ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာခဲ့တဲ့ PSV အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ အီဗရာဟင် ဆန်ဂါရေး က ပရီးမီးယားလိဂ်မှာ ကစားရဖို့ဆိုတာ အိပ်မက်ပဲ ဖြစ်ကြောင်း ဖွင့်ပြောထားခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ နွေစျေးကွက်ထဲမှာ ကွင်းလယ် ကစားသမားချည်း 4 ဦး အထိ လက််လွှတ်ရဖို့ ရှိနေတာကြောင့် ရာသီသစ် မတိုင်မီ ကွင်းလယ်် ကစားသမား တစ်ဦးလောက်တော့ အနည်းဆုံး ခေါ်ယူ သွားဖို့ ပြင်ဆင်နေခဲ့ပါတယ် ။

ဒါဟာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာသူ အဲရစ် တန်ဟတ် အတွက်လည်း သေချာပေါက် အင်အား ဖြည့်တင်းဖို့ လုပ်ဆောင်ရမယ့် နေရာပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ ဆန်ဂါရေးဟာ နယ်သာလန် လိဂ်မှာ ကစားနေခဲ့သူ ဖြစ်တာကြောင့် တန်ဟတ်ဟာ သူ့အကြောင်း ကောင်းကောင််းသိပါတယ် ။

ဆန်ဂါရေးဟာ 2020 ခုနှစ်တုန်းက တူးလောက်စ် အသင််းမှ PSV အသင်းဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်းပြထားနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ အသက် 24 နှစ်သာ ရှိသေးတဲ့ ဆန်ဂါရေး ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို 35 သန်း ရှိတယ်လို့ သိခဲ့ရပါတယ် ။

ဒါပေမဲ့ လက်ရှိ အချိန်မှာ သူ့ကို ခေါ်ယူမယ်ဆိုရင်တော့ ယူရို 7 သန်းလောက်မျှသာ ကျသင့်လိမ့်မယ်လို့ သတင်းတွေက ဖော်​ပြနေခဲ့ကြပါတယ် ။ Sky Sport ကတော့ သူ့ကို ခေါ်ယူဖို့ ယူနိုက်တက် ၊ ချဲလ်ဆီး ၊ လီဗာပူး အပြင် နယူးကာဆယ် အသင်းကပါ စိတ်ဝင်စားနေတယ်လို့ ဖော််ပြခဲ့ပါသေးတယ် ။

အခုတော့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားခဲ့တဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ််လူက ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာရောက်ကစားရေးက သူ့အတွက်တော့ အိပ်မက် တစ်ခုလို ဖြစ်ကြောင်း မေလတုန်းက ဖွင့်​ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်ဟာ PSV အသင်းရဲ့ ကစားသမား တစ်ဦး ဖြစ််ပြီး ဒီရာသီရဲ့ လက်ကျန် ပွဲစဥ် 3 ပွဲ ကစားဖို့ စောင့်ဆိုင်းနေပါတယ် ။ လက်ရှိ ကျွန်တော့်ရဲ့ ခေါင်းထဲမှာ အဲ့တာက လွဲရင် ဘာမှ မရှိသေးပါဘူး ။ ဒီပွဲတွေ ကစားပြီးရင် ကျွန််တော်ဟာ အားလပ်ရက်တွေ ပိုင်ဆိုင်သွားမှာပါ ”

” အဲ့ကျမှပဲ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတွေ အကြောင်း ကျွန််တော် ပြောဖြစ်ပါလိမ့်မယ် ။ အဲ့တာ မတိုင်ခင်တော့ ကျွန််တော်ဟာ ဒီကိစ္စအကြောင်း ပြောဖြစ်မှာ မဟုတ်ပါဘူး ။ ပရီးမီးယားလိဂ်မှာ ကစားရဖို့ ဆိုတာက ကျွန်တော်တင် မဟုတ်ဘူး ကစားသမားတိုင်းအတွက် အိပ်မက် တစ်ခုပါ ”

” ဒါက ကမ္ဘာ့အကြီးမားဆုံးနဲ့ အရေးအကြီးဆုံး လိဂ် တစ််ခုပဲလေ ” လို့ ဆန်ဂါရေး က မေလတုန်းက ထုတ်ပြောခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ပရီးမီးယားလိဂ် ကလပ်တွေ သူ့ကို စိတ်ဝင်စားနေကြပါပြီ ။ သူရဲ့ အနာဂတ် ဘယ််မှာ ရှိမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ် ။