မန်စီးတီး အသင်းက အာလင်ဟာလန်း ကို ခေါ်ယူနိုင်ကြောင်းကြေငြာခဲ့ပြီးနောက် မြို့ခံပြိုင်ဘက် မန်ယူနိုက်တဒ် အသင်းကလည်း အားကျမခံ တိုက်စစ်ပိုင်းအတွက် အပြောင်းလဲတရပ်ပြုလုပ်ရန်ပြင်ဆင်လာပါတယ်။ ယူနိုက်တဒ် အနေနဲ့ ကာဗာနီ နဲ့ မာစီရယ် တို့ထွက်ခွါမယ့်အပြင် မေဆင်ဂရင်းဝုဒ် ရဲ့ အနာဂတ်ကလည်း သေချာမှု့မရှိတာကြောင့် ဗဟိုတိုက်စစ်ကို သေချာပေါက်လူဖြည့်တင်းရန်လိုအပ်ပြီး အဲရခ်တန်ဟဂ် ရဲ့ ဦးစားပေးဖြည့်တင်းရမယ့် စာရင်းမှာ တိုက်စစ်မှုး တစ်ဦး မဖြစ်မနေ ခေါ်ယူရေးကိုထည့်သွင်းထားတာလည်းဖြစ်ပါတယ်။ လက်ရှိ တိုက်စစ်က ရော်နယ်ဒို တစ်ဦးတည်းအပေါ် မှီခိုထားရပြီး ဒီရာသီ(၂၃)ဂိုးအထိသွင်းယူထားတဲ့ ကစားသမားက(၃၈)နှစ်ပြည့်မှာဖြစ်လို့ ယူနိုက်တဒ် တိုက်စစ်အခင်းအကျင်းက လူရယ်ချင်စရာကောင်းလောက်အောင်စုတ်ပြတ် နေပြီလည်းဖြစ်ပါတယ်။

တန်ဟဂ် အနေနဲ့ အသင်းကိုပြုပြင်ပြောင်းလဲရေးအတွက် ရှိရင်းစွဲကစားသမားတွေအတွက်လည်း အချိန်ပေးဖို့ဆုံးဖြတ်ထားသလို နှရောီလေ့ကငြ့ျခနျးမှာ သဘောမတွေ့တဲ့ ကစားသမားတွေကိုလည်း ရှင်းလင်းသွားဖို့ စီမံထားပါတယ်။ မားကပ်စ်ရရှ်ဖိုဒ့် အတွက် ပြန်လည်တောက်ပမယ့် အခွင့်အရေး ရရှိမှာဖြစ်ပေမယ့် အသုံးမချနိုင်ရင်တော့ သေချာပေါက်ရောင်းထုတ်ခံရနိုင်ပြီး တိုက်စစ်အခင်းအကျင်း က အသစ်တဖန် ပြန်ပြီး အကောင်ထည်ဖော်ရဖွယ်ရှိပါတယ်။

ယူနိုက်တဒ်ရဲ့လာမယ့်ရာသီအတွက် တိုက်စစ်ပိုင်းအပြောင်းလဲပြုလုပ်ရန်လျာထားတဲ့ ကစားသမားစာရင်းမှာ ဘင်ဖီကာ ရဲ့ ဒါဝင်နူနက်ဇ်၊လိုက်ဇစ် ရဲ့ အန်ကွန်ကူ တို့က ဦးစားပေးစောင့်ကြည့်နေတဲ့ ကစားသမားတွေအဖြစ် ပါဝင်နေပြီး ဘိုင်ယန်တိုက်စစ်မှုး လီဝန်ဒေါစကီး၊စပါးတိုက်စစ်မှုး ဟယ်ရီကိန်း တို့ရဲ့ အသင်းပြောင်းရွှေ့နိုင်ခြေတွေကိုလည်း လေ့လာလျက်ရှိပါတယ်။

လက်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဒါဝင်နူနက်ဇ် က ပရီးမီးယားလိဂ်မြေကို ခြေချဖွယ်ရှိပြီး မန်ချက်စတာမြေ မှာ ဥရောပရဲ့ ထိပ်သီးတိုက်စစ်မှုးနှစ်ယောက် အပြိုင်ကြဲမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။မန်စီးတီး က ဟာလန်း ကို ခေါ်ယူခဲ့ပြီး ဖြစ်တာကြောင့် ယူနိုက်တဒ် အနေနဲ့ အပြောင်းအရွှေ့မှာ ခပ်သွပ်သွပ်လှုပ်ရှားဖို့လိုနေပြီး အထူးသဖြင့် လာမယ့်နွေမှာ ဥရောပအသင်းကြီးတိုင်းရှာဖွေနေတဲ့ ဂိုးမုဆိုးတစ်ယောက်ကို အလျှင်အမြန်ခေါ်ယူနိုင်ဖို့ဆိုရင် ဒါဝင်နူနက်ဇ် လို ကစားသမားမျိုးကို ကျုံးသွင်းထားနိုင်ဖို့လိုပါလိမ့်မယ်။

နူနက်ဇ် က အသက်(၂၂)သာရှိသေးပြီး ဥရောပအတွေ့ကြုံနည်းပါးပေမယ့် ဒီရာသီ ချန်ပီယံလိဂ် မှာ ဘာစီလိုနာ၊ဘိုင်ယန်၊အိုင်းယက်စ်၊လီဗာပူးလ် တို့ကို ဂိုးတွေသွင်းယူနိုင်ခဲ့သလို ပြိုင်ပွဲစုံ (၃၉)ပွဲမှာ (၃၄)ဂိုးသွင်းယူခဲ့ပြီး (၄)ဂိုးဖနတီးထားတာကြောင့် ဥရောပရဲ့ တောက်ပလာမယ့်ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

