ဒီရာသီ ယူနိုက်တက်ရဲ့ အိမ်ကွင်းနောက်ဆုံးပွဲက ဘရန့်ဖိုဒ့်ကို ဧည့်ခံခဲ့ပြီး အဆုံးသတ်သွားခဲ့ပါပြီ။ ဘရန်ဖို့ဒ်ကို ဘရူနို ၊ ဗာရန်း နဲ့ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃ဂိုးပြတ် အနိုင်ရပြီး အကောင်းဆုံးနှုတ်ဆက်နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ရာသီကုန်ရင် မန်ယူနိုက်တက်က ထွက်ခွာတော့မယ့် မာတစ်၊ မာတာနဲ့ ကာဗာနီတို့ကလည်း အိုးထရက်ဖို့ဒ်ကွင်းအတွင်းက ပရိသတ်တွေကို တရားဝင် နှုတ်ဆက်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ပရိသတ်တွေကို စိတ်ကျေနပ်စရာ ဖြစ်စေခဲ့တာကတော့ ရော်နယ်ဒိုရဲ့အနာဂတ်ပါပဲ။ ပွဲအပြီးမှာ သူက ပရိသတ်တွေကို လိုက်လံနှုတ်ဆက်ခဲ့ပြီးတော့ သူ့ရဲ့အနာဂတ်ကိုပါ အတည်ပြုပေးသွားခဲ့လို့ပါပဲ။ Sky Sports က ရော်နယ်ဒိုရဲ့ နှုတ်ဆက်နေမှုကို အနီးကပ်ဆွဲပြီးတော့ ရိုက်ကူးနေခဲ့ချိန်မှာ ကစားသမားက “ကျနော် ဒီမှာ မပြီးဆုံးသေးဘူး” လို့ ပြောဆိုခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဆိုပါတယ်။

ဒါဟာ အခုသတင်းတွေထွက်နေသလိုမျိုး သူ ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်ဆိုတာ မဟုတ်ဘူးလို့လည်း အတည်ပြုလိုက်တာပါပဲ။ရော်နယ်ဒိုကို ရီးရဲမက်ဒရစ်က ပြန်လည် ခေါ်ယူမယ်လို့ သတင်းထွက်ခဲ့သလို ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မရရင် အသင်းကို စွန့်ခွာမယ်လို့ ထင်ကြေးပေးမှုတွေကလည်း ရှိနေခဲ့တာပါတယ်။

သူ နောက်တကြိမ်အသင်းကထွက်သွားမှာကို ပရိသတ်တွေက စိုးရိမ်နေတာဖြစ်ပြီး ပေါ်တူဂီသားကတော့ ကတိပေးသွားခဲ့ပါပြီ။ ယူနိုက်တက်ရဲ့ ဒီရာသီကျရှုံးမှုတွေကို စိတ်ပျက်ပြီး ရော်နယ်ဒိုထွက်သွားတော့မှာလား ? ရီးရဲလ်ကိုပြန်ပြောင်းတော့မှာလားဆိုပြီး တွေးပူနေတဲ့သူတွေအတွက် အပူလုံးကြီးကျသွားခဲ့ပါပြီ။

အနာဂတ်ကို ရာသီကုန်မှ ဆုံးဖြတ်မယ်ဆိုပေမယ့် နည်းပြသစ်အဲရခ်တန်ဟဂ် နဲ့ ဆက်ဆံရေးကောင်းသလို လက်ရှိစာချုပ်အရလည်း (၁)နှစ်ကျန်+(၁)နှစ်ထပ်တိုးခွင့် ရှိနေတာကြောင့် အသင်းရဲ့ ရာသီသစ်အစီအစဉ်မှာ ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့တိုက်စစ်ကို ဦးဆောင်ပြီး ထပ်မံပါဝင်ဖွယ်ရှိပါတယ်။

ZAWGYI: ဒီရာသီ ယူနိုက်တက်ရဲ့ အိမ်ကွင်းနောက်ဆုံးပွဲက ဘရန့်ဖိုဒ့်ကို ဧည့်ခံခဲ့ပြီး အဆုံးသတ်သွားခဲ့ပါပြီ။ ဘရန်ဖို့ဒ်ကို ဘရူနို ၊ ဗာရန်း နဲ့ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃ဂိုးပြတ် အနိုင်ရပြီး အကောင်းဆုံးနှုတ်ဆက်နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ရာသီကုန်ရင် မန်ယူနိုက်တက်က ထွက်ခွာတော့မယ့် မာတစ်၊ မာတာနဲ့ ကာဗာနီတို့ကလည်း အိုးထရက်ဖို့ဒ်ကွင်းအတွင်းက ပရိသတ်တွေကို တရားဝင် နှုတ်ဆက်ခဲ့ပါတယ်။