လီဗာပူး အတွက် လိုအပ်တဲ့ အချိန်တိုင်း အရန်ထိုင်ခုံတန်းကနေ ထကာ အရေးပါတဲ့ သွင်းဂိုးတွေ ယူဆောင်လာတတ်တဲ့ အိုရီဂီ ဟာ ဒီရာသီ အကုန်မှာတော့ အန်ဖီးလ် နဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း နည်းပြကြီး ကလော့ပ် ကိုယ်တိုင်က အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။ သူဟာ ကလော့ပ် လီဗာပူး ကို ရောက်လာခါစ အချိန်က အသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်ခဲ့သူ ဖြစ်သလို ၊ ပရိသတ်တွေ အကြား ရေပန်းစားတဲ့ ကစားသမား တစ်ယောက် အဖြစ်တောင် ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။

သို့သော် ဒဏ်ရာပြသနာတွေ နဲ့ ဆက်တိုက် ရုန်းကန်ရပြီး နောက်ပိုင်း ၊ ကလော့ပ် ရဲ့ ပြောင်းလဲ လိုက်တဲ့ 4-3-3 ကစားကွက်မှာတော့ ၊ ပုံမှန် ကစားခွင့် တစ်နေရာ ပျောက်ဆုံးခဲ့ရပြီး ၊ အရန်ထိုင်ခုံတန်းမှာသာ အချိန်တွေ ပိုကုန်ခဲ့ရပါတယ်။ ဘာစီလိုနာ အသင်းဘက်ကို သွင်းယူပြခဲ့တဲ့ သူ့ရဲ့ သွင်းဂိုးတွေ ၊ စပါး ဘက်ကို အနိုင်သေချာစေမယ့် သွင်းမျိုးတွေ နဲ့ မားဆေးဆိုဒ် ဒါဘီ သွင်းဂိုးတွေက သူ့ရဲ့ လီဗာပူး ကစားသမားဘ၀ မမေ့နိုင်တဲ့ အခိုက်အတန့်တွေ အများကြီး ပိုင်ဆိုင်စေခဲ့ပါတယ်။

လက်ရှိမှာတော့ သူဟာ လီဗာပူး နဲ့ အတူ ဆုဖလားတွေ အားလုံး သိမ်းပိုက် ထားပြီးပြီ ဖြစ်လို့ ၊ ရာသီကုန်ရောက်တာ နဲ့ ပုံမှန် ပွဲထွက် ကစားခွင့်ရမယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ကလော့ပ် ကိုယ်တိုင်က အတည်ပြု လိုက်ပါတယ်။ “ အိုရီဂီ ကို သောင်းသောင်းဖျဖျ နဲ့ နှုတ်ဆက်ပေးကြလိမ့်မယ်လို့ ကျနော် က မျှော်လင့်ထားပါတယ်။ သူဟာ လီဗာပူး ရဲ့ ဂန္တဝင် တိုက်စစ်မှုး တစ်ယောက် အဖြစ် ထာဝရ ရှိနေသွားမှာပါ။ သူနဲ့ လက်တွဲ အလုပ်လုပ်ခွင့် ရတ ကျေနပ်ဖို့ ကောင်းခဲ့ပါတယ်။

ကျနော် ပိုင်ဆိုင်ခဲ့ဖူးတဲ့ အရေးပါဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဘယ်ကလပ်ကိုပဲသွားသွား ၊ သူဟာ အောင်မြင်မှုတွေ ဆက်လက် ရယူသွားနိုင်မှာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။ သတင်းတွေ အရတော့ အိုရီဂီ ဟာ လက်ရှိ စီးရီးအေ ဖလား ဆွတ်ခူးဖို့ ရေပန်းစားနေတဲ့ အေစီ မီလန် အသင်းထံ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး ရှိနေတယ်လို့ သိရပါတယ်။

သူဟာ ဥရောပ ဖလားပြိုင်ပွဲ တွေ့အကြုံ အများကြီး ရှိသလို ၊ ဘောလုံးသမား တိုင်း အားကျလောက်တဲ့ CV မျိုး ပိုင်ဆိုင်ထားတာကြောင့် အေစီ မီလန် အနေနဲ့ ဒီလို တိုက်စစ်မှုးမျိုးကို အလကား ခေါ်ခွင့်ရတာ တန်လွန်းပါတယ်။ ဘယ်လ်ဂျီယံ တစ်စစ်မှုးဟာ တစ်ရာသီ လုပ်ခ ယူရို 4 သန်း ဝန်းကျင် ရရှိမှာ ဖြစ်ကာ ၊ ပွဲထွက် ကစားခွင့် တစ်နေရာအတွက် အာမခံချက် အပြည့် ရရှိထားပါတယ်။ “ ကျနော် က အသင်းကနေ ဘယ်သူမှ ထွက်မသွားစေချင်တာပါ။ ဒါပေမယ့် ဒါက ဘဝပဲလေ။ လက်ရှိ အချိန်ထိတော့ အသင်းကနေ ထွက်ချင်တဲ့ အကြောင်း လာရောက် စကားပြောတဲ့ ကစားသမား တစ်ယောက်မှ မရှိသေးပါဘူး။

ဒီရာသီမျာ ကျနော်တို့ က မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ခဲ့တာတွေ အားလုံး ဟာ ကစားသမားတွေ ၊ ထိပ်တန်းအဆင့် ဘောလုံးသမားတွေ နဲ့ ဂျူနီယာလေးတွေ ရဲ့ တက်ကြွ ညီညွတ်မှုကြောင့်ပါ။ လောလောဆယ် ဆိုရင် ဘယ်သူ့ကို ပွဲထွက် ကစားသမား နေရာ ထည့်လို့ ထည့်ရမှန်းတောင် မသိတော့ပါဘူး။ ဒါပေမယ့် တစ်ယောက်ယောက် က ဒီကလပ်ကို ပြောင်း ကစားချင်တယ် ဆိုပြီးပြောလာခဲ့ရင် ၊ ကျနော် တို့ကလဲ ကမ်းလှမ်းတဲ့ ကလပ်ကို လက်ခံ စကားပြောသွားမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ZAWGYI: လီဗာပူး အတွက် လိုအပ်တဲ့ အချိန်တိုင်း အရန်ထိုင်ခုံတန်းကနေ ထကာ အရေးပါတဲ့ သွင်းဂိုးတွေ ယူဆောင်လာတတ်တဲ့ အိုရီဂီ ဟာ ဒီရာသီ အကုန်မှာတော့ အန်ဖီးလ် နဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း နည်းပြကြီး ကလော့ပ် ကိုယ်တိုင်က အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။ သူဟာ ကလော့ပ် လီဗာပူး ကို ရောက်လာခါစ အချိန်က အသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်ခဲ့သူ ဖြစ်သလို ၊ ပရိသတ်တွေ အကြား ရေပန်းစားတဲ့ ကစားသမား တစ်ယောက် အဖြစ်တောင် ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။