ချဲလ်ဆီးအသင်းဟာ အင်တာမီလန်နောက်ခံလူ မီလန်စကင်နီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမား ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ သဘောတူညီမှု ရထားတာမျိုး မရှိသေးပါဘူး။ ကွန်တီရဲ့ တော့တင်ဟမ်ကလည်း ဆလိုဗက်ကီးယား လက်ရွေးစင်အပေါ် စိတ်ဝင်စားမှုရှိနေတယ်လို့ သိရပြီး ပရီးမီးယားလိဂ်ကလပ်နှစ်သင်းစလုံးက လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသုံးစရိတ်ကြီးကြီးမားမားရဖို့ ရှိနေပါတယ်။

၂၀၁၇ ခုနှစ်မှာ အင်တာမီလန်ကို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် တစ်ပွဲသာ လွဲချော်ခဲ့တဲ့ စကင်နီယာက စုစုပေါင်း ၂၁၅ ပွဲထိ ကစားခဲ့ပါတယ်။ ကွန်တီဦးဆောင်တဲ့ ၂၀၂၁ ခုနှစ် စီရီးအေချန်ပီယံ အင်တာမီလန် အသင်းမှာ အသင်းအတွက် အရေးပါဆုံး ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့ပါတယ်။ ဒါ့အပြင် အင်တာရဲ့ အရည်အသွေးရှိလူငယ်နောက်ခံလူ ဘတ်စ်တိုနီကလည်း ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်လ်ကတော့ လာမည့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ဆီဗီလာနောက်ခံလူ ဂျူးလ်စ်ကွန်ဒီက ဦးစားပေးပစ်မှတ်ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ်ပြင်သစ်နောက်ခံလူဟာ ဆီဗီလာမှာ ပုံမှန်ခြေစွမ်းပြနေသလို ပြီးခဲ့တဲ့နှစ်အတွင်း ပြင်သစ်လက်ရွေးစင်အဖြစ် ပွဲဦးထွက်ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် အင်တာနဲ့ စလိုဗက်ကီးယားနောက်ခံလူကိုလည်း ချဲလ်ဆီး စောင့်ကြည့်နေပါတယ်။ တစ်ချိန်တည်းမှာ ချဲလ်ဆီးကွင်းလယ်လူ ဆာအူးလ်ကလည်း အသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်ဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ များနေပါတယ်။

ချဲလ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလီကတော့ သူရဲ့အသင်းလူအင်အားဖြည့်တင်းဖို့ ပေါင်သန်း ၂၀၀ လောက်ကို အပြောင်းအရွှေ့စရိတ်အဖြစ် ထုတ်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ချဲလ်ဆီးက ဘာစီလိုနာ ရှေ့တန်းလူ ဒမ်ဘီလီနဲ့ ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်တို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ချဲလ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆိုက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အကြောင်း နောက်တစ်ကြိမ် အရိပ်အမြွက် ထပ်ပြောလာခဲ့ပါတယ်။

သူက ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတစ်နှစ် ကျန်နေသေးပေမယ့် စပိန်မှာ သူရဲ့ နောက်ထပ်စွန့်စားခန်းသစ် စတင်ချင်နေတယ်ဆိုတာတော့ အသေအချာပါပဲ။ အီတလီနဲ့ အင်္ဂလန်မြေမှာ တောက်ပခဲ့တဲ့ အလွန်ဆိုအတွက် အခုအချိန်ကတော့ အိမ်ပြန်ချိန်ရောက်ပါပြီ။ ဘာစီလိုနာကလည်း သူ့ကို ခေါ်ယူချင်နေပါတယ်။ ကတ္တာလန်ကလပ်က အလွန်ဆိုလို ဘယ်ခြမ်းခံစစ်အစွန် လူတစ်ဦးကို ရှာဖွေနေတာပါ။

စပိန်မြေကို ပြန်နိုင်မယ့်အကြောင်း မေးမြန်းလာချိန်မှာတော့ အလွန်ဆိုက “ကျွန်တော့်မှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ပါသေးတယ်။ ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောပြီးပါပြီ။ အခုလည်း ဒီလိုပါပဲ။ အဆုံးမှာတော့ ဒီကိစ္စတွေက ကျွန်တော်တစ်ဦးတည်းပေါ်မှာ မမူတည်ပါဘူး။ တစ်နေ့မှာ စပိန်မြေကို ပြန်လည်ခြေချပြီး ကစားဖို့ဆန္ဒက ရှိနေဆဲဆိုတာကတော့ ရှင်းပါတယ်”လို့ ပြောပါတယ်။ စပိန်သား၊ ဗလင်စီယာဘယ်အစွန်နောက်ခံလူ ဟိုဆေးဂါယာနဲ့အတူ အလွန်ဆိုကလည်း ဘာစီလိုနာရဲ့ ထိပ်တန်းပစ်မှတ်တွေထဲက တစ်ဦးဖြစ်ပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းဟာ အင်တာမီလန်နောက်ခံလူ မီလန်စကင်နီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမား ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ သဘောတူညီမှု ရထားတာမျိုး မရှိသေးပါဘူး။ ကွန်တီရဲ့ တော့တင်ဟမ်ကလည်း ဆလိုဗက်ကီးယား လက်ရွေးစင်အပေါ် စိတ်ဝင်စားမှုရှိနေတယ်လို့ သိရပြီး ပရီးမီးယားလိဂ်ကလပ်နှစ်သင်းစလုံးက လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသုံးစရိတ်ကြီးကြီးမားမားရဖို့ ရှိနေပါတယ်။

၂၀၁၇ ခုနှစ်မှာ အင်တာမီလန်ကို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် တစ်ပွဲသာ လွဲချော်ခဲ့တဲ့ စကင်နီယာက စုစုပေါင်း ၂၁၅ ပွဲထိ ကစားခဲ့ပါတယ်။ ကွန်တီဦးဆောင်တဲ့ ၂၀၂၁ ခုနှစ် စီရီးအေချန်ပီယံ အင်တာမီလန် အသင်းမှာ အသင်းအတွက် အရေးပါဆုံး ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့ပါတယ်။ ဒါ့အပြင် အင်တာရဲ့ အရည်အသွေးရှိလူငယ်နောက်ခံလူ ဘတ်စ်တိုနီကလည်း ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်လ်ကတော့ လာမည့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ဆီဗီလာနောက်ခံလူ ဂျူးလ်စ်ကွန်ဒီက ဦးစားပေးပစ်မှတ်ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ်ပြင်သစ်နောက်ခံလူဟာ ဆီဗီလာမှာ ပုံမှန်ခြေစွမ်းပြနေသလို ပြီးခဲ့တဲ့နှစ်အတွင်း ပြင်သစ်လက်ရွေးစင်အဖြစ် ပွဲဦးထွက်ကစားခွင့် ရခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ချဲလ်ဆီးကွင်းလယ်လူ ဆာအူးလ်ကလည်း အသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်ဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ များနေပါတယ်။