နယူးကာဆဲလ်ယူနိုက်တက်အသင်းအနေနဲ့ လက်စ်တာစီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ် မက်ဒီဆန်ကို အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းထားပြီး ဒီတစ်ပတ်အတွင်း သဘောတူညီမှုတစ်ရပ်ရရှိနိုင်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့တစ်ပတ်တုန်းက နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ မက်ဒီဆန်အတွက် ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းမှု ပါယ်ချခံခဲ့ရပြီးနောက် ယခုအခါ ပေါင်သန်း ၄၀ ကျော်နဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း လက်စ်တာစီးတီးအသင်းဘက်က မက်ဒီဆန်အတွက် လိုချင်နေတဲ့ ပမာဏဖြစ်တဲ့ ပေါင်သန်း ၆၀ ဆိုတဲ့ ပမာဏနဲ့တော့ ဝေးကွာဆဲဖြစ်ပြီး သဘောတူညီမှုတစ်ရပ်ရရှိရင်တော့ ဈေးအလျှော့အတင်းရှိလာနိုင်သလို အသက် ၂၅ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူကလည်း နယူးကာဆဲလ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ လက်စ်တာစီးတီးအသင်းဘက်ကလည်း ဂိုးသမား ကက်စ်ပါ ရှမိုက်ကယ်အနေနဲ့ ပြင်သစ်ကလပ် နီးစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိထားပြီးဖြစ်တာကြောင့် နယူးကာဆဲလ်အသင်းရဲ့ ဂိုးသမား မာတင် ဒူးဗရက်ခ်ခါကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း DailyMail သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

နယူးကာဆဲလ်အသင်းဘက်ကလည်း ပိုင်ရှင်သစ်က အင်မတန်ချမ်းသာပေမယ့်လည်း FFP စည်းမျဉ်းတင်းကျပ်မှုတွေကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးသုံးစွဲမှုကန့်သတ်ခံထားရပြီး မက်ဒီဆန်ကို ခေါ်ယူဖို့အတွက် အနာဂါတ်အပိုဆုကြေးတွေနဲ့ အရစ်ကျပေးချေမှုပုံစံကို သွားရနိုင်သလို ကစားသမားအလဲအထပ်ပုံစံလည်း ပါဝင်လာနိုင်ပါတယ်။ နယူးကာဆဲလ်အသင်းအနေနဲ့ ဘန်လေအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား မက်စ်ဝဲလ် ကောနေကိုလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပေမယ့် သူ့ရဲ့ စာချုပ်ပါလျော်ကြေး ပေါင် ၁၇.၅ သန်းကို တစ်ခါတည်းအပြီးသတ်ပေးချေဖို့အတွက် ဝန်လေးနေပါတယ်။

မန်နေဂျာ အက်ဒီဟောင်းကတော့ မက်ဒီဆန်နဲ့ ကောနေတို့ နှစ်ဦးစလုံးကို အရင်ကတည်းက ဦးစားပေးပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းရဲ့မန်နေဂျာ ဘရန်ဒန် ရော့ဒ်ဂျားစ်ကတော့ မက်ဒီဆန်နဲ့ ပတ်သက်ပြီး “ကလပ်အသင်းအတွင်းမှာ လုပ်ချင်တာလုပ်ဖို့အတွက် မသင့်တော်တဲ့ ဘဏ္ဍာရေးအခက်အခဲတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အမြတ်ထုတ်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အကောင်းဆုံးကစားသမားတွေကို မဆုံးရှုံးချင်ဘူး။ ပြီးတော့ တစ်ယောက်မှလည်း ပြန်မခေါ်နိုင်သေးဘူးလေ။ ဒါက အဆင်မပြေဘူး”လို့ ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဂျိမ်းစ်နဲ့ ပတ်သက်ပြီးဆိုရင်တော့ ကျွန်တော်ဒီမှာရောက်နေပြီးနောက်ပိုင်း သူ့အနေနဲ့ အကောင်းဆုံးပုံစံဖြစ်နေတယ်။ သူ့ရဲ့ ယုံကြည်မှုနဲ့ ကာယပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအရပေါ့။ အဲဒီလို အရည်အသွေးတွေရှိနေတဲ့ ကစားသမားကိုဆိုရင်တော့ စိတ်ဝင်စားမှုရှိလာမှာပါ။ သူနဲ့ အလုပ်လုပ်ရတာ ပျော်စရာကောင်းပါတယ်။ သူက ကျွန်တော်တို့အတွက် တကယ့်ကို အဓိကကျပြီး သူ့ကို ကျွန်တော်ကတော့ ရောင်းချချင်စိတ်မရှိပါဘူး”လို့ ပြောလာခဲ့တဲ့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

ZAWGYI: နယူးကာဆဲလ်ယူနိုက်တက်အသင်းအနေနဲ့ လက်စ်တာစီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ် မက်ဒီဆန်ကို အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းထားပြီး ဒီတစ်ပတ်အတွင်း သဘောတူညီမှုတစ်ရပ်ရရှိနိုင်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့တစ်ပတ်တုန်းက နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ မက်ဒီဆန်အတွက် ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းမှု ပါယ်ချခံခဲ့ရပြီးနောက် ယခုအခါ ပေါင်သန်း ၄၀ ကျော်နဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း သိရပါတယ်။