မန်ချက်စတာစီးတီး အသင်းဟာ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး လိဒ်ယူနိုက်တက်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ စီးတီးနဲ့ လိဒ်တို့ကြား ပြောင်းရွေ့ကြေးနဲ့ ပက်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်ပြေခဲ့တာကြောင့် အင်္ဂလန် လက်ရွေးစင်ဟာ အီတီဟတ်ကို ပြောင်းရွေ့ဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ စီးတီးဟာ ဖီးလစ် အတွက် ကနဦး ပြောင်းရွေ့ကြေး ပေါင် ၄၂ နဲ့ add-ons ပေါင် ၃ သန်းကို ပေးချေသွားရမှာ ဖြစ်ပါတယ်။

ဖီးလစ်ဟာ ဒီအပြောင်းအရွေ့မှာ စီးတီးရဲ့ အဓိက ကွင်းလယ်ပစ်မှတ် ဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ဟာ ပြီးခဲ့တဲ့ အပတ်က အာလင်းဟာလန်းကို ဒေါ့မွန်ကနေ ခေါ်ယူခဲ့ပြီးနောက် ဖီးလစ်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ စီးတီးဘက်က ဖီးလစ်ကို ခေါ်ယူဖို့ အတွက် ရည်ရွယ်လာခဲ့တဲ့ အချိန်မှာ လိဒ်ဟာ အင်္ဂလန်စတားကို လက်လွှတ်သွားရမယ့် အရေးကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ အခုချိန်မှာ အားလပ်ရက်ခရီးထွက်နေပြီး လာမည့် ဇူလိုင် ၄ ရက်နေ့မှာ လိဒ်ရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်ကို report လုပ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးနဲ့ လိဒ် တို့ကြား သဘောတူညီမှု ရသွားခဲ့တာကြောင့် အပြောင်းအရွေ့ဟာ လာမည့် အပတ်မှာ အပြီးသတ်သွားဖို့ ရှိနေပါတယ်။ ဖီးလစ်ဟာ လိဒ်အကယ်ဒမီ ကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်ပြီး နည်းပြဟောင်း မာဆယ်လိုဘီယယ်ဆာရဲ့ လက်အောက်မှာ အဓိက ကစားသမား အဖြစ် ထွန်းတောက်လာခဲ့ကာ လိဒ်နဲ့ စာချုပ် ၂ နှစ် ကျန်နေပါသေးတယ်။

စီးတီးရဲ့ စိတ်၀င်စားမှု ထွက်ပေါ်လာချိန်မှာတော့ ဖီးလစ်ဟာ အီတီဟတ်ကို ပြောင်းဖို့အတွက် စိတ်အားထက်သန်နေခဲ့တာ ဖြစ်ပြီး ဒီအပြောင်းအရွေ့ဟာ ချန်ပီယံလိဂ်မှာ ကစားခွင့်ရမယ့် အပြင် လာမည့် ကာတာ ကမ္ဘာ့ဖလား အတွက် အင်္ဂလန် လက်ရွေးစင် အသင်းမှာ နေရာ တစ်နေရာ ရရှိနိျုငျဖို့လညျး သေချာသွားခဲ့သလိုပါပဲ။ လိဒ်ဟာ ဒီနွေရာသီမှာ ဘိုင်ယန်မြူးနစ်မှ မက်ရိုခါကို ခေါ်ယူထားခဲ့ပြီး ဖြစ်တဲ့ အပြင် ဖီးလစ်သာ စီးတီးကို ပြောင်းသွားခဲ့မယ်ဆိုရင် နောက်ထပ် ကွင်းလယ်လူ တစ်ဦးကို အားဖြည့်သွားဖို့ ရည်ရွယ်ထားပါတယ်။

RB လိုက်ပ်ဇစ်ရဲ့ တိုင်လာအဒမ်ဟာ လိဒ်တို့ ပစ်မှတ်ထားနေတဲ့ သူတွေထဲမှာ ပါ၀င်နေပြီး အဒမ်ဟာ နယူးရော့ရက်ဘူးမှာတုန်းက အခု လိဒ်ရဲ့ နည်းပြ ဖြစ်တဲ့ ဂျယ်စီမက်ခ်ျ နဲ့ လက်တွဲခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်အရွယ် မန်စီးတီး ကွင်းလယ်လူ ဖြစ်တဲ့ ဒါကိုဂါယာဘီ ကလည်း အယ်လန်ရုတ်ကို ပေါင် ၅ သန်းနဲ့ ပြောင်းလာနိုင်ကာ ဖီးလစ်ရဲ့ deal အပြင် ဒီအပြောင်းအရွေ့ ကိုလည်း သီးသန့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးဟာ အသက် ၃၇ နှစ်အရွယ် ဖာနန်ဒင်ညို အီတီဟတ်ကနေ ထွက်ခွာဖို့ အတည်ပြုလိုက်တဲ့ အချိန်မှာ သူတို့ လပေါင်းများစွာ စောင့်ကြည့်နေခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ဖီးလစ်ကို ခေါ်ယူရန် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ မန်နေဂျာ ပက်ဂွာဒီယိုလာဟာ ရိုဒရီ အတွက် ပြိုင်ဆိုင်မှု ပေးချင်တဲ့ အပြင် လာမည့်ရာသီ ဆုဖလား လေးလုံးအတွက် ယှဉ်ပြိုင်သွားမယ့် သူ့အသင်းရဲ့ အရန်အင်အား ကိုလည်း အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ချင်နေခဲ့တာ ဖြစ်ပါတယ်။

ZAWGYI: မန်ချက်စတာစီးတီး အသင်းဟာ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး လိဒ်ယူနိုက်တက်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ စီးတီးနဲ့ လိဒ်တို့ကြား ပြောင်းရွေ့ကြေးနဲ့ ပက်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်ပြေခဲ့တာကြောင့် အင်္ဂလန် လက်ရွေးစင်ဟာ အီတီဟတ်ကို ပြောင်းရွေ့ဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ စီးတီးဟာ ဖီးလစ် အတွက် ကနဦး ပြောင်းရွေ့ကြေး ပေါင် ၄၂ နဲ့ add-ons ပေါင် ၃ သန်းကို ပေးချေသွားရမှာ ဖြစ်ပါတယ်။