အာဆင်နယ်် အသင်းကတော့ ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိပြီး အဆင့် ၄ နေရာကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းမှာ စပါး အသင်းက လက်စတာ အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အာတီတာရဲ့ အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းကလည်း အနိုင်ရရှိခဲ့ပြီး သူတို့ရဲ့ မြို့ခံပြိုင်ဘက် အသင်းအပေါ်ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂန်းနားတို့ဟာ ရော့ဘ်ဟိုးဒင်းနဲ့ ဂါဘရီရယ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အရေးပါတဲ့ ရမှတ် ၃မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ရော့ဘ်ဟိုးဒင်းရဲ့ သွင်းဂိုးကတော့ ဒါဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးဖြစ်ပြီး မကြာခင်မှာပဲ ဘိုဝမ်က ပြန်လည်ချေပခဲ့ပါတယ်။ ဒါပေမဲ့ ဂါဘရီရယ်က အားပါပြင်းထန်တဲ့ ခေါင်းတိုက် သွင်းဂိုးနဲ့ ဦးဆောင်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ ကဲ ဒီတွေ့ဆုံမှုကနေ ထူးထူးခြားခြား ပြောစရာ အချက်လေးတွေကို ကြည့်လိုက်ရအောင်ဗျာ။

ဟိုးဒင်းရဲ့ မှတ်တမ်း။ ။ ရော့ဘ်ဟိုးဒင်းက အာဆင်နယ် အသင်းရဲ့ ဟီးရိုးဖြစ်ခဲ့ပြီး သူက မြောက်လန်ဒန် အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဆာကာရဲ့ ထောင့်ကန်ဘောကနေ တစ်ဆင့် ဧည့်သည် အသင်းကို ဦးဆောင်စေခဲ့ပါတယ်။ ဒါဟာ ဟိုးဒင်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးဖြစ်ပါတယ်။ သူဟာ လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး သူ့ရဲ့ အရေးပါတဲ့ သွင်းဂိုးနဲ့အတူ အသင်းကို ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဟာ အောင်ပွဲခံနေစဥ်အတွင်း ဆာကာနဲ့ အတူ အပြုံးတွေ မျှဝေခဲ့ပါတယ်။ ဒေါ်ဆန်နဲ့ ဆိုရှက်တို့ရဲ့ မပါဝင်နိုင်မှုဟာ ဝက်စ်ဟမ်းအသင်းကို အထိနာစေခဲ့ပြီး သူတို့ရဲ့ ကာကွယ်မှုတွေကိုတော့ မတွေ့မြင်ခဲ့ရပါဘူး။

ချေပဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘိုဝမ်။ ။ အာဆင်နယ် အသင်းဟာ သူတို့ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ရမ်စ်ဒေးလ်ကသာ ကာကွယ်မှုတွေ ပြုလုပ်နေခဲ့ရပြီး ဂန်းနားတို့ဟာ ကောင်းကောင်း ဦးမဆောင်နိုင်ခဲ့ပါဘူး။ ပြီးတော့ ဘိုဝမ်ဟာ သူ့ရဲ့ ဘယ်ခြေကန်ချက်နဲ့အတူ အောက်ထောင့်ကို အဆုံးသတ်ခဲ့ပြီး ချေပနိုင်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ ဒါဟာ သူတို့ရဲ့ ညံ့ဖျင်းတဲ့ ကာကွယ်မှုကြောင့်ပါ။ ဝက်စ်ဟမ်းကတော့ ပြီးခဲ့တဲ့ ရာသီတစ်လျောက်က ခြေစွမ်းလိုပဲ ပြန်လည်တုန့်ပြန်ခဲ့ပြီး ပထမပိုင်း ပြီးဆုံးခါနီးမှာ ချေပဂိုးနဲ့ ထိုက်တန်ခဲ့ပါတယ်။

ကယ်တင်ရှင် ဂါဘရီရယ်။ ။ အာဆင်နယ် အသင်းကတော့ ဒုတိယပိုင်းမှာ ကောင်းကောင်းစတင်နိုင်ခဲ့ပြီး ဒါဟာ အမ်းမရိတ် အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ နောက်ထပ် ဗဟိုနောက်ခံလူ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အသင်းကတော့ ထောင့်ကန်ဘောကို ရှင်းထုတ်နိုင်ခြင်း မရှိခဲ့ပဲ မာတီနယ်လီက ဘောလုံးကို အသာလေး မ တင်ပေးခဲ့ပါတယ်။အဆိုပါ ဘောလုံးကို စောင့်ဆိုင်းနေခဲ့တဲ့ သူကတော့ ဂါဘရီရယ်ဖြစ်ပြီး အနီးကပ် ခေါင်းတိုက်ပြီး အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ယခုနှစ်ရာသီ ဂန်းနားရဲ့ အဓိက ပြသနာကတော့ ပွဲစဥ်မှာ သွင်းဂိုးအတွက် ပြသနာဖြစ်နေခဲ့ပေမဲ့ ဘယ်သူမှ ဂိုးမသွင်းနိုင်ချိန် ဘယ်သူက နံပါတ် ၉ ကစားသမား လိုမလဲ။ ဗဟိုနောက်ခံလူ ၂ ယောက်က သွင်းဂိုးတွေ ရှာဖွေပေးနိုင်ပါတယ်။

