မန်စီးတီးတို့ဟာ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူးလေး အာလင်း ဟာလန်းကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ နာမည်ကျော် သတင်းထောက် ဖေဘရီဇီရို ရိုမာနိုက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ ဟာလန်းကို ခေါ်ယူနိုင်ခဲ့တာ ယခု တပတ်အတွင်းကြေညာသွားဖွယ်ရှိနေပါတယ်။ ဟာလန်းကို ခေါ်ယူနိုင်ခဲ့ ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေတာ အချိန်ကြာနေပြီဖြစ်ပေမဲ့ နာမည်ကျော် သတင်းထောက် ရိုမာနိုက အတည်ပြုချိန်မှ ပိုပြီးတော့ သေချာသွားခဲ့ပါတယ်။

မန်စီးတီးတို့ဟာ ဟာလန်းကို ခေါ်ယူဖို့ ဒေါ့မွန်နဲ့ စာချုပ်ဖျက်သိမ်းခ ယူရို (၇၅)သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ထားခဲ့တာ ဖြစ်တယ်လို့ ရိုမာနိုက အတည်ပြုပြော ဆိုသွားခဲ့ပါတယ်။ မန်စီးတီးဆီ အလုံးစုံ ပြောင်းရွှေ့ဖို့အတွက် စာရွက်စာတမ်း ကိစ္စတွေလည်း အဆင်သင့်ဖြစ်နေပြီလိုဆိုပါတယ်။ ဒါ့အပြင် ဟာလန်းနဲ့ မန်စီးတီး အသင်းရဲ့ ဆရာဝန်တို့ဟာ မနေ့က ဘယ်ဂျီယံမှာတွေ့ဆုံခဲ့ပြီး၊ ဆေးစစ်မှုရဲ့ ပထမဆုံးအပိုင်းတွေကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြပြီဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီး ဘုတ်အဖွဲ့ဟာ လွန်ခဲ့တဲ့ (၃)ပတ်ကတည်းက ဟာလန်းကို ခေါ်ယူဖို့အတွက် ဒေါ့မွန် အသင်းတာဝန်ရှိသူတွေနဲ့ နောက်ဆုံး အခြေအနေတွေကို တွေ့ဆုံ စကားပြောခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ စာရွက် စာတန်း ကိစ္စတွေပါ အပြီးသတ်ဖို့ သာကနြျတော့တာာဖွဈပါတယျ။ မန်စီးတီးရော ဒေါ့မွန်တို့ဟာ အပြောင်းအရွှေ့ အပြီးသတ် အခြေအနေကို ဒီတပတ်အတွင်းမှာပဲ ကြေညာသွားမှာဖြစ်ပါတယ်။ ဟာလန်း အနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့မှုမှာ ဒေါ့မွန်နဲ့ အသင်းပရိသတ်တွေကို အကောင်းဆုံး အခြေအနေနဲ့ နှုတ်ဆက်ဖို့ အလိုရှိနေတယ်လို့လည်း သိရပါတယ်။ လက်ရှိ ကြားသိနေရတဲ့ သတင်းတွေ အရတော့ ဟာလန်းဟာ မန်စီးတီးမှာ တပတ်လုပ်ခ ပေါင်(၃၇၅၀၀၀)ဝန်းကျင် အထိရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ မန်စီးတီးရဲ့ လစာအများဆုံး ကစားသမား ကီဗင်ဒီဘရိုင်းနဲ့ တူညီနေတဲ့ လုပ်ခလစာပမာဏ လည်းပဲဖြစ်ပါတယ်။ ဟာလန်းဟာ မန်စီးတီးနဲ့ (၅)နှစ်စာ ချုပ် ချုပ်ဆိုမှာဖြစ်ပြီး၊ (၂၀၂၇)ခုနှစ် ဇွန်လအထိ မန်စီးတီး ကစားသမားအဖြစ်ရှိနေတော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်ယူနိုက်တက်၊ ပီအက်စ်ဂျီတို့နဲ့ သတင်းတွေထွက်နေခဲ့ပေမဲ့လည်း မန်စီးတီးကတော့ အမှားအယွင်း ကင်းကင်းနဲ့ ပဲ ဘောလုံးရာသီ မကုန်ခင် အပြီးသတ် ခေါ်ယူနိုင်ခဲ့တာလည်းပဲဖြစ်ပါတယ်။

အသက်(၂၁)နှစ်သာ ရှိနေသေးပြီးတော့ လက်ရှိ ဥရောပရဲ့ အသက်(၂၁) နှစ်အောက် လူငယ်ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် ဟာလန်းကို သက်မှတ်ထားကြတာဖြစ်ပါတယ်။ ခပ်ခပ်ကြမ်းကြမ်းနဲ့ အကြောက်အလန့် ကင်းတဲ့ ကစားဟန်တွေ၊ သူမတူတဲ့ ဂိုးသွင်းနှုန်းတွေကြောင့် မက်ဆီနဲ့ စီရော်နယ်ဒိုခေတ် လွတ် ဘလွန်းဒီအော်ဆုရှင်လောင်းလို့ ဟာလန်းကို အများစုက သက်မှတ်ပြောဆိုနေကြတာဖြစ်ပါတယ်။

