မန်ချက်စတာစီးတီး ကစားသမား ဂျက်ဂရေးလစ်ရှ်ဟာ အသင်းရဲ့ တိုက်စစ်မှုးသစ် အာလင်းဟာလန်းနဲ့ သူ့ရဲ့အကြား ပြောဆိုခဲ့တဲ့ အကြောင်းအရာ တချို့ကို ပြန်လည်ဖော်ပြ လာခဲ့ပါတယ်။ ဂရေစလစ်ရှ်ကတော့ မနှစ်ကရာသီ မစတင်ခင်မှာ အက်စတွန်ဗီလာ အသင်းကနေ မန်ချက်စတာစီးတီးကို ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့သူပါ။ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဂရေးလစ်ရှ်ဟာ စီးတီးမှာတော့ အကောင်းဆုံးပုံစံ မရရှိခဲ့ဘဲ စုစုပေါင်း ၃၈ ပွဲမှာ ၆ ဂိုးသာ သွင်းယူနိုင် ခဲ့ပါတယ်။

ဟာလန်းကတော့ ဂရေးလစ်ရှ်ရဲ့ တန်ကြေး တစ်ဝက်သာဖြစ်တဲ့ ပေါင် ၅၁ သန်းနဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံကို အခု ဈေးကွက်မှာ ပြောင်းရွှေ့လာခဲ့သူပါ။ ဒေါ့မန် တိုက်စစ်မှုးဟောင်းဟာလန်းကတော့ ဂရေးလစ်ရှ်နဲ့ စကားပြောဆိုရာမှာ ဒီအချက်ကို ထည့်သွင်းပြောဆို ခဲ့ပါတယ်။ ဂရေးလစ်ရှ်က ၂၁ နှစ်အရွယ် အသင်းဖော်သစ် နဲ့ ပတ်သက်ပြီး ” ဟာလန်းက လေ့ကျင့်ရေး အစီအစဉ်မှာ ကောင်းကောင်းအဆင်ပြေ နေပါတယ်။ ကြံ့ခိုင်မှု ရာနှုန်းပြည့်ပြီ ဆိုရင်တော့ သူက လုံးဝရပ်တန့်လို့ရမှာ မဟုတ်ပါဘူး။ ”

” ကျွန်တော် သူနဲ့အတူ တွဲဖက်ကစားဖို့ မစောင့်နိုင်လောက်အောင်ပါပဲ။ ဒီအခွင့်အရေးကို မျှော်လင့်စောင့်စား နေတာပါ။ သူ ကျွန်တော့်ကို တကယ်တမ်း ပြောခဲ့တာ ရှိပါတယ်။ ကျွန်တော်က ခင်ဗျားရဲ့ တန်ကြေး တစ်ဝက်ပဲ ရှိတဲ့အတွက်ကြောင့် ကျွန်တော့်မှာ ဘာဖိအားမှ ရှိမနေပါဘူး ဆိုပြီးပေါ့။ ” လို့ ဖွင့်ဟပြောကြား ခဲ့ပါတယ်။ သူက ဆက်လက်ပြီး ” ကြီးမားတဲ့ မျှော့်လင်မှုတွေ ဟာလန်းအပေါ်မှာ ရှိနေမှာကတော့ အသေအချာပါ။ ဒါပေမဲ့ ဒီလို အချိန်မျိုးမှာ ဒါတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ ”

” သူ့အနေနဲ့ အခွင့်အရေး လွဲချော်တာပဲဖြစ်ဖြစ် အဲ့လိုမျိုး ကိစ္စတွေ ကြုံလာရရင် အမြဲတမ်း လူတွေက တစ်ခုမဟုတ် တစ်ခု ပြောကြပါလိမ့်မယ်။ ကျွန်တော့ ကိုယ်တိုင် ကတော့ ဒါတွေနဲ့ ရင်းနှီးနေပြီးပါပြီ။ ” လို့ ဖွင့်ဟခဲ့ ပြန်ပါတယ်။ ဂရေးလစ်ရှ်က ဒါ့အပြင် ဟာလန်း မန်ချက်စတာစီးတီးကို ပထမဆုံး ရောက်ရှိချိန်တုန်းက နော်ဝေတိုက်စစ်မှုးနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ရှင်းလင်း ပြောကြား လာခဲ့ပြန်ပါတယ်။ ဟာလန်းအပေါ် သူ့ရဲ့ အမြင်နဲ့ ပတ်သက်ပြီး ရှင်းပြပြောဆိုရာမှာ ဂရေးလစ်ရှ်က