တိုမီယာဆုရဲ့ အခြေအနေ။ ။ တိုမီယာဆုဟာ ၃လ လောက် အရံခုံမှာ ထိုင်ခဲ့ရပြီးနောက် ဝက်စ်ဟမ်းနဲ့ ပွဲစဥ်မှာ ပြန်လည် ပွဲထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒဏ်ရာ အခြေအနေကတော့ ဆက်လက် ကြာရှည်မဲ့ အလားအလာ ရှိနေပါတယ်။ ဂျပန်သားရဲ့ ကောင်းမွန်တဲ့ ရာသီကတော့ သူ့ရဲ့ ကြွက်သားဒဏ်ရာကြောင့် ပြသနာ ဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့ မပါဝင်နိုင်မှုကြောင့် စီဒရစ်က ညာအစွန်မှာ ပါဝင်လာခဲ့ပါတယ်။

ဒါပေမဲ့ နောက်ခံလူဟာ ပြီးခဲ့တဲ့အပတ် ယူနိုက်တက်ကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ ပေါ်တူဂီ နောက်ခံလူအစား အရံခုံကနေ ပါဝင်လာခဲ့ပါတယ်။ တိုမီယာဆုဟာ ဒဏ်ရာပြသနာကို ကျော်ဖြတ်နိုင်ခဲ့ပြီး လန်ဒန် ကွင်းကြီးထဲမှာ ပြန်လည်ပါဝင်လည် ပါဝင်လာခဲ့ပါတယ်။ သူဟာ ဝက်စ်ဟမ်းရဲ့ တိုက်စစ်ခြိမ်းခြောက်မှုကို အသာလေး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ညာအစွန်လူဟာ ဒဏ်ရာရရှိပုံ ပေါ်ခဲ့တာကြောင့် စီဒရစ်နဲ့ လူစာလဲခဲ့ရပါတယ်။

ပေးဆပ်မှု သိပ်ပြီး မကြီးမားခဲ့တဲ့ မိုရက်ရဲ့ စွန့်စားမှု။ ။ အာဆင်နယ်ကတော့ မိုရက်ဟာ သူ့အသင်းကို ဘယ်လို ပွဲထွက်လာစေမယ်မှန်း သိမထားပါဘူး။ ဝက်စ်ဟမ်း နည်းပြဟာ ဖရန်းဖတ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဥ် မတိုင်ခင် အဓိက ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆိုရှက်နဲ့ အန်တိုနီယိုတို့ကိုတော့ ဂျာမနီမြေကို သွားရောက် ရင်ဆိုင်နိုင်ဖို့ အနားပေးထားခဲ့ပါတယ်။

သူတို့ဟာ ဘွန်ဒက်စ်လီဂါ အသင်းကို ၂ဂိုး ၁ဂိုးနဲ့ နောက်က လိုက်ကစားရမှာ ဖြစ်ပြီး ရလဒ်အနေနဲ့ကတော့ အိမ်ရှင်အသင်းဟာ အားနည်းခဲ့ပါတယ်။ အန်တိုနီယို မပါဝင်နိုင်ခြင်းဟာ ဝက်စ်ဟမ်းအသင်း တိုက်စစ်စတင်တဲ့အခါ တိကျတဲ့ ဦးတည်ချက် မရှိခဲ့ပါဘူး။ သူတို့မှာ ဧရိယာအတွင်း အဆုံးသတ်မဲ့ ကစားသမား မပါဝင်တာကြောင့် အာဆင်နယ်အသင်းကတော့ သူတို့တိုက်စစ်ကို အလွယ်လေး ကိုင်တွယ်နိုင်ခဲ့ပါတယ်။

အဆင့် ၄ ယှဥ်ပြိုင်မှုမှာ အကျိုးရှိခဲ့တဲ့ အာဆင်နယ်။ ။ တနင်္ဂနွေနေ့ စပါး အသင်းရဲ့ လက်စတာ အသင်းအပေါ် နိုင်ပွဲရရှိမှုဟာ အာဆင်နယ်တို့ အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လိုတယ်လို့ ဆိုလိုတာပါ။ အဲလိုမှ မဟုတ်ရင်တော့ သူတို့ အဆင့် ၅ နေရာကို ကျဆင်းသွားနိုင်ပါတယ်။ ပြီးတော့ သူတို့ဟာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပြီး သူတို့ရဲ့ မြို့ခံပြိုင်ဘက် အပေါ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ ၃ မှတ် ဖြစ်ခဲ့ပြီး အာဆင်နယ် အသင်းကတော့ အဆင်ပြေပြေ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။ ယခုနှစ် ရာသီ လက်ကျန် ၄ ပွဲ ကျန်ရှိနေပြီး အာဆင်နယ် အသင်းက ကွန်တီရဲ့ အသင်းအထက် ၂မှတ် အသာနဲ့ တက်လှမ်းထားနိုင်တာကို မြင်ရပြီး ထိပ်သီး ၄ သင်းမှာ ရပ်တည်နိုင်တာဟာ အံ့သြစရာမရှိပါဘူး။