လီယွန်နယ် မက်ဆီအနေနဲ့ မနေ့ညက ကစားခဲ့တဲ့ အက်စ်တိုးနီးယားလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ၅-၀ ဂိုးနဲ့ နိုင်ပွဲအတွင်း အဆိုပါ ၅ ဂိုးစလုံးကို သွင်းသွားခဲ့ပြီး ပရိသတ်တွေကတော့ မက်ဆီနဲ့ခေတ်ပြိုင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဝေဖန်စရာ အကြောင်းပြချက်ရသွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ တကယ်လို့များ မက်ဆီအနေနဲ့ လက်ရှိကမ္ဘာ့အဆင့် ၁၁၀ မှာရှိနေတဲ့ အက်စ်တိုးနီးယားလို အသင်းတွေနဲ့သာ ပုံမှန်ကန်နေရမယ်ဆိုရင် နိုင်ငံလက်ရွေးစင်အသင်းကြီးအတွက် ယခုထက်ပိုမိုတဲ့ သွင်းဂိုးများစွာကို သွင်းယူနိုင်မှာဖြစ်ကြောင်း လူမှုကွန်ယက်တွေမှာ တင်ခဲ့ကြပါတယ်။

မက်ဆီအနေနဲ့ ပွဲချိန် ၈ မိနစ်မှာကတည်းက ပင်နယ်တီကတစ်ဆင့် အာဂျင်တီးနားအသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့သလို ဒုတိယပိုင်းမှာတော့ ၃ ဂိုးအထိ ထပ်မံသွင်းယူနိုင်ခဲ့ချိန်မှာ အာဂျင်တီးနားအသင်းအတွက် သက်သောင့်သက်သာဖြစ်စေမယ့် နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်တစ်ယောက်ကဆိုရင် “ဒါက အက်စ်တိုးနီးယားလိုအသင်းတွေနဲ့ နိုင်ငံတကာပွဲစဉ်တွေတိုင်း ကစားရတာက ဘာနဲ့တူလဲဆိုတာပဲ။ တကယ်လို့များ မက်ဆီအနေနဲ့ ဥရောပမှာသာ မွေးဖွားလာခဲ့မယ်ဆိုရင် သူ့အနေနဲ့ နိုင်ငံတကာသွင်းဂိုး ၁၅၀ အထက်မှာ ရှိနေမှာပဲ”လို့ တင်လာခဲ့ပါတယ်။

