အက်သလက်တီကို မက်ဒရစ် နဲ့ စာချုပ်ပြည့်လို့ လမ်းခွဲလာတော့မယ့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် ဟာ တချိန်က သူ ကျဉ်လည် ပျော်ရွှင်ခဲ့ရာ ပရီးမီးယားလိဂ် ကို ပြန်လာနိုင်တဲ့ အလားအလာ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။ ဆွာရက် ဟာ လက်ရှိ ဗီလာ နည်းပြ ဂျရတ် ၊ ဗီလာ ကွင်းလယ်လူ ကော်တင်ဟို တို့နဲ့ လီဗာပူးမှာ အတူ တွဲ ကစားခဲ့ကြဖူးတာကြောင့် ဗီလာ ဂျာစီ နဲ့ မြင်တွေ့ရဖို့ ဘွတ်ကီဒိုင်တွေမှာ အလေးစတင်ဖွင့်လှစ်နေပြီလို့ ကြားသိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဟာ ယူဗင်တပ် ကနေ ထွက်ခွာလာတော့မယ့် ပေါ်လို ဒိုင်ဘားလား ကို စိတ်ဝင်စားမှု မရှိဘူးလို့ သိရ ပါတယ် ။ ဒိုင်ဘားလား ဟာ သူချစ်တဲ့ ယူဗင်တပ် နဲ့ လမ်းခွဲ အပြီးမှာ အခြား အီတလီ ကလပ်တွေဆီ မသွားရောက်ဘဲ အခြားလိဂ်တွေကိုသာ ပြောင်းရွှေ့ဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ် ။ စပါး နည်းပြ ကွန်တီ ဟာ ကစားအားကောင်းတဲ့ ဗီလာ ကွင်းလယ်လူ ဂျွန်မက်ဂင်း ကို သဘောကျ နှစ်သက်နေတယ်လို့ သိရပါတယ် ။ အာဆင်နယ် ကတော့ ဘာစီလိုနာ ကစားသမားတွေ ဖြစ်တဲ့ ဆင်မြူရယ် အမ်တီတီ နဲ့ မမ်းဖစ် ဒီပိုင်း တို့အတွက် မေးမြန်း စုံစမ်းခဲ့တယ်လို့ ကြားသိရ ပါတယ် ။

စီးရီးအေ ကလပ် လာဇီယို ဟာ ရှက်တာဒိုးနက် က ဘရာဇီး ကွင်းလယ်လူ မားကိုစ့် အန်တိုနီယို ကို ယူရို ၈ သန်း + ဆုကြေး ၂ သန်း တို့နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ် ။ လာဇီယို ဟာ မားကိုစ့် အန်တိုနီယို ကို အသင်းကနေ စာချုပ်ပြည့်လို့ ထွက်ခွာတော့မယ့် လူးကပ်စ် လိုင်ဗာ ရဲ့ နေရာအတွက် ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ် ။ ခီလီယံ အမ်ဘာပေ ကို ရီးရဲမက်ဒရစ်ထံ လက်လွှတ်ရဖို့ သေချာနေတဲ့ PSG ဟာ လီဗာပူး တိုက်စစ်မှူး မာနေး ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး လီဗာပူး ကနေ ဒီနှစ် နွေရာသီမှာ ထွက်ခွာလာခဲ့ပါက အရ ခေါ်ယူဖို့ စီစဉ် နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

PSG ကွင်းလယ်လူ ဗာရက်တီ ကတော့ သူ့ရဲ့ စာချုပ်သစ် ကိစ္စကို အသင်းတာဝန်ရှိသူတွေ နဲ့ စတင် ညှိနှိုင်းနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး သူ့အနေနဲ့ ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ် ဒီအသင်းမှာ ဆက်နေဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်း ၊ ညှိနှိုင်းမှုတွေဟာ အသင်းလူကြီးတွေရဲ့ အစီအစဉ်သာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။ ဒီရာသီမှာ အငှားထွက် ကစားခဲ့ကြတဲ့ အာမန်ဒို ဘရိုဂျာ နဲ့ ကော်နာ ဂယ်လာဟာ တို့ဟာ ချဲလ်ဆီးရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်လာမယ်လို့ နည်းပြ တူချယ်က အတည်ပြု ပြောဆိုသွားခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ အမေရိက ကို ရာသီကြို ခရီးအဖြစ် သွားရောက်မှာ ဖြစ်ပြီး အာဆင်နယ် နဲ့ ကစားဖို့ စီစဉ်ထားသလို ချားလော့ဒ် အက်ဖ်စီ ၊ ကလပ် အမေရိက တို့နဲ့လည်း ခြေမ်းပွဲတွေ ကစားသွားမှာ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်သွားခဲ့ ပါတယ် ။ ယူဗင်တပ် ဟာ PSG နဲ့ စာချုပ်ပြည့်ပြီး ထွက်ခွာလာတော့မယ့် အာဂျင်တီးနား ကွင်းလယ် ကစားသမားကြီး အန်ဟဲ ဒီမာရီယာ ကို ခေါ်ယူနိုင်ဖို့ ပြောဆို ဆွေးနွေး နေပြီလို့ ကြားသိရ ပါတယ် ။