နူနက်ဇ် ရဲ့ ပြောင်းရွှေ့ကြေးကို ဘင်ဖီကာအသင်းဖက်က တရားဝင်အသိပေးတာမျိုးမရှိပေမယ့် ယူရိုသန်း(၆၀)ကနေသန်း(၈၀)ကြားမှာ ကျသင့်နိုင်တယ်လို့ ပေါ်တးဂီကလာတဲ့သတင်းတွေကဆိုပါတယ်။ တန်ဟဂ် က ကစားသမား တစ်ယောက်ရဲ့ခြေစွမ်းကို ကိုယ်တိုင်မျက်စိနဲ့ ကြည့်ရှု့ပြီးဆုံးဖြတ်တယ်လို့ ဆိုခဲ့ဖူးပြီး သူ့ရဲ့အိုင်းယက်စ် ကို အသဲခွဲဂိုးနဲ့ချန်ပီယံလိဂ်မှာ နောက်ကောက်ချခဲ့တဲ့ နူနက်ဇ် ရဲ့ ခြေစွမ်းကို ကြည့်ရှု့ဖို့ ထပ်ပြီးမလိုအပ်တာတော့အသေချာပါပဲ။

နူနက်ဇ် က ဘယ်ခြမ်းတိုက်စစ် ကနေ အဓိကအားသုံးထိုးဖောက်လေ့ရှိပြီး တောင်ပံတွေကနေ ဖြတ်တင်ဘော တွေ ပြုလုပ်နိုင်သလို မြှားဦးကနေ တိုက်စစ်ကို ဦးဆောင်နိုင်စွမ်းလည်းရှိပါတယ်။ ဘောလုံးအထိန်းသိမ်းကောင်းသလို အမြင့်ဘောတွေ အတွက် အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အားနည်းချက်အနေနဲ့ ချိတ်ဆက်မှု့ပိုင်းမှာလိုအပ်ချက်တချို့တော့ရှိပါသေးတယ်။

ပေါ်တူဂီလိဂ်ကဖြစ်ပေမယ့် ပရီးမီးယားလိဂ် မှာ ကိုလံဘတ်စ်ရဲ့မြေကနေ အရှင်မွေးနေ့ချင်းကြီးလာတဲ့ ရူဘင်ဒီယက်ဇ်၊ဆေးလ်ဗား၊ဘရူနို၊နာဗက်ဇ်၊လူးဝစ်ဒီယက်ဇ် တို့ရှိတာကြောင့် ယခင်လို လိဂ်အဆင့်တန်းကွာဟမှု့က စာဖွဲ့ရမယ့် အခြေအနေ မဟုတ်တော့တာကိုသတိပြုရပါမယ်။ နူနက်ဇ် က လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက် မှာ အတော်လေး ကျယ်လောင်မယ့် ပေါက်ကွဲမှု့တစ်ခု ဖြစ်လာနိုင်ပြီး လာမယ့်ရာသီမှာ နော်ဝေးလ် ရဲ့ ဘုရင်သစ် နဲ့ ဥရုဂွေး မင်းသား ရဲ့ စီးချင်းထိုးပွဲကို မန်ချက်စတာဒါဘီ မှာ မြင်တွေ့ရမလားဆိုတာတော့.

ZAWGYI: မန်စီးတီး အသင်းက အာလင်ဟာလန်း ကို ခေါ်ယူနိုင်ကြောင်းကြေငြာခဲ့ပြီးနောက် မြို့ခံပြိုင်ဘက် မန်ယူနိုက်တဒ် အသင်းကလည်း အားကျမခံ တိုက်စစ်ပိုင်းအတွက် အပြောင်းလဲတရပ်ပြုလုပ်ရန်ပြင်ဆင်လာပါတယ်။ ယူနိုက်တဒ် အနေနဲ့ ကာဗာနီ နဲ့ မာစီရယ် တို့ထွက်ခွါမယ့်အပြင် မေဆင်ဂရင်းဝုဒ် ရဲ့ အနာဂတ်ကလည်း သေချာမှု့မရှိတာကြောင့် ဗဟိုတိုက်စစ်ကို သေချာပေါက်လူဖြည့်တင်းရန်လိုအပ်ပြီး အဲရခ်တန်ဟဂ် ရဲ့ ဦးစားပေးဖြည့်တင်းရမယ့် စာရင်းမှာ တိုက်စစ်မှုး တစ်ဦး မဖြစ်မနေ ခေါ်ယူရေးကိုထည့်သွင်းထားတာလည်းဖြစ်ပါတယ်။ လက်ရှိ တိုက်စစ်က ရော်နယ်ဒို တစ်ဦးတည်းအပေါ် မှီခိုထားရပြီး ဒီရာသီ(၂၃)ဂိုးအထိသွင်းယူထားတဲ့ ကစားသမားက(၃၈)နှစ်ပြည့်မှာဖြစ်လို့ ယူနိုက်တဒ် တိုက်စစ်အခင်းအကျင်းက လူရယ်ချင်စရာကောင်းလောက်အောင်စုတ်ပြတ် နေပြီလည်းဖြစ်ပါတယ်။