လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း စတိဗ် မက်မာနာမန်အနေနဲ့ စပိန်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား မာကို အဆန်စီယိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက သူ့အနာဂါတ်ကို ပြန်လည်စဉ်းစားသင့်တယ်လို့ ယုံကြည်နေပြီး အာဆင်နယ် သို့မဟုတ် တော့တင်ဟမ်ဟော့စပါးစ်မှာဆို အဆင်ပြေနိုင်ကြောင်း ပြောသွားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆန်စီယိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံး ၁၂ လထဲကို ရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် အသင်းကနေ ထွက်ခွါဖို့အတွက် သတင်းကြီးနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

စပိန်သားအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ပွဲပေါင်း ၂၀၀ ကျော်ကစားခဲ့ပြီး စပိန်လာလီဂါဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်တို့ကို ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆိုရင် အသင်းရဲ့လာလီဂါပွဲစဉ်တစ်ဝက်ကိုသာ ပွဲထွက်ကစားခဲ့ရချိန်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ်တောင် ပါဝင်ကစားခွင့်မရခဲ့တာဖြစ်ပါတယ်။ ဒီလအစတုန်းက သူ့ရဲ့အနာဂါတ်ကို ဆွေးနွေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး အဆန်စီယိုက သူ့ရဲ့ကစားသမားဘဝက ဖြတ်မျဉ်းပေါ်မှာရှိနေသလို အသင်းမှာ ပိုပြီးထင်သာမြင်သာရှိမယ့် အခန်းကဏ္ဍကနေ ပါဝင်ချင်ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာလည်း ၄ နှစ်တာ ကစားခဲ့ဖူးတဲ့ မက်မာနာမန်အနေနဲ့ အဆန်စီယိုက အာဆင်နယ် သို့မဟုတ် တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့မှာ အဓိက,ကစားသမားဖြစ်လာနိုင်ကြောင်း ယုံကြည်နေပြီး သူ့ကစားဟန်က ပရီးမီးယားလိဂ်နဲ့ ကိုက်ညီမယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ မြောက်လန်ဒန်ကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အလုပ်များနေပေမယ့်လည်း လာမယ့်သတင်းပတ်တွေအတွင်းမှာ မီခဲလ် အာတီတာနဲ့ အန်တိုနီယို ကွန်တီတို့အနေနဲ့ ပိုကောင်းတဲ့ လူစာရင်းတစ်ခုကို ပိုင်ဆိုင်ဖို့ ရည်ရွယ်ထားကြတာပါ။

HorseRacing.net နဲ့ အစီအစဉ်တစ်ခုမှာ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း မက်မာနာမန်က “မာကို အဆန်စီယိုအတွက်ဆိုရင်တော့ အာဆင်နယ် သို့မဟုတ် တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့က ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်စေလိမ့်မယ်။ ကျွန်တော့်အထင်တော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ အံဝင်နိုင်လိမ့်မယ်။ သူက ကစားသမားကောင်းတစ်ယောက်ပါ။ သူ့အနေနဲ့ ပိုကစားခွင့်ရဖို့အတွက် လုံးဝလိုအပ်ပါတယ်။ ပြောနေစရာတောင် မလိုဘူး”လို့ ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက”အီစကိုက ထွက်ခွါတော့မယ်။ မာဆယ်လိုဆို သွားပြီ။ ဂါရက်သ် ဘေးလ်လည်း သွားပြီ။ ကျွန်တော့်အထင်ပေါ့လေ။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ နည်းနည်းတော့ ဈေးကွက်ထဲ ဝင်ပြတယ်ဆိုပြီး ကြိုးစားရုံလောက်တော့ လုပ်ပြလောက်တယ်။ တကယ်လို့များ သူတို့အနေနဲ့ အခြားတစ်ယောက်ယောက်ကို တကယ်ကြီး ခေါ်ပြလိုက်ရင်လည်း ကျွန်တော်တော့ အံ့ဩနေတော့မှာမဟုတ်ဘူး။ သူတို့အနေနဲ့ တိုက်စစ်ကစားသမားတစ်ယောက် လိုအပ်ကောင်းလိုအပ်လိမ့်မယ်။ သူတို့မှာ ကာရင်မ် ဘန်ဇီးမား၊ ဗင်နီစီးယပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ရှိတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အန်ဆီယိုကို ဒီလိုအချိန်မှာတောင် လိုအပ်ကောင်းလိုအပ်ပါလိမ့်ဦးမယ်”

