လီဗာပူး အသင်းဟာ ဂျုဒ်ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ဖို့ ရီးရဲမက်ဒရစ်နဲ့ ပြိုင်ဆိုင်သွားတော့မယ်လို့ သတင်းတွေအရ သိရပါတယ်။ ဥရောပ အင်အားကြီး အသင်း ၂ သင်းလုံးဟာ ဒေါ့မွန် ကြယ်ပွင့် ကစားသမားကို ခေါ်ယူချင်နေပေမဲ့ နောက်ရာသီမှာ အသင်းတွေတော်တော်များများ ဒီပြိုင်ဆိုင်မှုထဲကို ပါဝင်လာနိုင်ပါတယ်။ Football365 ရဲ့ သတင်းတွေအရ လီဗာပူးနဲ့ ရီးရဲမက်ဒရစ် အသင်းတို့ဟာ အင်္ဂလန်သားအတွက် ထိပ်တိုက် ရင်ဆိုင်နေတယ်လို့ သိရပါတယ်။

၂ သင်းလုံးဟာ သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းချ​င်နေကြတာ ဖြစ်ပြီး ဘာမင်ဂမ် ကြယ်ပွင့်ဟောင်းကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားကြပါတယ်။ ကာဒီနာဆာက ရီးရဲမက်ဒရစ် အသင်းဟာ သူတို့ဆီမှာ နေရာလွတ် မရှိတော့တာကြောင့် ဒီနွေရာသီမှာ အင်္ဂလန်သားကို ခေါ်ယူဖို့ ​မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ Football365 ရဲ့ သတင်းတွေအရ မက်ဒရစ်ဟာ ဘယ်လင်ဂမ်အတွက် ယူရို သန်း ၈၀ ကမ်းလှမ်းထားပေမဲ့ သူ့ကို ဒေါ့မွန်အသင်းနဲ့အတူ နောက်တစ်ရာသီ ဖြတ်သန်းစေမယ်လို့ သိရပါတယ်။

လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်က မကြာသေးမီကပဲ လူငယ် ကွင်းလယ် ကစားသမားနဲ့ ပတ်သတ်ပြီး ချီးကျူးစကားတွေ ပြောဆိုသွားခဲ့ပါတယ်။ သူက စပေါ့ဘိုက်ဘယ်လ်မှာ ” ကျွန်တော် ကစားသမားတွေနဲ့ ပတ်သတ်ပြီး အရမ်းမြှောက်ပြောတာမျိုး မကြိုက်ပါဘူး။ အထူးသဖြင့် လူငယ် ကစားသမားတွေကိုပေါ့။ ဒါပေမဲ့ သူနဲ့ပတ်သတ်ပြီး အရမ်း အထင်ကြီးမိပါတယ်။ ကျွန်တော် သူ့ရဲ့ ကစားပုံကို ကြိုက်ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး အရာဖြစ်တဲ့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သဘောကျပါတယ်။ သူ့ရဲ့ ပြုမူလှုပ်ရှားပုံတွေကို သဘောကျပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ဟန်ဒါဆန်က ဆက်လက်ပြီး ” ကျွန်တော့်မှာ သူ့ရဲ့ ကောင်းကြောင်းကလွဲပြီး ပြောစရာ မရှိပါဘူး။ သူက အရမ်းကောင်းတဲ့ လူငယ်လေး တစ်ဦးပါ။ ပြီးတော့ အံ့သြစရာ စွမ်းဆောင်ရည်တွေနဲ့ ကစားသမားပါ။ သူ ဒီထက် အသက်ကြီးလာပြီး ရင့်ကြပ်တဲ့ အရွယ်ရောက်တဲ့အချိန် ပိုပိုပြီး ကောင်းမွန်လာမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော် သူ့ကိုကြည့်တဲ့အချိန် အခုလိုအချိန်မှာတောင် သူက ရင့်ကြပ်တဲ့ ပုံစံနဲ့ ကစားနေပါပြီ။ ”