” သူက တကယ်ကို ထူးခြားခမ်းနားတဲ့ သူတစ်ဦးပါ။ သူ့ကို ပထမဆုံးအကြိမ် တွေ့ရတဲ့နေ့မှာ ကျွန်တော်တို့ ကားအတူတူ စီးဖြစ်ခဲ့ ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ဘယ်လိုထူးခြားတဲ့ သူပါလိမ့် လို့ ကျွန်တော် တွေးမိခဲ့ပါတယ်။ သူက သူ့ပုံစံနဲ့သူ အရမ်းနှိမ့်ချတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ” လို့ အဆုံးသတ် ပြောကြားသွား ခဲ့ပါတယ်။ အာလင်းဟာလန်း ရောက်ရှိမှုနဲ့ ပတ်သတ်ပြီး မန်ချက်စတာစီးတီး ဂန္တဝင် ကစားသမား အဂွဲရိုးကလည်း ” ယုတ္တိကျကျ တွေးမယ်ဆိုရင် ဟာလန်းဟာ ပရီးမီးယားလိဂ်လို ပြင်းထန်တဲ့နေရာမှာ အသားကျဖို့ အချိန်တစ်ခု လိုပါတယ်။ ဒါပေမဲ့ သူက သူကိုယ်တိုင် ကျော်ဖြတ်သွားနိုင်ပြီး ရလဒ်ကို မကြာခင် မြင်ရမယ်လို့ ထင်ပါတယ်။ ”

” သူ့လို စွမ်းဆောင်ရည် ပြည့်ဝတဲ့ ကစားသမားက. သူ့ရဲ့ ပုံစံကို ဂွာဒီယိုလာရဲ့ အသင်းမှာ ဘယ်လို ပြည့်စုံအောင် လုပ်ဆောင်ရမယ်ဆိုတာ ကောင်းကောင်း သိမယ်လို့ထင်ပါတယ်။ ဒါဟာ အချိန်တော့ အနည်းငယ် ယူရကောင်း ယူရနိုင်ပါတယ်။ ဒါပေမဲ့ အရာအားလုံးအပေါ် သူစိတ်နှစ်ပြီး အာရုံစိုက် လိုက်တာနဲ့ အကုန်လုံး သူ့အတွက် ရိုးရှင်းသွားမှာပါ။ ဟာလန်းဟာ သူ့ကို တောင်းဆိုတဲ့ ပုံစံကို ဖြည့်တင်းပေးနိုင်တဲ့ အရည်းအသွေး ရှိမယ်လို့ထင်ပါတယ်။ ဥပမာ သွင်းဂိုးတွေပေါ့။ ” လို့ ချီးကျူး ပြောဆိုသွား ခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာစီးတီး ကစားသမား ဂျက်ဂရေးလစ်ရှ်ဟာ အသင်းရဲ့ တိုက်စစ်မှုးသစ် အာလင်းဟာလန်းနဲ့ သူ့ရဲ့အကြား ပြောဆိုခဲ့တဲ့ အကြောင်းအရာ တချို့ကို ပြန်လည်ဖော်ပြ လာခဲ့ပါတယ်။ ဂရေစလစ်ရှ်ကတော့ မနှစ်ကရာသီ မစတင်ခင်မှာ အက်စတွန်ဗီလာ အသင်းကနေ မန်ချက်စတာစီးတီးကို ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့သူပါ။ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဂရေးလစ်ရှ်ဟာ စီးတီးမှာတော့ အကောင်းဆုံးပုံစံ မရရှိခဲ့ဘဲ စုစုပေါင်း ၃၈ ပွဲမှာ ၆ ဂိုးသာ သွင်းယူနိုင် ခဲ့ပါတယ်။