မန်ယူနိုက်တက်ရဲ့နည်းပြသစ် အဲ့ရစ်တန်ဟက် ဟာ ဒီနေ့မှာ မန်ချက်စတာကိုရောက်ရှိပြီး အသင်းတာဝန်ကိုစတင်ထမ်းဆောင်မယ်လို့သိရပါတယ်။၎င်း၏ နည်းပြအဖွဲ့ဝင်များခန့်အပ်ချင်းကိုဦးစားပေးလုပ်ဆောင်ပြီး လက်ထောက်နည်းပြနေရာအတွက် ဗန်ဒါဂတ် နဲ့အတူ မန်ယူနိုက်တက်လက်ထောက်နည်းပြဟောင်း စတိဗ်မက္ကလာရင် တို့ကိုခန့်အပ်မယ်လို့သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ အဲရစ် တန်ဟတ် ကတော့ Curacao မှာ နယ်သာလန် လိဂ် ဖလား ဆွတ်ခူးတာကို အောင်ပွဲခံသွားဖို့ ရှိမနေပဲ မန်ချက်စတာဆီ တန်း လာပြီး အလုပ်စတင်လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

အဲရစ် တန်ဟတ်ဟာ နယ်သာလန်မှာ ရှိနေခဲ့ရတဲ့ အချိန် 4 နှစ်ခွဲတာ ကာလအတွင်း အောင်မြင်မှုတွေ ရယူခဲ့တဲ့နောက် ရာသီသစ်ကို မန်ချက်စတာမှာ စတင်တော့မှာပဲ ဖြစ်ပါတယ် ။ သူဟာ အေဂျက်ဇ် နည်းပြ ဘဝမှာ လိဂ် ဖလား 3 ကြိမ် ၊ KNVB cup 2 ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ပြန်သလို ချန်ပီယံလိဂ် ဝင်ခွင့်လည်း မရယူနိုင်ခဲ့ပါဘူး။ ဒါ့အပြင် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ ကစားသမားတွေ ၊ အသင်းမှ ထွက်ခွာလိုသူတွေလည်း ရှိနေကြပါတယ် ။ သူဟာ ယိုယွင်းနေတဲ့ အသင်းကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ် ။

တန်ဟတ် အနေနဲ့ ဒီအသင်းကို ကြီးမားလွန်းတဲ့ အပြောင်းအလဲ တစ်ခု လုပ်ရမှာ အသေအချာပါပဲ။ အခုတော့ တန်ဟတ်က ယူနိုက်တက်နည်းပြအဖြစ် လုပ်ဆောင်ရမယ့်အရာတွေကိုသာ ဦးစားပေးလုပ်ဆောင်မှာ ဖြစ်ကြောင်း အခုလို ပြောဆိုသွားခဲ့ပါတယ်။

” မနက်ဖြန်တော့ ဝန်ထမ်းတွေနဲ့ အတူ ပါတီ တစ်ခု ရှိနေပါတယ် ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီတပါတ် Curacao ကို သွားဖို့ ရှိမနေပါဘူး ။ မန်ချက်စတာ ယူနိုက်တက်မှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိနေသေးတယ်လေ။ ဒါကို နားလည်ပေးလို့ ရနိုင်မယ်လို့ ထင်ပါတယ် ။ အသင်းသစ်တိုင်းမှာ ဒီလိုအနေအထား ကြုံတွေ့ရတာပါပဲ ။ ဝန်ထမ်း ၊ ကစားသမားတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ organise လုပ်ရမယ့် အရာတွေလည်း အများကြီး ရှိနေပါသေးတယ် ”

” အဲ့တာနဲ့ ပတ်သက်လို့ မနက်ဖြန်က စတင်ပြီး ကျွန်တော်တို့ အလုပ်တွေ ပြင်းပြင်းထန်ထန်ကြိုးစားလုပ်ဆောင်ကြရပါတော့မယ် ” လို့ တန်ဟတ်က အသင်းသစ်နဲ့ အမြန်ဆုံး ပူးပေါင်းသွားဖို့ရှိကြောင်း အသိပေးလိုက်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်ရဲ့နည်းပြသစ် အဲ့ရစ်တန်ဟက် ဟာ ဒီနေ့မှာ မန်ချက်စတာကိုရောက်ရှိပြီး အသင်းတာဝန်ကိုစတင်ထမ်းဆောင်မယ်လို့သိရပါတယ်။၎င်း၏ နည်းပြအဖွဲ့ဝင်များခန့်အပ်ချင်းကိုဦးစားပေးလုပ်ဆောင်ပြီး လက်ထောက်နည်းပြနေရာအတွက် ဗန်ဒါဂတ် နဲ့အတူ မန်ယူနိုက်တက်လက်ထောက်နည်းပြဟောင်း စတိဗ်မက္ကလာရင် တို့ကိုခန့်အပ်မယ်လို့သိရပါတယ်။