အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားနဲ့အတူ မကြာမီကမှ ယူရိုပါ ကွန့်ဖရန့်လိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ပေါ်တူဂီ ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ရထားပေမယ့် ရိုးမားနဲ့သာ ဆက်လက် လက်တွဲဖို့ ဆုံးဖြတ်ထားကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ် များစွာက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ပေါ်တို ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ကို ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုက လက်ရှိအချိန် အထိ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ရိုးမားအသင်းကိုလည်း ယခုနှစ် ဘောလုံးရာသီ အစကမှသာ ကိုင်တွယ်ခဲ့ပေမယ့် ဥရောပ ဆုဖလား တလုံး ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မကြာခင်မှာ အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုနဲ့ လမ်းခွဲတော့မယ့် ပီအက်စ်ဂျီက မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်နေတာ ဖြစ်ပြီး ပီအက်စ်ဂျီရဲ့ ဘုတ်အဖွဲ့က မော်ရင်ဟိုကို သူတို့ရဲ့ နံပါတ်နှစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း တဦး ဖြစ်သလို ပြင်သစ်လူမျိုးလည်း ဖြစ်တဲ့ ဇနက်ဒင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပေမယ့် ဇီဒန်းက သူတို့ရဲ့ ကမ်းလှမ်းမှုတွေကို ဆက်တိုက်ဆိုသလို ပယ်ချနေတာကြောင့် ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက မော်ရင်ဟို အပါအဝင် အခြားနည်းပြ တချို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

ဒါပေမယ့် မော်ရင်ဟိုကတော့ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ ရိုးမားကိုသာ ဆက်လက် တည်ဆောက်ဖို့ စဉ်းစားထားပြီး မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်သူကလည်း ပီအက်စ်ဂျီထံ မော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက်ကို အသိပေးတော့မယ်လို့လည်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Calcio Mercato သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း မော်ရင်ဟိုဟာ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို စိတ်မဝင်စားသေးကြောင်း အတည်ပြုပေးထားပြီး မော်ရင်ဟိုကသာ ရိုးမား၌သာ ဆက်လက် ရှိနေဖို့ ရာခိုင်နှုန်း များနေကြောင်း ပြောကြားထားပါတယ်။

တစ်ဖက်မှာလည်း ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေက တောင်အမေရိက ဘောလုံးလောကနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုခဲ့အမှုအပေါ် ဘာပေရဲ့ ပီအက်စ်ဂျီအသင်းဖော် အာဂျင်တီးနား ကွင်းလယ်ကစားသမား လီယိုနာဒိုပါရေဒက်စ်က ပြန်လည်တုံ့ပြန် ပြောဆိုလာခဲ့ပါတယ်။ ၂၀၀၂ခုနှစ် ဂျပန်-တောင်ကိုရီးယား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်းမှာ အီတလီ စပိန် ဂျာမနီနဲ့ ပြင်သစ်တို့လို ဥရောပအသင်းတွေကပဲ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆက်တိုက်ပိုင်ဆိုင်နိုင်ခဲ့ပြီး တောင်အမေရိကအသင်းတွေရဲ့ အောင်မြင်ကျော်ကြားမှုက မှေးမှိန်နေခဲ့ရပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး TNT Sports Brasil က ဘာပေရဲ့ အတွေးအမြင်တွေကို မေးမြန်းလာခဲ့ရာ ဘာပေက “အာဂျင်တီးနားက ကမ္ဘာ့ဖလားကို ဝင်ရောက်ဆင်နွဲဖို့အတွက် အရည်အသွေးကောင်းတဲ့ ပွဲစဉ်တွေကို မကစားဖူးသေးပါဘူး။ တောင်အမေရိက ဘောလုံးအခြေအနေကလည်း ဥရောပလောက် အဆင့်မမြင့်ပါဘူး။ ဒါကြောင့် နောက်ဆုံး ကျင်းပထားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ကြည့်မယ်ဆိုရင် အမြဲတမ်း အနိုင်ရတဲ့ အသင်းတွေက ဥရောပက အသင်းတွေသာ ဖြစ်နေရတာ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဒီ မှတ်ချက်စကားကြောင့် ဘာပေဟာ အတော်လေးကို ဝေဖန်ခံနေရပြီး ဘာပေရဲ့ ကလပ်အသင်းဖော်ဖြစ်သူ ပါရေဒက်စ်ကလည်း ဘာပေရဲ့ မှတ်ချက်အပေါ် လက်သင့်မခံနိုင်ခဲ့ပဲ ပြန်လည်တုံ့ပြန်မှု ပြုလုပ်သွားခဲ့ပါတယ်။

ပါရေဒက်စ်က “ဘာပေနဲ့ အဲ့ဒီလိုပုံစံ ကစားသမားတွေက ပင်လယ်ရေမျက်နှာပြင်အထက်မှာ ကစားရတာ ကိုလံဘီယာနိုင်ငံရဲ့ အပူချိန်အောက်မှာနဲ့ တခြားသော နေရာတွေမှာ ကစားရတာမျိုးက ဘယ်လိုမျိုးလဲဆိုတာကို ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါဘူး” တုံ့ပြန်လိုက်ပါတယ်။ လက်ရှိမှာတော့ ပြင်သစ်ရော အာဂျင်တီးနားရောဟာ လာမယ့် နိုဝင်ဘာလအတွင်း ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပြီး သူတို့နှစ်သင်းလုံးက ကမ္ဘာ့ဖလားကို (၂)ကြိမ်စီ ပိုင်ဆိုင်ထားခဲ့သလို အာဂျင်တီးနားက ဒုတိယနေရာ (၃)ကြိမ် ပြင်သစ်က ဒုတိယနေရာ (၁)ကြိမ် ရရှိထားပါတယ်။ ဒါပေမယ့် အာဂျင်တီးနားက ၁၉၈၆ခုနှစ်မှာသာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲထားတာဖြစ်ပြီး ပြင်သစ်ကတော့ ၂၀၁၈ခုနှစ်မှာပဲ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ထားခဲ့ရပါတယ်။

ZAWGYI: အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားနဲ့အတူ မကြာမီကမှ ယူရိုပါ ကွန့်ဖရန့်လိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ပေါ်တူဂီ ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ရထားပေမယ့် ရိုးမားနဲ့သာ ဆက်လက် လက်တွဲဖို့ ဆုံးဖြတ်ထားကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ် များစွာက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ပေါ်တို ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ကို ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုက လက်ရှိအချိန် အထိ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ရိုးမားအသင်းကိုလည်း ယခုနှစ် ဘောလုံးရာသီ အစကမှသာ ကိုင်တွယ်ခဲ့ပေမယ့် ဥရောပ ဆုဖလား တလုံး ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။