ပီအက်စ်ဗွီအသင်းရဲ့ တိုက်စစ်ကစားသမား ကိုဒီ ဂါ့ခ်ပိုအနေနဲ့ အသင်းမှာပဲ နောက်ထပ်ဘောလုံးရာသီတစ်ရာသီ ထပ်နေသွားနိုင်ကြောင်း ပြောသွားခဲ့ပြီး ဒီနှစ်နွေမှာ အရာအားလုံးလည်း ဖြစ်သွားနိုင်ကြောင်း ပြောသွားခဲ့တာကြောင့် သူ့ကိုစိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ရှင်သန်နေဆဲဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်တောင်ပံကစားသမားအနေနဲ့ ဒတ်ချ်ကလပ်နဲ့ အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေပြီး လက်ရှိဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူခဲ့သလို ၁၂ ဂိုးကတော့ ဒတ်ချ်ပြည်တွင်းအမှတ်ပေးလိဂ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကမှ အသင်းနဲ့ ၂၀၂၆ အထိ သက်တမ်းရှိစေမယ့် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် သူ့စွမ်းဆောင်ရည်တွေကြောင့် အင်္ဂလန်မြေကို ရောက်ရှိလာနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်လာခဲ့တာပါ။ အာဆင်နယ်အသင်းအနေနဲ့လည်း နယ်သာလန်လက်ရွေးစင်တိုက်စစ်ကစားသမားကို စိတ်ဝင်စားနေတယ်လို့ ဆိုနိုင်ပြီး ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ် အဓိက,ကစားလေ့ရှိတဲ့ ဂါ့ခ်ပိုအနေနဲ့ အထောင်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်တဲ့ ကစားသမားလို့တောင် ဆိုနိုင်ပါတယ်။

သူ့အနေနဲ့ သူ့အနာဂါတ်နဲ့ ပတ်သက်ပြီး ရွေးချယ်စရာတွေများပြားသလို မှန်းဆချက်တွေလည်း များပြားပေမယ့် အသင်းကနေ ထွက်ခွါဖို့အတွက် အလျင်စလို ပြုလုပ်သွားမှာမဟုတ်ဘဲ လာမယ့် ကမ္ဘာ့ဖလားအမီ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ရှိနေဖို့ အသင်းမှာ ဆက်နေသွားဖို့တောင် စဉ်းစားနေတာပါ။ De Telegraaf နဲ့ အစီအစဉ်တစ်ခုမှာ ဂါ့ခ်ပိုက “ဒီနှစ်နွေမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုအချိန်မှာတော့ ရွေးချယ်စရာတွေအကုန်လုံးကို ခေါင်းအေးအေးနဲ့ နှိုင်းယှဉ်ပြီး ဘယ်အရာက ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မှာလဲဆိုတာကြည့်ရမှာပါ”

“အသင်းမှာ တစ်နှစ်ဆက်နေဖို့အတွက်ဆိုတာကလည်း ရွေးချယ်စရာတွေထဲက တစ်ခုအဖြစ် ပါဝင်နေတာပါပဲ။ တကယ်လို့ ကျွန်တော့်အနေနဲ့ ပွဲတစ်ပွဲတောင် ဟုတ်တိပတ်တိမကစားရတဲ့ အသင်းကို ပြောင်းရွှေ့ခဲ့မိတာကြောင့် ကမ္ဘာ့ဖလားကို လွဲချော်သွားခဲ့မယ်ဆို ရှက်စရာကြီးလေ။ ဒါကိုလည်း ကျွန်တော့်စိတ်ထဲ သိမ်းထားမှာပါ။ ကျွန်တော့်အသက် ၆ နှစ်သားကတည်းက ဒီကို ရောက်ရှိလာခဲ့တာ။ ကျွန်တော့်အနေနဲ့ ဒီကို နေ့တိုင်းနီးပါးလာခဲ့တာ ၁၇ နှစ်ရှိပြီ။ ပီအက်စ်ဗွီက ကျွန်တော့်ရဲ့ ဒုတိယအိမ်ဆိုလည်းဟုတ်တယ်”

“ကျွန်တော့်အနေနဲ့ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချရင် အသင်းအပေါ်ကျွန်တော့်ရဲ့ ချစ်ခင်မှုကိုလည်း ထည့်သွင်းထားပါတယ်”လို့ ပြောလာခဲ့ပါတယ်။ ဒါ့အပြင် ဂါ့ခ်ပိုအနေနဲ့ ဒီနှစ်အစောပိုင်းတုန်းက အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေကို လောင်စာဆီဖြည့်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ The Sun သတင်းဌာနနဲ့ အင်တာဗျူးမှာ ဂါ့ခ်ပိုက “ပရီးမီးယားလိဂ်ဆိုတာက ကြီးမားတဲ့ လိဂ်တစ်ခုပါပဲ။ ဗာဂျီးလ် ဗန်ဒိုက်လည်း လီဗာပူးလ်အသင်းနဲ့အတူ အဲဒီမှာ ကစားနေတယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ သူတို့ကို ကြည့်ရတာ နှစ်သက်ပါတယ်”

“လူတိုင်းကတော့ ပရီးမီးယားလိဂ်မှာ တစ်ကြိမ်လောက်တော့ ကစားဖူးချင်ကြတာချည်းပဲ။ ကျွန်တော့်အနေနဲ့ တစ်သင်းတည်းကိုတော့ မရွေးထုတ်လိုပေမယ့် အာဆင်နယ်အသင်းကိုတော့ ကျွန်တော့်အနေနဲ့ အများကြီးကြိုက်တယ်။ ကျွန်တော့်အသက်ငယ်ငယ်တုန်းက သီယာရီ အွန်နရီကို အရမ်းကြိုက်ခဲ့ဖူးတယ်။ ဘာကြောင့်လဲဆိုတော့ သူက တောင်ပံတိုက်စစ်နေရာမှာကစားပြီး အရပ်ရှည်တဲ့ကစားသမားဖြစ်နေခဲ့လို့ပါပဲ”လို့ ပြောလာခဲ့ပါတယ်။

ZAWGYI: ပီအက်စ်ဗွီအသင်းရဲ့ တိုက်စစ်ကစားသမား ကိုဒီ ဂါ့ခ်ပိုအနေနဲ့ အသင်းမှာပဲ နောက်ထပ်ဘောလုံးရာသီတစ်ရာသီ ထပ်နေသွားနိုင်ကြောင်း ပြောသွားခဲ့ပြီး ဒီနှစ်နွေမှာ အရာအားလုံးလည်း ဖြစ်သွားနိုင်ကြောင်း ပြောသွားခဲ့တာကြောင့် သူ့ကိုစိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ရှင်သန်နေဆဲဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်တောင်ပံကစားသမားအနေနဲ့ ဒတ်ချ်ကလပ်နဲ့ အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေပြီး လက်ရှိဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူခဲ့သလို ၁၂ ဂိုးကတော့ ဒတ်ချ်ပြည်တွင်းအမှတ်ပေးလိဂ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။