“တကယ်လို့များ သူတို့အနေနဲ့ သူ့ကို ထွက်ခွါခွင့်ပေးလိုက်မယ်ဆိုရင် အခြားကစားသမားတစ်ယောက်ယောက်ကို ခေါ်ပြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကစားသမားတွေကို ပလိန်းကြီးပေးပြောင်းရအောင်လည်း သူတို့မှာ လုံလောက်တဲ့ တိုက်စစ်ကစားသမားတွေရှိနေတာမဟုတ်ဘူး။ သူက ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူ့အနေနဲ့ အသင်းကို စပြီးထိုးထွက်လာတုန်းက သူလုပ်ပြခဲ့သလို မက်ဒရစ်မှာ ထင်ထားတဲ့ အမြင့်တစ်နေရာကို မတက်လှမ်းနိုင်ခဲ့ရုံပါပဲ။ သူတို့အတွက် လုံလောက်အောင် မတိုးတက်လာသေးတာလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်”

“ဒီတော့ သူ့အနေနဲ့ သူ့ကိုယ်သူအတွက် ပွဲထွက်ကစားခွင့်နေရာကို အတိအကျမသတ်မှတ်ထားနိုင်ခဲ့ဘူး။ သူဘာလုပ်နေလဲဆိုတာ ကြည့်ရတာကိုက စိတ်ဝင်စားစရာကောင်းပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဆိုတာကလည်း တစ်ခါတစ်လေကျတော့ ကစားသမားတွေကို စာချုပ်ကုန်တဲ့အထိ နေခိုင်းပြီးမှ ထွက်ခွါခွင့်ပေးရတာမျိုးကို သဘောကျနေတတ်ကြပြန်ရော။ ရာသီကုန်အထိသာ ဆက်နေကွာ၊ ပြီးရင် မင်းသွားလို့ရပြီလို့ သူတို့အနေနဲ့ ပြောကောင်းပြောနိုင်ပါတယ်။ တစ်ယောက်မှပြန်မခေါ်ဘဲ ဒီလိုထွက်ခွါခွင့်ပေးလိုက်မယ်ဆိုရင် အံ့ဩစရာဖြစ်ကောင်းဖြစ်နေနိုင်ပါလိမ့်မယ်။ သူ့ကစားဟန်က တော့တင်ဟမ် ဒါမှမဟုတ် အာဆင်နယ်နဲ့ သင့်တော်နေလိမ့်မယ်။ နယူးကာဆဲလ်လိုအသင်းတွေကို မလေးမစားလုပ်တာတော့ မဟုတ်ပေမယ့် သူတို့က တိုးတက်ဖို့ အခုမှ စလုံးရေးစ နေရတဲ့ အသင်းတစ်သင်းလေ”

“သူ့ကိုလိုချင်တဲ့ အသင်းကောင်းတစ်သင်းက အဆန်စီယိုကို ကူညီပေမးယ်လို့တော့ ထင်တာပဲ။ သူ့အနေနဲ့ အခုအချိန် နယူးကာဆဲလ်မှာ စုစည်းနိုင်မယ့် ကစားသမားလို့ မထင်ထားဘဲ အဲဒီမှာဆို ဆယ်ယောက်လောက်ကို ကျော်ဖြတ်ပြီးမှ ဂိုးအများကြီး သွင်းနိုင်ဖို့ပဲ မျှော်လင့်ရမှာ။ သူက အဲဒီလို ကစားသမားမျိုးလည်း မဟုတ်ပြန်ဘူးလေ။ ကျွန်တော်ထင်တာတော့ သူ့အနေနဲ့ ပိုပြီးကောင်းကောင်းမွန်မွန်ဝန်းရံထားတဲ့ အသင်းမှာမှ ပိုသင့်တော်နေလိမ့်မယ်လို့ထင်တာပဲ။ တော့တင်ဟမ်နဲ့ အာဆင်နယ်ဆိုရင် လိဂ်ရဲ့ထိပ်ပိုင်းနားမှာရှိပြီး ဒီလိုပုံစံမျိုးကစားတာပဲလေ”လို့ ပြောလာခဲ့တဲ့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

ZAWGYI: လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း စတိဗ် မက်မာနာမန်အနေနဲ့ စပိန်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား မာကို အဆန်စီယိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက သူ့အနာဂါတ်ကို ပြန်လည်စဉ်းစားသင့်တယ်လို့ ယုံကြည်နေပြီး အာဆင်နယ် သို့မဟုတ် တော့တင်ဟမ်ဟော့စပါးစ်မှာဆို အဆင်ပြေနိုင်ကြောင်း ပြောသွားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆန်စီယိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံး ၁၂ လထဲကို ရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် အသင်းကနေ ထွက်ခွါဖို့အတွက် သတင်းကြီးနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။