ညက ကစားသွားခဲ့ကြတဲ့ ဂျာမနီနဲ့ အင်္ဂလန်အသင်းတို့ရဲ့ နေရှင်လိဂ်အုပ်စု ဒုတိယပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျ ပြီးဆုံးသွားခဲ့ပါတယ်။ အုပ်စု ပထမပွဲစဉ်မှာ ဂျာမနီဟာ အီတလီနဲ့ သရေကျခဲ့သလို အင်္ဂလန်ကတော့ ဟန်ဂေရီကို မထင်မှတ်ပဲ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး အင်္ဂလန်တို့ကတော့ ညက ကစားသွားခဲ့တဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းပိုင်းက အားရစရာ မရှိပဲ ပြီးခဲ့တဲ့ ဟန်ဂေရီနဲ့ ပွဲစဉ်တုန်းက ခြေစွမ်းမျိုးနဲ့ပဲ ဂျာမနီအသင်းကို အဝေးကွင်းမှာ ရင်ဆိုင် ကစားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဂျာမနီနဲ့ အင်္ဂလန်တို့ဟာ ပြိုင်ပွဲအဆင့်တွေမှာ နောက်ဆုံးတွေ့ဆုံထားတာကတော့ (၂၀၂၂)ယူရို (၁၆)သင်း အဆင့်မှာ ဖြစ်ပြီး အဲ့ဒီအချိန်တုန်းကတော့ အင်္ဂလန်ဟာ စတာလင်း၊ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ (၂-ဝ)ဆိုတဲ့ ရလဒ်တစ်ခုနဲ့ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ညက ပွဲစဉ်မှာတော့ ဂျာမနီဟာ အင်္ဂလန်ကို ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ထိန်းချုပ်ကစားနိုင်ခဲ့ပေမဲ့ လုံလောက်တဲ့ ထိရောက်တဲ့ ထိုးဖောက်မှုတွေကိုတော့ များများစားစား ပြုလုပ်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပဲ ပွဲက အနည်းငယ်အေးတဲ့ အနေအထားမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီဟာ ပွဲချိန်အတွင်း ဂိုးပေါက်ကန်သွင်းမှု (၁၀)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီးတော့ အင်္ဂလန်ကတော့ (၁၅)ကြိမ် အထိ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အနေနဲ့ ဂျာမနီထက် ပိုတောင့်တင်းတဲ့ တိုက်စစ်စုဖွဲ့မှုကို ပိုင်ဆိုင်ထားခဲ့ပေမဲ့ ဂိုးရဖို့အတွက်တော့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျာမနီတို့ဟာ အင်္ဂလန်ကို ဦးဆောင်ဂိုး အရင်သွင်းယူခဲ့တာ ဖြစ်ပြီး၊ ဂျာမနီအတွက် ဦးဆောင်ဂိုးကိုတော့ ဟော့မန်က ကင်မစ်ချ်ရဲ့ ဖန်တီးပေးမှုကနေ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်တို့ဟာ ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့လည်း ဂျာမနီကို ခြေပဂိုး ပြန်လည်သွင်းယူဖို့အတွက် ခက်ခက်ခဲ ကြိုးစားနေခဲ့ရပြီး တိုင်ပတ်နေတဲ့ အခြေအနေမှာ ရှိနေခဲ့တာ ပါ။ ဒါပေမဲ့လည်း အင်္ဂလန်တို့ ကံကောင်းခဲ့ပြီး၊ ပွဲကစားချိန် (၈၈)မိနစ်မှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ လူကျွံ အအေထားနဲ့ ပြစ်ဒဏ်ကျူးလွန်ခံရမှုမှာ ပင်နယ်တီပြစ်ဒဏ်ဘော ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပင်နယ်တီကိုတော့ ဟယ်ရီကိန်းကပဲ ကန်သွင်းယူပြီး အင်္ဂလန်အတွက် အဖိုးတန် သရေတစ်မှတ်ရယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သွင်းဂိုးကြောင့် ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းအတွက် သွင်းဂိုး (၅၀)ပြည့်မြောက်လာခဲ့ပြီ ဖြစ်ပြီး၊ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်တဲ့ ဝိန်းရွန်းနီရဲ့ သွင်းဂိုး (၅၃)ကို ကျော်ဖြတ်ဖို့နီးစပ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ အင်္ဂလန်အတွက် လက်ရှိ နေရှင်လိဂ်မှာ ကစားနေတဲ့ ခြေစွမ်းတွေဟာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပြီး ခြေစွမ်းပိုင်းက လိုအပ်ချက်များစွာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီရဲ့ ခြေစွမ်းပိုင်းကလည်း ထူးမခြားနား ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

မေးစရာ ရှိတာက နိုင်ငံ အသင်းကြီးတွေဟာ လက်ရှိ ကစားလျက်ရှိနေတ့ နေရှင်လိဂ်ကို အဖြစ်ပုံစံမျိုးလောက်သာ ကစားလျက်ရှိနေတဲ့ အနေအထားမျိုးတွေရှိနေတာ ဖြစ်ပါတယ်။ လက်ရှိနေရှင်လိဂ်မှာ ယှဉ်ပြိုင်ကစားလျက်ရှိနေတဲ့ အသင်းကြီးတော်တော်များများရဲ့ ခြေစွမ်းတွေက နိမ့်ကျလျက်ရှိနေတာ ဖြစ်ပါတယ်။ မကြာခင် (၂၀၂၂)ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း စတင်ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ လက်ရှိနေရှင်လိဂ်မှာ ယှဉ်ပြိုင်ကစားလျက်ရှိနေတဲ့ အသင်းတွေထဲက နာမည်ကြီးကစားသမား အချို့က နေရှင်လိဂ် ပြိုင်ပွဲအပေါ် ဝေဖန်မှုတွေ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ကလပ်အသင်းတွေနဲ့ ဘောလုံးရာသီ ပြီးဆုံးချိန်နဲ့ ကပ်လျက် ကျင်းပတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်တဲ့ နေရှင်လိဂ်ကို ကစားသမားတွေကို ပွဲပန်းအောင်လုပ်နေတဲ့ အဓိပ္ပာယ်မရှိတဲ့ ပြိုင်ပွဲ အဖြစ် ဝေဖန်ထားကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိကျင်းပလျက်ရှိနေတဲ့ နေရှင်လိဂ် ပြိုင်ပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်မှု မရှိပဲ အသင်းကြီးတွေရဲ့ အဖြစ်ပုံစံ ကစားနေတဲ့ အနေအထားမျိုးတွေကိုသာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ZAWGYI: ညက ကစားသွားခဲ့ကြတဲ့ ဂျာမနီနဲ့ အင်္ဂလန်အသင်းတို့ရဲ့ နေရှင်လိဂ်အုပ်စု ဒုတိယပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျ ပြီးဆုံးသွားခဲ့ပါတယ်။ အုပ်စု ပထမပွဲစဉ်မှာ ဂျာမနီဟာ အီတလီနဲ့ သရေကျခဲ့သလို အင်္ဂလန်ကတော့ ဟန်ဂေရီကို မထင်မှတ်ပဲ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး အင်္ဂလန်တို့ကတော့ ညက ကစားသွားခဲ့တဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းပိုင်းက အားရစရာ မရှိပဲ ပြီးခဲ့တဲ့ ဟန်ဂေရီနဲ့ ပွဲစဉ်တုန်းက ခြေစွမ်းမျိုးနဲ့ပဲ ဂျာမနီအသင်းကို အဝေးကွင်းမှာ ရင်ဆိုင် ကစားသွားခဲ့တာပဲ ဖြစ်ပါတယ်။