လူစားလဲဝင်လာတဲ့အရံကစားသမား ရိုင်ယန်းဂျက်နဲ့ စကော့ရိုက်တို့ရဲ့ အချိန်ပိုနှစ်ဂိုးနဲ့ ဟာ့တ်စ်တို့နဲ့စကော့တစ်ဖလားဖိုင်နယ်မှာ ရိန်းဂျားစ်တို့အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်အရှုံးရဲ့နာကျင်မှုအချို့ကို သက်သာရာရစေခဲ့ကြပါတယ်။ အချိန်ပို ၉၄ မိနစ်မှာ ရိုင်ယန်းဂျက်ရဲ့ဂိုးနဲ့ ၃မိနစ်အကြာ ရိုက်ရဲ့အနိမ့်ကန်ချက်ဂိုးတို့ဝင်သွားတဲ့အခါ ၁၃ နှစ်ဝေးကွာနေခဲ့တဲ့ စကော့တစ်ဖလားက အိုင်းဘရောက်စ်ကို တဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဟာ့တ်စ်တို့က ပုံမှန်ပွဲချိန်မိနစ်ကိုးဆယ်လုံး တောင့်ခံထားခဲ့ကြပေမဲ့ တိုက်စစ်မှာတော့ ဘာမှလောက်လောက်လားလားမရှိခဲ့ကြပါဘူး။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ဟမ့်ပ်ဒန်းက ရိန်းဂျားစ်ဘက်အခြမ်းမှာ ပျော်ရွှင်စွာအောင်ပွဲခံသံတွေဝေစည်သွားခဲ့ပါတယ်။ ပျော်ရွှင်ခဲ့ရတဲ့ယူရိုပါလိဂ်ခရီးဟာ ဆီဗီးလ်ကဖိုင်နယ်မှာ အင်းထရက်ချ်ဖရန့်ဖာ့တ်တို့ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးပြီးပြန်လာခဲ့ရတာ သုံးရက်ပဲရှိသေးတဲ့ ဂျာစ်တို့အတွက် အနည်းငယ်ပဲဖြစ်ဖြစ် စိတ်ဖြေသာစရာရကြမှာဖြစ်ပါတယ်။ စိတ်ရောလူပါအားအင်ကုန်ခမ်းရတဲ့ စပိန်ကမိနစ် ၁၂၀ ဖိုင်နယ်ပြီးနောက် ဗန်ဘရွန်ခရော့စ်က သူ့အသင်းကို လူအပြောင်းအလဲ ၅ ခုလုပ်ခဲ့ပါတယ်။ အားအင်ကုန်ခမ်းနေကြမယ်ဆိုတဲ့ယူဆချက်တွေကို ပွဲချိန်ကြာလာသည်နှင့်အမျှ သူ့အသင်းက နောက်တခါဆန့်ကျင်ပြခဲ့ကြပါတယ်။

တကယ်တမ်းမှာတော့ ဒီပွဲဟာ ရိန်းဂျားစ်တို့အတွက် ရှည်ကြာလွန်းတဲ့ဒီရာသီမှာ ၆၆ ပွဲမြောက်ဖြစ်ပြီး သူတို့ရဲ့နောက်ဆုံး ၁၁ ပွဲအတွင်း မိနစ် ၁၂၀ အထိကူးခဲ့ရတဲ့ ၄ ပွဲမြောက်လည်းဖြစ်ပါတယ်။ ပုံမှန်ပွဲချိန်ပြီးခါနီးမှာ အနိုင်ဂိုးအတွက် အသည်းအသန်ရုန်းခဲ့တာကလည်း ရိန်းဂျားစ်တို့ပါပဲ။ ဂျိုးအာရီဘိုရဲ့နောက်ဆုံးမိနစ်ဂိုးကိုငြင်းပယ်ဖို့ ဟာ့တ်စ်ဂိုးသမားဂေါ်ဒွန်က အမှတ်ရစရာကောင်းတဲ့ကာကွယ်မှုအဖြစ် ဘယ်ခြေနဲ့တားခဲ့ရပါတယ်။ ပုံမှန်ပွဲချိန်ရဲ့နောက်ဆုံးအခွင့်အရေးမှာ ရိုက်ရဲ့ခေါင်းတိုက်ချက်က ဘားအပေါ်တက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ပင်ပန်းနေတဲ့ရိန်းဂျားစ်တို့ကပဲ အချိန်ပိုအထိ မိုမမ်တမ်ကိုဆက်သယ်သွားခဲ့ကြပါတယ်။

အာရီဘိုကဘောက်စ်ထဲကနေ အပြင်ကို ခေါင်းတိုက်ချလိုက်ပြီး ရိုင်ယန်းဂျက်က ဟမ့်ပ်ဒန်းနေ့လယ်ခင်းရဲ့ အခက်ခဲဆုံးအခွင့်အရေးကိုရယူပြီး ကိုက် ၂၀ အကွာကနေ သွင်းယူသွားခဲ့ပါတယ်။ ဟမ့်ပ်ဒန်းအနောက်ခြမ်းမှာ တုန်ခါတက်သွားခဲ့ပြီး ဟာ့တ်စ်တို့ကိုလည်း တုန်လှုပ်သွားစေခဲ့ပုံရပါတယ်၊ ချေပဂိုးရဖို့ ချက်ချင်းအသည်းအသန်လိုက်လာခဲ့ပေမဲ့ အချိန်ပိုပထမပိုင်းမနားခင်မှာ အဆုံးအဖြတ်ဖြစ်စေမယ့်ထိုးနှက်ချက်ကိုပဲ ရရှိခဲ့စေပါတယ်။ ရိန်းဂျားစ်တို့က ကိုယ့်ဘက်အခြမ်းဘောက်စ်အစပ်နားမှာ ဘောလုံးအနိုင်ရပြီး ရိုင်းယန်းကန့်က ကွင်းတနံတလျားပြေးသွားကာ ရိုက်နဲ့ချိတ်ဆက်ပါတယ်၊ ရိုက်က တည်ငြိမ်မှုမပျက်ယွင်းအောင်ထိန်းသိမ်းပြီး ဂေါ်ဒွန်ကို အနိမ့်ထောင့်ထဲကျော်သွင်းခဲ့ပါတယ်။