” သူ့အတွက် အကန့်အသတ်ကတော့ ကောင်းကင်ကြီးပဲ ဖြစ်ပါလိမ့်မယ်။ ” လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။ လီဗာပူး နောက်ခံလူဟောင်း ဂျွန်ဆင်ကလည်း ဘယ်လင်ဂမ်အတွက် ဟန်ဒါဆန်ရဲ့ ချီးကျူးမှုကို ထပ်လောင်း ပြောဆိုခဲ့ပြကစားသမားကိုလည်း ကွင်းလယ်လူကို ခေါ်ယူဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ သူက ဒေါ့မွန်ကြယ်ပွင့်ဟာ လီဗာပူးအသင်း လိုအပ်နေတဲ့ အသင်းရဲ့ ဂန္ဓဝင်ဖြစ်တဲ့ ဂျာရတ်လို ကစားသမားမျိုးဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

သူက ကွန်ပဲဘက်မှာ ” ဘယ်လင်ဂမ်သာ ခေါ်ယူလို့ ရနိုင်တဲ့ ကစားသမားဆိုရင် အစားထိုးမှု လုပ်မှာလား မလုပ်ဘူးလား။ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုရအောင်ခေါ်မှာ သေချာပါတယ်။သူက သေချာပေါက် ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာနိုင်ပါတယ်။ ကျန်တဲ့ အပိုင်းတွေကို ကြည့်လိုက်ရင် သူဟာ အရာအားလုံး လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ ဖြစ်နိုင်မယ်ဆိုရင် သူ့ကို ခေါ်ယူနိုင်ဖို့ ခင်ဗျားတို့ စောင့်ကြည့်ဖို့ လိုပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။ ဂျွန်ဆင်က ဆက်လက်ပြီး ” သူက ဂျာရတ်နဲ့ ဆင်တူတယ်လို့ ကျွန်တော် ပြောရဲပါတယ်။ ”

” ဘယ်လင်ဂမ်က ဂျာရတ်ထက် ကိုယ်ကာယပိုင်းမှာ အနည်းငယ် ပိုပြီး ကြီးမားပေမဲ့ သူက ကွင်းလယ်မှာ ဖျက်ထုတ်မှုတွေ ပြုလုပ်နိုင်ပြီး ဘောလုံး အပေါ်မှာလည်း ကောင်းကောင်း ထိန်းချုပ် ကစားနိုင်သလို ဒီလို လုပ်ဆောင်နိုင်တဲ့ စွမ်းရည်တွေလည်း အပြည့်ပါ။ ” လို့ ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။ ဒေါ့မွန် အသင်းဟာ ၂၀၂၀ ခုနှစ်မှာ ဘယ်လင်ဂမ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး အသင်းရဲ့အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။ မက်ဒရစ် အသင်းကလည်း ဘွန်ဒက်စ်လီဂါ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၉၀ မှာ ၁၀ ဂိုး သွင်းယူပြီး ဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားတဲ့ အင်္ဂလန်သားကို ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။

ZAWGYI: လီဗာပူး အသင်းဟာ ဂျုဒ်ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ဖို့ ရီးရဲမက်ဒရစ်နဲ့ ပြိုင်ဆိုင်သွားတော့မယ်လို့ သတင်းတွေအရ သိရပါတယ်။ ဥရောပ အင်အားကြီး အသင်း ၂ သင်းလုံးဟာ ဒေါ့မွန် ကြယ်ပွင့် ကစားသမားကို ခေါ်ယူချင်နေပေမဲ့ နောက်ရာသီမှာ အသင်းတွေတော်တော်များများ ဒီပြိုင်ဆိုင်မှုထဲကို ပါဝင်လာနိုင်ပါတယ်။ Football365 ရဲ့ သတင်းတွေအရ လီဗာပူးနဲ့ ရီးရဲမက်ဒရစ် အသင်းတို့ဟာ အင်္ဂလန်သားအတွက် ထိပ်တိုက် ရင်ဆိုင်နေတယ်လို့ သိရပါတယ်။