နောက်တစ်ယောက်ကလည်း “တကယ်လို့များ တောင်အမေရိကမှာသာ ဥရောပလိုမျိုး မရေမတွက်နိုင်တဲ့ နိုင်ငံအသင်းငယ်ပေါင်းများစွာရှိနေရင် မက်ဆီအနေနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းကြီးအတွက် သွင်းဂိုး ၂၀၀ တောင်ကျော်နေပြီ”လို့ တင်ခဲ့ပါတယ်။ နောက်ထပ်တစ်ယောက်ကလည်း “မက်ဆီက ကျွန်တော်တို့ကို ဥရောပခြေစစ်ပွဲတွေရဲ့ အဆင့်အတန်းကို ပြသသွားခဲ့တာပဲ။ ဒါက သနားစရာပါပဲ။ တကယ်လို့များ သူ့အနေနဲ့ ဥရောပမှာသာ မွေးဖွားလာခဲ့မယ်ဆိုရင် သူ့နိုင်ငံလက်ရွေးစင်အသင်းကြီးအတွက် သွင်းဂိုး ၂၅၀ အထိကို အသာလေးကျော်ဖြတ်နိုင်တယ်”လို့ တင်ခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ယောက်ကတော့ မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းဖော် ခီလီယန် အမ်ဘာပေကို စောင်းမြောင်းသွားခဲ့ပြီး “ခီလီယန် အမ်ဘာပေက တောင်အမေရိက,က ဥရောပလောက် ရှေ့မပြေးဘူးလို့ ပြောတာကို ကြားလိုက်ရတဲ့အချိန်မှာ မက်ဆီရဲ့ တုံ့ပြန်မှု”လို့ တင်သွားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့အကြားက အချက်အလက်တစ်ခုကို ထုတ်ဖော်လာခဲ့ပြီး “ရော်နယ်လ်ဒိုက သူ့နိုင်ငံလက်ရွေးစင်ကစားသမားဘဝတစ်လျှောက်လုံးမှာ အက်စ်တိုးနီးယားကို ၅ ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် မက်ဆီက တစ်ပွဲတည်းနဲ့ အရေအတွက်တူအောင် ဆော့ပြနိုင်ခဲ့တယ်”လို့ တင်သွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုကတော့ နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားခဲ့စဉ်ကာလတစ်လျှောက်လုံး ဂိုးအများဆုံးသွင်းခဲ့တဲ့ အသင်းတွေထဲမှာ လစ်သူယေးနီးယားနဲ့ ဆွီဒင်တို့ကို ၇ ဂိုး၊ အန်ဒိုရာ၊ ဟန်ဂေရီနဲ့ လူဇင်ဘော့ဂ်တို့ကို ၆ ဂိုး၊ အာမေးနီးယား၊ လက်ထ်ဗီးယားနဲ့ အက်စ်တိုးနီးယားကို ၅ ဂိုးနဲ့ ဖာရိုးကျွန်းစုကို ၄ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီကတော့ လက်ရှိမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကြီးအတွက် ပြိုင်ပွဲစုံ ၁၆၂ ပွဲမှာ သွင်းဂိုးစုစုပေါင်း ၈၆ ဂိုး သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် စတုတ္ထမြောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်နေတာပါ။

ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းအတွက်တော့ ခြေစွမ်းကောင်းတွေကို ဆက်တိုက်ဆိုသလို ပြသထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်လောက်တုန်းက အီတလီအသင်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဖလားပွဲမှာလည်း ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းအတွက် တစ်ပွဲတည်း ၅ ဂိုးသွင်းနိုင်ခဲ့တာကြောင့် နိုင်ငံလက်ရွေးစင်အသင်းရော ကလပ်အသင်းမှာပါ တစ်ပွဲတည်း ၅ ဂိုးအထိ သွင်းနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ မက်ဆီအနေနဲ့ ၂၀၁၂ ခုနှစ်တုန်းက ချန်ပီယံလိဂ်မှာ လေဗာကူဆင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့စဉ်မှာ တစ်ပွဲတည်း ၅ ဂိုးသွင်းခဲ့တာဖြစ်ပြီး ၁၀ နှစ်အကြာမှာတော့ နိုင်ငံလက်ရွေးစင်အသင်းအတွက်ပါ တစ်ပွဲတည်း ၅ ဂိုးသွင်းနိုင်ခဲ့တာပါ။

ZAWGYI: လီယွန်နယ် မက်ဆီအနေနဲ့ မနေ့ညက ကစားခဲ့တဲ့ အက်စ်တိုးနီးယားလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ၅-၀ ဂိုးနဲ့ နိုင်ပွဲအတွင်း အဆိုပါ ၅ ဂိုးစလုံးကို သွင်းသွားခဲ့ပြီး ပရိသတ်တွေကတော့ မက်ဆီနဲ့ခေတ်ပြိုင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဝေဖန်စရာ အကြောင်းပြချက်ရသွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ တကယ်လို့များ မက်ဆီအနေနဲ့ လက်ရှိကမ္ဘာ့အဆင့် ၁၁၀ မှာရှိနေတဲ့ အက်စ်တိုးနီးယားလို အသင်းတွေနဲ့သာ ပုံမှန်ကန်နေရမယ်ဆိုရင် နိုင်ငံလက်ရွေးစင်အသင်းကြီးအတွက် ယခုထက်ပိုမိုတဲ့ သွင်းဂိုးများစွာကို သွင်းယူနိုင်မှာဖြစ်ကြောင်း လူမှုကွန်ယက်တွေမှာ တင်ခဲ့ကြပါတယ်။