန်ဒရီယာစ် ခရစ်တန်ဆန်တို့ကို ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ အသင်းတွေထံ အလွတ်နဲ့ အသီးသီး လက်လွှတ်ခဲ့ရပါတယ် ။