ဒီလိုအားသာချက်ရသွားတာကြောင့် ပွဲပြီးခါနီးမှာ ဂိုးသမားအယ်လန်မက်ဂရီဂေါကိုလူစားလဲဖို့ ဗန်ဘရွန်ခရော့စ်ကို တတ်နိုင်ခဲ့စေပါတယ်။ အသက် ၄၀ အရွယ်ဂိုးသမားကြီးရဲ့ရိန်းဂျားစ်စာချုပ်က သက်တမ်းကုန်ဆုံးနေပြီဖြစ်ပြီး ရာသီကုန်ရင် သူ့ရဲ့ကစားသမားဘဝကိုပါ အဆုံးသတ်ဖို့ပြင်ဆင်ထားတဲ့သတင်းတွေရှိနေတာကြောင့် သူ့ရဲ့နောက်ဆုံးပွဲကို လှပတဲ့အမှတ်တရတခုဖြစ်အောင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ကလပ်ကို တဆစ်ချိုးပြောင်းလဲပေးခဲ့တဲ့မန်နေဂျာ စတီဗင်ဂျာရတ်ကို ရာသီအလယ်ကြီးမှာဆုံးရှုံးလိုက်ရသလို ပရီးမီးယားရှစ်ချန်ပီယံဆုကိုလည်းလက်လွှတ်ရ၊ ပင်ပင်ပန်းပန်းကြိုးစားထားရတဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကိုလည်း လောလောလတ်လတ်ရှုံးထားရတဲ့ နာကျင်မှုတွေများစွာနဲ့ရိန်းဂျားစ်တို့အတွက် ဒရမ်မာစုံလင်လှတဲ့ရာသီတခုကို ဖလားတလုံးနဲ့သိမ်းလိုက်ရတာကြောင့် စိတ်တိုင်းကျအောင်ပွဲခံခွင့်နဲ့ထိုက်တန်ကြပါတယ်။ ဒီဖလားဟာ ၂၀၁၁ နောက်ပိုင်း ပထမဆုံးပြန်ရတဲ့ပြည်တွင်းဖလားလည်းဖြစ်ပါတယ်။ ကစားသမားဘဝနဲ့လည်း ဒီဖလားကိုရခဲ့ဖူးတဲ့ ရိန်းဂျားစ်မန်နေဂျာဗန်ဘရွန်ခရော့စ်က ပွဲအပြီးမှာ အခုလိုပြောပါတယ်။

“ကျနော်တို့အရမ်းအလုပ်ကြိုးစားထားရပြီး ဥရောပမှာ အဝေးကြီးအထိရောက်ခဲ့ကြပါတယ်၊ ပြီးတော့ ဖလားပေါ့။ ဒါပေမဲ့ အဆုံးသတ်မှာ တုံ့ပြန်ဆုလာဘ်အနေနဲ့ ခင်ဗျားလက်ထဲမှာတစုံတရာတော့ လိုချင်ကြတယ်လေ၊ ဒီနေ့မှာတော့ ကျနော်တို့ဒါကိုလုပ်ခဲ့ကြပါတယ်။ ကျနော်တို့ တကယ်ပြင်းပြင်းထန်ထန်အလုပ်လုပ်ခဲ့ကြပြီး အချိန်ပိုမှာ ပိုလို့တောင်အားကောင်းလာပုံပေါ်တယ်လို့ ထင်ပါတယ်၊ ပြီးတော့ ဒီနေ့အောင်မြင်မှုနဲ့လည်း ကျနော်တို့ထိုက်တန်ခဲ့ကြပါတယ်။ သူတို့တွေအတွက် ကျနော်အရမ်းပဲအထင်ကြီးပြီးဂုဏ်ယူမိပါတယ်။”

ZAWGYI: လူစားလဲဝင်လာတဲ့အရံကစားသမား ရိုင်ယန်းဂျက်နဲ့ စကော့ရိုက်တို့ရဲ့ အချိန်ပိုနှစ်ဂိုးနဲ့ ဟာ့တ်စ်တို့နဲ့စကော့တစ်ဖလားဖိုင်နယ်မှာ ရိန်းဂျားစ်တို့အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်အရှုံးရဲ့နာကျင်မှုအချို့ကို သက်သာရာရစေခဲ့ကြပါတယ်။ အချိန်ပို ၉၄ မိနစ်မှာ ရိုင်ယန်းဂျက်ရဲ့ဂိုးနဲ့ ၃မိနစ်အကြာ ရိုက်ရဲ့အနိမ့်ကန်ချက်ဂိုးတို့ဝင်သွားတဲ့အခါ ၁၃ နှစ်ဝေးကွာနေခဲ့တဲ့ စကော့တစ်ဖလားက အိုင်းဘရောက်စ်ကို တဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဟာ့တ်စ်တို့က ပုံမှန်ပွဲချိန်မိနစ်ကိုးဆယ်လုံး တောင့်ခံထားခဲ့ကြပေမဲ့ တိုက်စစ်မှာတော့ ဘာမှလောက်လောက်လားလားမရှိခဲ့ကြပါဘူး။