အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းအတွက် ကစားသမား သမိုင်းတစ်လျောက် ဂိုး ၅၀ ပြည့်မြောက်ခဲဲ့တဲ့ ဒုတိယ ကစားသမား ဖြစ်လာခဲ့တာကြောင့် ဝမ်းသာမိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ သူဟာ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာဖို့လည်း ရည်ရွယ်ထားပါတယ်။ စပါး တိုက်စစ်မှူးဟာ သူ့ရဲ့ ၅၀ မြောက် သွင်းဂိုးကို အင်္ဂါနေ့ ညနေ ဂျာမနီနဲ့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာ ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့တာပါ။

သူဟာ စကိုတာဘက်က ပြစ်ဒဏ်ဘော ပြလုပ်ခဲ့ပြီးနောက် ရရှိလာတဲ့ ပင်နယ်တီကို ဂိုးသမား နူအာ ခန့်မှန်းတဲ့ဘက်နဲ့ ဆန့်ကျင့်ဘက်ကို ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်ဟာ အစပိုင်းမှာ ပင်နယ်တီ ပစ်ဒဏ်ဘော မပေးခဲ့ပေမဲ့ VAR စစ်ဆေးပြီးနောက် ပင်နယ်တီပေးဖို့ဆုံးဖြတ်ချက်် ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ကိန်းဟာ တည်တည်ငြိမ်ငြိမ်ပဲ သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုး ၅၀ မြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ လက်ရှိ သမိုင်းတစ်လျောက် စံချိန်တစ်ခုကို ရောက်ရှိခဲ့တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

သူဟာ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင် ရွန်းနီကို လိုက်မီနိုင်ဖို့ ၃ဂိုး သာလိုတော့တာ ဖြစ်ပါတယ်။ ပွဲစဥ်အပြီး ပြောဆိုရာမှာ ကိန်းက သူ့ရဲ့ ၅၀ မြောက် သွင်းဂိုးရရှိမှုအပေါ် စိတ်လှုပ်ရှားမိကြောင်း ဖော်ပြခဲ့ပါတယ်။ သူက ” အရမ်းကောင်းတဲ့ ခံစားမှုမျိုးပါ။ ပွဲစဥ်အစောပိုင်းမှာ ကျွန်တော် အခွင့်အရေး ၂ ကြိမ်လောက် ရရှိခဲ့ပါတယ်။ ပထမ တစ်လုံးကတော့ ဂိုးဘားတန်းကို ကျော်သွားခဲ့ပြီး ဒုတိယ တစ်ဂိုးကတော့ နူအာက လက်စွမ်းပြသွားတာပါ။ ကျွန်တော်တို့ နောက်ဆုံး မိနစ် ၃၀ လောက်ကို အကောင်းဆုံး ကစားသွားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။”

“ကြံ့ခိုင်မှုပိုင်းမှာတော့ ကျွန်တော်တို့က အရမ်းတောင့်တင်းပြီး ဂိုးရရှိနိုင်ချေတွေလည်း ရှိခဲ့ပါတယ်။ နောက်ဆုံးမှာ ဂိုးမရရှိခဲ့တာကတော့ ရှက်စရာပါပဲ။ ကျွန်တော် ဂိုးသွင်းရတာကို နှစ်သက်ပါတယ်။ အမြဲတမ်းလဲ နှစ်သက်ခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော့်နိုင်ငံအတွက်ပေါ့။ ကျွန်တော် အသင်းကို ကူညီနိုင်တဲ့ အချိန်တိုင်း ဒါဟာ အရေးကြီးဆုံးအရာလို့ ခံစားမိပါတယ်။ ဒီနေ့ည အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ရလဒ်တစ်ခုက ကောင်းခဲ့ပါတယ်။ ဒီလို ဖြစ်ဖို့ လွယ်ကူတဲ့ နေကာတော့ မဟုတ်ပါဘူး။ ”

” အခု ကျွန်တော်တို့ အနိုင်ရရှိဖို့လိုတဲ့ အိမ်ကွင်းပွဲစဥ် ၂ ပွဲ ကျန်ရှိနေပါသေးတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။ ဂါးရတ်ဆောက်ဂိတ်ရဲ့ အသင်းဟာ တွေ့ဆုံမှုရဲ့ အဓိကနေရာတွေအတွက် အသာစီးကနေ မကစားနိုင်ခဲ့ပေမဲ့ ကိန်းရဲ့ သွင်းဂိုးဟာ မြူးနစ်မှာ အရေးပါတဲ့ ရမှတ်တစ်မှတ်ကို ရရှိစေခဲ့ပါတယ်။ ဒါဟာ ဒီနေးရှင်းလိဂ် ပြိုင်ပွဲမှာ သူတို့ရဲ့ ပထမဆုံးသော ရမှတ်ဖြစ်ပြီး ဝင်ဘာလေ ကွင်းကြီးထဲမှာ ဥရောပ ချန်ပီယံ အီတလီနဲ့ ရင်ဆိုင်ရဦးမှာပါ။ ကိန်းဟာ အီတလီနဲ့ ကစားနိုင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အင်္ဂလန်ဟာ ဟန်ဂေရီနဲ့ နောက်ဆုံးအကြိမ် ရှုံးနိမ့်ခဲ့ပေမဲ့ လာမဲ့ ကမ္ဘာ့ဖလားမှာ အပြုသဘောဆောင်တဲ့ အရှိန်နဲ့ ဝင်ရောက်လာနိုင်ပါတယ်။

သူက ဆက်လက်ပြီး ” အနိုင်ရလိုစိတ်ကို ပြသနိုင်ဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီနေ့ ၁ဂိုး ခွင့်ပြုပေးထားရတာတောင် ကျွန်တော်တို့ဆီကနေ ကောင်းမွန်တဲ့ လက္ခဏာတွေ ပြသနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲစဥ်ထဲကို ပြန်လည်ရောက်ရှိလာပြီး ရလဒ်တစ်ခု ရရှ်ခဲ့ပါတယ်။ ကျွန်တော်တို့က အရမ်းကောင်းတဲ့ ဂျာမနီ အသင်းနဲ့ ကစားရတာပါ။ ဒါက ကျွန်တော်တို့ တိုးတက်မှုတွေ ရရှိနိုင်သေးတယ်ဆိုတာ ပြသနေတာပါ။ ဒါကျပေမဲ့ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပြီး ကျွန်တော်တို့ မသိလိုက်ခင်မှာပဲ ကမ္ဘာ့ဖလား ပြိုင်ပွဲက ရောက်လာတော့မှာ ဖြစ်တာကြောင့် ကျွန်တော်တို့ အကောင်းဆုံး ဆက်လက် လုပ်ဆောင်သွားရမှာပါ။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI: အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းအတွက် ကစားသမား သမိုင်းတစ်လျောက် ဂိုး ၅၀ ပြည့်မြောက်ခဲဲ့တဲ့ ဒုတိယ ကစားသမား ဖြစ်လာခဲ့တာကြောင့် ဝမ်းသာမိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ သူဟာ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာဖို့လည်း ရည်ရွယ်ထားပါတယ်။ စပါး တိုက်စစ်မှူးဟာ သူ့ရဲ့ ၅၀ မြောက် သွင်းဂိုးကို အင်္ဂါနေ့ ညနေ ဂျာမနီနဲ့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာ ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့တာပါ။