ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ညာနောက်ခံလူ ရစ်စီဂျိမ်းစ်က လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် သူဟာ ငယ်စဉ်ကတည်းက ချယ်လ်ဆီးကို အားပေးခဲ့သူ ဖြစ်တာကြောင့် ချယ်လ်ဆီးမှာပဲ ကာလရှည် ဆက်ရှိနေဖို့ အစီအစဉ် ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရစ်စီဂျိမ်းစ်က ချယ်လ်ဆီးရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း ညာနောက်ခံလူ တဦး ဖြစ်ပြီး သူ့ရဲ့ ပါဝါ အားကောင်းတဲ့ ကန်ချက်တွေ ၊ ကစားအား ကောင်းမွန်မှုတို့ကြောင့် ကျော်ကြားပါတယ်။

ရစ်စီဂျိမ်းစ်က တိုက်စစ်နဲ့ ခံစစ်ကို မျှတအောင် ကစားနိုင်စွမ်း ရှိတဲ့ ထိပ်တန်း ညာနောက်ခံလူ တဦး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ညာနောက်ခံလူ နေရာမှာ အားနည်းချက်တွေ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်က သူ့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်က မြန်နှုန်းမြင့် ကစားဟန်နဲ့ ကစားတတ်တဲ့ အသင်းတသင်း ဖြစ်တာကြောင့် ရစ်စီဂျိမ်းစ်ဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ရင် အသင်းနဲ့ လိုက်ဖက်ညီနိုင်ဖွယ် ရှိပေမယ့် ရစ်စီဂျိမ်းစ်ကတော့ သူဟာ ချယ်လ်ဆီး ပရိသတ် တဦး ဖြစ်တာကြောင့် ချယ်လ်ဆီးမှာသာ အချိန်အကြာကြီး ဆက်လက် ကစားသွားချင်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ရစ်စီဂျိမ်းစ်က – “ကျွန်တော်က ချယ်လ်ဆီးမှာ အချိန်အကြာကြီး နေချင်ပါတယ်။ ကျွန်တော်က ချယ်လ်ဆီး ပရိသတ် တဦး အဖြစ်နဲ့ ကြီးပြင်းလာသလို ချယ်လ်ဆီးမှာလည်း နာမည်ကောင်း တခု ရနေပါပြီ။ ကျွန်တော်က ချယ်လ်ဆီးကို အမြဲတမ်း အားပေးခဲ့ရတာပါ။ ဒါကြောင့် ကျွန်တော်က အသင်းပြောင်းစရာ လိုတယ်လို့ မထင်ပါဘူး။ အခုချိန်မှာ ကျွန်တော်က ချယ်လ်ဆီးအတွက် ကစားပေးရတာကို အရမ်း ပျော်ရွှင်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

တစ်ဖက်မှာလည်း ရူဒီဂါ ခရစ္စတန်ဆန်တို့ အသင်းကနေ ထွက်ခွာသွားခဲ့ပြီး နောက် ခံစစ်ပိုင်းအတွက် ကစားသမားသစ်တွေ ပြန်လည်ဖြည့်တင်းသွားဖို့ အမှန်တကယ် လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ အခုဆိုရင်တော့ ထိပ်တန်း ခံစစ်မှူးတစ်ဦးဖြစ်တဲ့ နာပိုလီ ခံစစ်ကစားသမားကြီး ကူလီဘလီကို တစ်နှစ်လုပ်ခ ယူရို(၁၀)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် ကစားသမားဘက်မှာ သဘောတူညီ ရယူသွားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ ဆီနီဂေါလက်ရွေးစင် ခံစစ်မှူးကြီး ကူလီဘလီဟာ လက်ရွေးစင်အသင်းအတွက်ရော နာပိုလီအသင်းအတွက်ပါ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဥရောပထိပ်သီး ကလပ်အသင်းများစွာရဲ့ အလိုအရှိဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ဒီနွေမှာလည်း ကူလီဘလီကို ဘာစီလိုနာ ဂျုဗင်တပ်စ်အသင်းတွေက ခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်နေကြပေမယ့်လည်း နောက်ဆုံးမှာတော့ ကစားသမားကိုယ်တိုင်က လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ကိုသာ ခေါင်းညိတ်လိုက်ပြီး ကူလီဘလီဟာ ချယ်လ်ဆီးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၁၀)သန်းအထိပါ ရရှိသွားမှာ ဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိ ဗဟိုခံစစ်ကစားသမား ကူလီဘလီကို ချယ်လ်ဆီးအသင်းထက် စီးရီးအေထိပ်သီး ဂျုဗင်တပ်စ်အသင်းက ပိုမိုအလိုရှိနေခဲ့တာဖြစ်ပေမယ့်လည်း

ကစားသမားကိုယ်တိုင်ကတော့ သူရဲ့လက်ရှိကလပ် နာပိုလီရဲ့ စီးရီးအေပြိုင်ဘက်အသင်း တစ်သင်းကို ပြောင်းရွှေ့သွားဖို့ ဆန္ဒမရှိတာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံသွားခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီဖြစ်တဲ့ နယ်သာလန် ခံစစ်မှူး ဒီလစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ကူလီဘလီကို ကြိုးပမ်းခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ကူလီဘလီက ဂျုဗင်တပ်စ်အသင်းထက် ချယ်လ်ဆီးအသင်းကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးကလည်း ရူဒီဂါ ခရစ္စတန်ဆန်တို့ကို အသင်းကနေ လက်လွတ်ထားခဲ့ရသလို အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ရဲ့ အနာဂတ်ပါ မရေမရာ ဖြစ်လာခဲ့တာကြောင့်

နွေဈေးကွက်ထဲ အသင်းခံစစ်ပိုင်းအတွက်ကိုသာ ဦးစားပေး အားဖြည့်သွားချင်နေပြီး လက်ရှိမှာတော့ မန်ချက်စတာစီးတီး ခံစစ်မှူး နေသန်အကီကို ခေါ်ယူနိုင်တော့မှာ ဖြစ်သလို ကူလီဘလီရဲ့ အပြောင်းအရွှေ့ကိုလည်း အပြီးသတ်နိုင်ဖို့အတွက် နာပိုလီအသင်းနဲ့သာ ဆက်လက်ညှိနှိုင်းရတော့မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့မှာဖြစ်တဲ့ ကူလီဘလီအတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၈)+အပိုဆုကြေးနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ကစားသမားဘက်ကလည်း ချယ်လ်ဆီးကို ရောင်းချပေးဖို့ နာပိုလီအသင်းကို ဖိအားပေး တောင်းဆိုဖွယ် ရှိနေပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ညာနောက်ခံလူ ရစ်စီဂျိမ်းစ်က လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် သူဟာ ငယ်စဉ်ကတည်းက ချယ်လ်ဆီးကို အားပေးခဲ့သူ ဖြစ်တာကြောင့် ချယ်လ်ဆီးမှာပဲ ကာလရှည် ဆက်ရှိနေဖို့ အစီအစဉ် ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရစ်စီဂျိမ်းစ်က ချယ်လ်ဆီးရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း ညာနောက်ခံလူ တဦး ဖြစ်ပြီး သူ့ရဲ့ ပါဝါ အားကောင်းတဲ့ ကန်ချက်တွေ ၊ ကစားအား ကောင်းမွန်မှုတို့ကြောင့် ကျော်ကြားပါတယ်။