(၂၀၂၀) ခုနှစ် ဇန်နဝါရီမှာ ဆဲလ်ဘတ်ကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၈၈)ပွဲ ကစားပေးထားခဲ့ပြီး သွင်းဂိုး (၈၅) ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့တာကြောင့် (၈၃)မိနစ်တိုင်းမှာ တစ်ဂိုး သွင်းယူနိုင်နေတဲ့ မှတ်တမ်း ကောင်းကိုလည်း ရရှိထားခဲ့ပါတယ်။ ဒီ ဂိုးသွင်းနှုန်းဟာ (၂၁)အောက် လူငယ်တယောက် အနေနဲ့ တော်တော်လေးကို များပြားလှတဲ့ ဂိုးသွန်းနှုန်းဖြစ်နေတာပါ။ စီနီယာ ကစားသမားဘ၀ စတင်ချိန်ကစလို့ ဟာလန်းဟာ ကလပ်အသင်းတွေနဲ့ နိုင်ငံ အသင်းအတွက် ပွဲပေါင်း (၂၁၆)ပွဲ ပါဝင်ကစားပေးထားခဲ့ပြီးတော့ သွင်းဂိုးပေါင်း (၁၆၉)ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ဟာလန်းဟာ လက်ရှိဘောလုံးလောကရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရှိနေတဲ့ စီရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကိုပါကျော် ဖြတ်သွားဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ မန်စီးတီးတို့ဟာ အဂူရို ထွက်ခွာသွားပြီးကတည်း တိုက်စစ်ပြဿနာကို စီရော်နယ်ဒိုနဲ့ ဖြေရှင်းဖို့ ကြံရွယ်ခဲ့ပေမဲ့ စီရော်နယ်ဒိုက မန်ယူနိုက်တက်ကို သာ ရွေးချယ်ခဲ့တာကြောင့် လက်ရှိဘောလုံးရာသီ တလျှောက်လုံး မန်စီးတီးတို့ဟာ အဓိက တိုက်စစ်ကစားသမား မရှိပဲ ကစားနေခဲ့ရတာဖြစ်ပါတယ်။

ဒီလိုမျိုး တိုက်စစ်မှူး မရှိခဲ့ပေမဲ့ မန်စီးတီးရဲ့ ဂိုးသွင်းနှုန်းကတော့ ပရီးမီးယားလိဂ်(၃၅) ပွဲကစားပြီးချိန်မှာ သွင်းဂိုးက (၈၉)ဂိုး အထိရှိနေပြီး ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံး အသင်းအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ မန်စီးတီးရဲ့ သွင်းဂိုးတွေကို ဂျီးဆပ်၊ ဒီဘရိုင်း၊ ဘနာဒိုဆေးလ်ဗား၊ မာရက်နဲ့ စတာလင်းတို့က အဓိက သွင်းယူပေးနေကြတာဖြစ်ပြီး၊ လာမယ့်ရာသီမှာတော့ ဂိုးတွေ ဒိုင်ခံ သွင်းပေးမယ့် ဟာလန်းကို ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဘာနဲ့ တူလဲဆိုတော့ မြင်းကို ဂျို တပ်ပေးလိုက်တဲ့ သဘောမျိုး ဖြစ်ပြီး၊ တိုက်စစ်မှူး စစ်စစ်မရှိတာကြောင့် ဂိုးသွင်းကြမ်းတဲ့ မန်စီးတီးတို့ဟာ လာမယ့်ရာသီမှာ ဟာလန်းနဲ့ဆိုရင်တော့ ဘယ်လောက် အထိ ဂိုးသွင်းကြမ်းမဲ့ အသင်း ဖြစ်လာမလဲဆိုတာ ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းနေပြီပဲ ဖြစ်ပါတယ်။

ZAWGYI: မန်စီးတီးတို့ဟာ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူးလေး အာလင်း ဟာလန်းကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ နာမည်ကျော် သတင်းထောက် ဖေဘရီဇီရို ရိုမာနိုက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ ဟာလန်းကို ခေါ်ယူနိုင်ခဲ့တာ ယခု တပတ်အတွင်းကြေညာသွားဖွယ်ရှိနေပါတယ်။ ဟာလန်းကို ခေါ်ယူနိုင်ခဲ့ ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေတာ အချိန်ကြာနေပြီဖြစ်ပေမဲ့ နာမည်ကျော် သတင်းထောက် ရိုမာနိုက အတည်ပြုချိန်မှ ပိုပြီးတော့ သေချာသွားခဲ့ပါတယ်။