လက်စတာ စီးတီး ရဲ့ ဝါရင့် ဂိုးသမားကြီး ရှမိုက်ကယ် ဟာ ဝက်ဖိုဒ့် နဲ့ ပွဲမှာ သူ့ကို ချန်လှပ် ခဲ့မှု အတွက် စိတ်ဆိုး ဒေါသထွက် နေပြီး အသင်း နည်းပြ ရော်ဂျာ နဲ့ အဆင်မပြေဘူးဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။ လက်စတာ ဟာ ဘရိုက်တန် ဂိုးသမား ရောဘတ် ဆန်ချက် ကို စောင့်ကြည့်နေပြီး ရှမိုက်ကယ် ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ ကြံရွယ် နေတယ်လို့ သိရပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဟာ ဖရန်ကီ ဒီယွန် ကို စိတ်ဝင်စားနေတာ မှန်ပေမယ့် အလွန်များပြားတဲ့ ပြောင်းရွှေ့ကြေး ကိုတော့ မိုက်မိုက်မဲမဲ အသုံးပြုမှာ မဟုတ်ဘူးလို့ ဘာစီလိုနာ ဘက်ကို အကြောင်းပြန်ထားတယ် လို့ ကြားသိရပါတယ် ။

ယူနိုက်တက် နည်းပြသစ် ဖြစ်လာတော့မယ့် အဲရစ် တန်ဟတ် ဟာ မနေ့က လန်ဒန် ကို ရောက်ရှိလာခဲ့ပြီး ပဲလေ့စ် – ယူနိုက်တက် ပွဲစဉ်ကို ကြည့်ရှု အပြီးမှာ မန်ချက်စတာ ကို ထွက်ခွာပြီး စတင် အလုပ်လုပ်တော့မယ်လို့ သိရှိရ ပါတယ် ။ နယူးကာဆယ် နည်းပြ အက်ဒီဟောင်း ကလည်း သူတို့ ဟာ နွေရာသီမှာ ဘဏ္ဍာရေး စည်းမျဉ်း ကို ချိုးဖောက်တဲ့ အထိ ငွေသုံးကြမ်းဖို့ မရှိဘူးလို့ ပြောဆိုသွားခဲ့ ပါတယ် ။

ဒါပေမယ့် နယူးကာဆယ် ဟာ အဲဗာတန် ရဲ့ ဒိုမီနစ် ကယ်ဗက် လီဝင်း ၊ ဘင်ဖီကာ ရဲ့ ဒါဝင်နူနက်ဇ် ၊ လိဒ် ရဲ့ ပက်ထရစ် ဘမ်ဖိုဒ့် တို့ကို တိုက်စစ်မှူး ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး အနည်းဆုံး တဦးကို အရခေါ်ဖို့ စီစဉ် ထားကြောင်း ကြားသိရပါတယ် ။ ဘာစီလိုနာ တိုက်စစ်မှူးကြီး ပီယာ အင်းမရစ် အော်ဘားမီးယန်း ကတော့ ဂါဘွန် လက်ရွေးစင် အသင်းကနေ အနားယူလိုက်ကြောင်း မနေ့က အသိပေး ကြေညာသွားခဲ့ ပါတယ် ။ ယမန်နေ့ ညက ကစားသွားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ဂျာမန် ကလပ် ဖရန့်ဖွတ် ဟာ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ရပြီး ချန်ပီယံ အဖြစ် ဗိုလ်စွဲ အောင်ပွဲခံ သွားခဲ့ ပါတယ် ။

ဒါဟာ ဖရန့်ဖွတ် အတွက် ၁၉၈၀ နောက်ပိုင်း ယူရိုပါလိဂ် ကို ဒုတိယ အကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ဥရောပ စူပါဖလား ကစားခွင့်တွေကိုပါ ရရှိသွားခဲ့ ပါတယ် ။ သာမာန် ပွဲကစားချိန်အတွင်း ၁ ဂိုးစီ သရေကျနေခဲ့တဲ့ ဒီပွဲမှာ ဗီလိန် ဖြစ်ခဲ့သူကတော့ အာရွန်ရမ်ဆေး ဖြစ်ပြီး ပင်နယ်တီ အဆုံးအဖြတ် ပြုလုပ်ခါနီးမှ လူစားလဲ ဝင်ရောက်လာခဲ့ကာ သူ့ရဲ့ ပင်နယ်တီကို ဖရန့်ဖွတ် ဂိုးသမား ကီဗင် ထရပ် က ကာကွယ်သွားနိုင် ခဲ့တာပဲ ဖြစ်ပါတယ် ။

ZAWGYI: အက်သလက်တီကို မက်ဒရစ် နဲ့ စာချုပ်ပြည့်လို့ လမ်းခွဲလာတော့မယ့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် ဟာ တချိန်က သူ ကျဉ်လည် ပျော်ရွှင်ခဲ့ရာ ပရီးမီးယားလိဂ် ကို ပြန်လာနိုင်တဲ့ အလားအလာ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။ ဆွာရက် ဟာ လက်ရှိ ဗီလာ နည်းပြ ဂျရတ် ၊ ဗီလာ ကွင်းလယ်လူ ကော်တင်ဟို တို့နဲ့ လီဗာပူးမှာ အတူ တွဲ ကစားခဲ့ကြဖူးတာကြောင့် ဗီလာ ဂျာစီ နဲ့ မြင်တွေ့ရဖို့ ဘွတ်ကီဒိုင်တွေမှာ အလေးစတင်ဖွင့်လှစ်နေပြီလို့ ကြားသိရ ပါတယ် ။