အဂ်လန်အသင်းရဲ့ ပရိသတ်တွေဟာ ယူရို ၂၀၂၂ အမျိုးသမီး ပြိုင်ပွဲမှာ အဂ်လန်အမျိုးသမီး အသင်း ဗိုလ်စွဲခဲ့ ပြီးတဲ့နောက် အဂ်လန်အမျိုးသား အသင်းအတွက် အမျိုးသမီး နည်းပြ ဖြစ်သူ ဆာရီနာ ဝီဂ်မန်းကို ပြောင်းလဲ ခန့်အပ်ဖို့ တောင်းဆိုလာကြပါတယ်။ အသက် ၅၂ နှစ် ရှိနေပြီဖြစ်တဲ့ ဆာရီနာဟာ အဂ်လန်အမျိုးသမီး အသင်းကို ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ယောက်ပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာမှာ အဂ်လန်အမျိုးသမီး အသင်းရဲ့ နည်းပြ အဖြစ် စတင် တာဝန်ယူကိုင်တွယ်ခဲ့ ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြသ် အဓိက ဆုဖလားတစ်လုံးကို ရရှိအောင် စွမ်းတောင်ပြ သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဂ်လန်အမျိုးသမီး အသင်းဟာ ဝင်ဘလေကွင်းကြီးထဲမှာ ဂျာမနီ အမျိုးသမီးအသင်းနဲ့ အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ရပြီးတဲ့နောက် အချိန်ပိုမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့အတူ ၂ဂိုး ၁ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ ပြီး ယူရို၂၀၂၂ ခန်ပီယံ ဆုကြီး ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

အဂ်လန် အမျိုးသားအသင်းရော အမျိုးသမီးအသင်းပါ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အဓိက ဆုဖလား ရယူနိုင်ခြင်းမရှိတော့တာ ၅၆ နှစ်အထိ ကြာမြင့်လာခဲ့ပြီးတဲ့နောက် ဆာရီနာက ချန်ပီယံဖြစ်အောင် ဦးဆောင်ကာ စွမ်းဆောင်ပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဂ်လန်အသင်းရဲ့ ပရိသတ်တွေကတော့ ဆာရီနာ အနေနဲ့ အဂ်လန်အမျိုးသား အသင်းကိုလည်း ကောင်းစွာ ကိုင်တွယ်နိုင်မယ့်သူ အဖြစ် ယူရို ၂၀၂၂ ဗိုလ်လုပွဲအပြီးမှာ ယုံကြည်လာနေခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ တွစ်တာကနေတဆင့် လက်ရှိ အဂ်လန်အမျိုးသားနည်းပြ ဆောက်ဂိတ်ရဲ့နေရာမှာ ဆာရီနာနဲ့ အစားထိုးပြောင်းလဲ ခန့်အပ်မှုတွေ ပြုလုပ်ဖို့အတွက် အသင်းပရိသတ်တွေက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာလည်းပဲ ဖြစ်ပါတယ်။ အဂ်လန်အမျိုးသမီး အသင်းဟာဆာရီနာ တာဝန်ယူတဲ့အချိန်ကနေ စတင်ပြီးတော့ ခြေစွမ်းပိုင်းတွေ တိုးတက်လာခဲ့တာ ဖြစ်ပြီး ယူရို ၂၀၂၂ ခုနှစ် ပြိုင်ပွဲမှာ ရှုံးပွဲတပွဲမှ မရှိခဲ့တဲ့အပြင် ပွဲစဥ်တလျှောက် သွင်းဂိုး ၂၂ ဂိုးအထိပါ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲတလျှောက် လှပကောင်းမွန်တဲ့ လူစားလဲလှယ်မှုတွေပြုလုပ် နိုင်ခဲ့တဲ့ အချက်ဟာ ပရိသတ်တွေ ဆာရီနာကို သဘောကျရတဲ့ အချက်တွေထဲက တစ်ခုဖြစ်ခဲ့ ပြီး ဆာရီနာရဲ့ နည်းပြ အရည်အသွေးအပေါ် ယုံကြည်မှုတွေ ပိုပြီးတော့ ရှိလာခဲ့ရတာလည်းပဲ ဖြစ်ပါတယ်။ အဂ်လန်အမျိုးသမီးအသင်းကို တာဝန်ယူတာ ဆယ်လသာ ရှိခဲ့သေးပေမဲ့ အမျိုးသမီးရဲ့ ပြောင်းလဲမှုတွေကတော့ တော်တော်လေးကို ကြီးမားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ အဂ်လန်အမျိုးသား အသင်းမှာ ဆွဲဆောင်မှု သိပ်မရှိတဲ့ ကစားဟန်တွေနဲ့ ပြိုင်ပွဲတွေမှာ အခြေအ​မေလှဖြစ်နေတဲ့ ဆောက်ဂိတ်ရဲ့ နေရာကို ဆာရီနာနဲ့၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ အစားထိုးဖို့အတွက် အသင်းပရိသတ်တွေက တောင်းဆိုမှုတွေ ပြုလုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ အဂ်လန်အမျိုးသားအသင်းကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်နဲ့ ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ဖိုင်နယ် အထိရောက်ရှိအောင် စွမ်းဆောင်ပြထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့် ကမ္ဘာ့ဖလားမှာတော့ ပရိူတ်တွေက အဂ်လန်အမျိုးသား အသင်းအပေါ် မျှော်လင့်ချက်တွေ ကြီးကြီး မားမား ထားနေကြတာ ဖြစ်ပြီးဆယ်လနဲ့ ဖလားရယူပေးနိုင်တဲ့ ဆာရီနာနဲ့ ဆောက်ဂိတ်နေရာကို အစားထိုးဖို့ တောင်းဆိုလာခဲ့ကြတာပါ။ အဂ်လန်ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ပရိသတ်တွေရဲ့ တောင်းဆိုးမှုကို လိုက်လျောပြီး ဆာရီနာကို တကယ်ပဲ အဂ်လန်အမျိုးသား အသင်းရဲ့ နည်းပြ သစ်အဖြစ် ခန့်အပ်သွားမလား ဆိုတာကတော့…။

ZAWGYI: အဂ်လန်အသင်းရဲ့ ပရိသတ်တွေဟာ ယူရို ၂၀၂၂ အမျိုးသမီး ပြိုင်ပွဲမှာ အဂ်လန်အမျိုးသမီး အသင်း ဗိုလ်စွဲခဲ့ ပြီးတဲ့နောက် အဂ်လန်အမျိုးသား အသင်းအတွက် အမျိုးသမီး နည်းပြ ဖြစ်သူ ဆာရီနာ ဝီဂ်မန်းကို ပြောင်းလဲ ခန့်အပ်ဖို့ တောင်းဆိုလာကြပါတယ်။ အသက် ၅၂ နှစ် ရှိနေပြီဖြစ်တဲ့ ဆာရီနာဟာ အဂ်လန်အမျိုးသမီး အသင်းကို ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ယောက်ပဲ ဖြစ်ပါတယ်။