ဆလီဘာ က နွေရာသီမှာ အာဆင်နယ် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို အဆုံးသတ် ပေးလိုက်ပြီး အာဆင်နယ် အသင်း နဲ့ ပရိသတ်တွေ အတွက် ကစားပေးချင်ကြောင်း ပြောကြား လိုက်ပါတယ် ။ ဆလီဘာ ဟာ ပြီးခဲ့တဲ့ ရာသီက မာဆေးလ် အသင်းမှာ အငှားသွားကစားခဲ့ကာ ပုံစံကောင်းတွေ ပြသ နိုင်ခဲ့ပြီး ပြင်သစ် လီဂူး ၁ ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိရုံသာမက ပြင်သစ် လီဂူး ၁ ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာလည်း ပါဝင် ခဲ့ပါတယ် ။

မာဆေးလ် အသင်းဟာ ဆလီဘာ ကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒ ရှိပေမယ့် အာဆင်နယ် အသင်းဘက်က လုံးဝ လက်မခံပါဘူး ။အာဆင်နယ် အသင်းဟာ ဆလီဘာ ကို ပွဲထွက် ကစားခွင့် ပေးမယ်လို့ အာမခံချက် ပေးထားပြီး စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။ ဆလီဘာ ဟာ အာဆင်နယ် အသင်း နဲ့ ၂၀၂၄ ခုနှစ်မှာ စာချုပ် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။ ဆလီဘာ ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့လတုန်းက ချန်ပီယံလိဂ် ကစားချင်တာကြောင့် မာဆေးလ် အသင်းမှာ ဆက်လက် ကစားချင်ကြောင်း ပြောကြားခဲ့ဖူးပါတယ် ။

ဒါပေမယ့် အခု အခါမှာတော့ ဆလီဘာ ဟာ အာဆင်နယ် မှာပဲ ကစားသွားမယ်လို့ ပြောကြား လိုက်ပါတယ် ။ ” ကျွန်တော် က အာဆင်နယ် အသင်းနဲ့ သက်ဆိုင်သူပါ ၊ စာချုပ် သက်တမ်း ၂ နှစ်လောက် ကျန်ရှိနေပါသေးတယ် ၊ ကျွန်တော် အာဆင်နယ် အသင်းကို ပြန်လာမှာ ဖြစ်ပါတယ် ၊ ကျွန်တော် အာဆင်နယ် အတွက် တစ်ပွဲမှ မကစားဖူးသေးပါဘူး ။ ဒါကြောင့် ကျွန်တော့်ရဲ့ပုံစံ အစစ်အမှန်ကို ချပြချင်ပြီး ပရိသတ်တွေ နဲ့ အာဆင်နယ် လို ထိပ်တန်းအသင်းကြီး အတွက် ကစားဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆလီဘာ ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ စိန့်အက်တီယန် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ၊ ငါးနှစ် စာချုပ် နဲ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာပဲ အသင်းဟောင်း စိန့်အက်တီယန် အသင်းထံ တစ်ရာသီ အငှား သွားကစားခဲ့ပါတယ် ။ ဆလီဘာ ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက ရာသီကြို ခြေစမ်းပွဲ ဖြစ်တဲ့ Mk ဒွန်းစ် နဲ့ ပွဲမှာပဲ အာဆင်နယ် အသင်းကြီးအတွက် ပွဲထွက် ကစားခဲ့ဖူးပြီး အခုထက်ထိ အသင်းကြီး အတွက် တရားဝင် ပြိုင်ပွဲတွေမှာ ပါဝင် ကစားရခြင်း မရှိသေးပါဘူး ။

ZAWGYI: ဆလီဘာ က နွေရာသီမှာ အာဆင်နယ် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို အဆုံးသတ် ပေးလိုက်ပြီး အာဆင်နယ် အသင်း နဲ့ ပရိသတ်တွေ အတွက် ကစားပေးချင်ကြောင်း ပြောကြား လိုက်ပါတယ် ။ ဆလီဘာ ဟာ ပြီးခဲ့တဲ့ ရာသီက မာဆေးလ် အသင်းမှာ အငှားသွားကစားခဲ့ကာ ပုံစံကောင်းတွေ ပြသ နိုင်ခဲ့ပြီး ပြင်သစ် လီဂူး ၁ ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိရုံသာမက ပြင်သစ် လီဂူး ၁ ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာလည်း ပါဝင် ခဲ့ပါတယ် ။