ညက ကစားသွားခဲ့ကြတဲ့ အင်္ဂလန်နဲ့ ဟန်ဂေရီတို့ရဲ့ နေရှင်လိဂ် အုပ်စုပွဲစဉ်(၄)မှာ အင်္ဂလန်တို့ဟာ ဟန်ဂေရီကို အိမ်ကွင်း ဝင်ဘလေကွင်းကြီးထဲမှာ (၄)ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ပြီး ဆိုးရွားတဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အင်္ဂလန်မှာ ဟန်ဂေရီကို ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိ ယှဉ်ပြိုင်ကစားလျက်ရှိနေတဲ့ နေရှင်လိဂ်အုပ်စုပွဲစဉ်(၄) ပွဲအထိ ကစားပြီးတဲ့ အချိန်မှာ နိုင်ပွဲ တစ်ပွဲမှ မရရှိသေးပဲ (၂)ပွဲ သရေ(၂)ပွဲ ရှုံးရလဒ်တွေနဲ့ ရမှတ် (၂)မှတ်သာရရှိထားခဲ့ကာ အုပ်စုတွင်း ဇယားအောက်ဆုံးမှာ ရပ်တည်လျက်ရှိနေပါတယ်။

နာမည်ကြီး အင်္ဂလန်တို့ဟာ နေရှင်လိဂ်မှာ အဓိက ကစားသမား အစုံ အလင်ကို ပွဲထုတ်ပြီး ယှဉ်ပြိုင်ကစားလျက်ရှိနေပေမဲ့လည်း ရလဒ်ကောင်းတွေ ရဖို့အတွက်တော့ ရုန်းကန်နေရဆဲ ဖြစ်ပြီး၊ ဟန်ချက်ပျက် ယိမ်းယိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ ညကပွဲစဉ်မှာဆိုရင် အင်္ဂလန်တို့ဟာ ဟန်ဂေရီကို ဘောလုံးပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်းအထိ အသာစီးရယူပြီး ကစားခဲ့ပေမဲ့လည်း ဟန်ဂေရီရဲ့ မာထန်တဲ့ တုန့်ပြန် ကစားပုံတွေကြောင့် အခက်တွေ့ခဲ့ရပြီး မထင်မှတ်ပဲ(၄)ဂိုး ပြတ်ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ (၁၉၂၈)ခုနှစ်၊ မတ်လတုန်းက စကော့တလန်ကို အိမ်ကွင်းမှာ (၅-၁)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပိုင်း အင်္ဂလန်အသင်းရဲ့ ဘောလုံးသမိုင်းမှာ အိမ်ကွင်း ဝင်ဘလေကွင်းကြီးထဲမှာ အသင်းတစ်သင်းကို ဂိုးအပြတ်ဆုံးရှုံးနိမ့်ခဲ့ရတဲ့ ပထမဆုံး ပွဲစဉ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ ဒုတိယမြောက် ဂိုး အပြတ်ဆုံး အိမ်ကွင်း ရှုံးပွဲကလည်း (၁၉၅၃)ခုနှစ်တုန်းက ဟန်ဂေရီနဲ့ တွေ့ဆုံခဲ့စဉ်က ဖြစ်ပြီး၊ အဲ့ဒီအချိန်တုန်းကလည်း အင်္ဂလန်တို့ဟာ အိမ်ကွင်း ဝင်ဘလေကွင်းကြီးထဲမှာ ဟန်ဂေရီကို (၆-၃)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ဆိုတော့ ဟန်ဂေရီ အနေနဲ့လည်း ဘောလုံးသမိုင်းတစ်လျှောက် ဝင်ဘလေကွင်းကြီးထဲမှာ အင်္ဂလန်ကို (၄)ဂိုးနဲ့ အထက် (၂)ခါပြန်သွင်းတဲ့ ပထမဆုံးအသင်းတစ်သင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်တို့ဟာ ဟန်ဂေရီကို ဝင်ဘလေကွင်းကြီးထဲမှာ (၄)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အသင်းသမိုင်းမှာ သွင်းဂိုး တစ်ဂိုးမှ မသွင်းနိုင်ပဲ (၄)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပထမဆုံးသော အိမ်ကွင်း ပွဲစဉ်တစ်ပွဲအဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဟန်ဂေရီတို့ဟာ အင်္ဂလန်ကို ဆာလိုင်း၊ နေဂီ၊ ဂတ်ဇ်ဒတ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပြီး ဟန်ဂေရီအတွက် (၂)ဂိုး သွင်းယူပေးသွားခဲ့တဲ့ ဆာလိုင်းကတော့ (၁၉၅၃)ခုနှစ်တုန်းက အင်္ဂလန်ကို (၆-၃)နဲ့ အနိုင်ယူခဲ့စဉ်က ပူစကပ်စ်(၂)ဂိုးနဲ့ ဟိုင်းဒက်ခူတီ(၃)ဂိုးတို့ နောက်ပိုင်း အင်္ဂလန်ကို အဝေးကွင်းမှာ တစ်ပွဲထဲ (၂)ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ဟန်ဂေရီ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အင်္ဂလန်တို့ဟာ ဂိုးပေါက်ကန်သွင်းမှု (၁၀)ကြိမ် အထိရှိခဲ့ပေမဲ့လည်း တည့်မတ်တဲ့ ဂိုးကန်သွင်းမှုကတော့ (၂)ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဟန်ဂေရီကတော့ ဂိုးပေါက်ကန်သွင်းမှု (၆)ကြိမ် သာ ရှိခဲ့ပေမဲ့ (၅၀ကြိမ် ဂိုးပေါက်တည့်မတ်ခဲ့ပြီး (၄)ကြိမ်ကိုတော့ သွင်းဂိုးတွေ အဖြစ်ပြောင်းလဲ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်(၄)ပွဲကစားပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ (၂)ပွဲ နိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲ ရှုံးရလဒ်တွေနဲ့ ရပ်တည်လျက်ရှိနေပြီး၊ ရမှတ်(၇)မှတ် ရရှိထားခဲ့ကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အခြေအနေကောင်းတွေကို ပိုင်ဆိုင်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာ နာမည်ကြီး ဂျာမနီတို့ဟာလည်း နေရှင်လိဂ်မှာ အင်္ဂလန်နည်းတူ ရုန်းကန်ရလျက် ရှိနေတဲ့ အီတလီကို အိမ်ကွင်းမှာ (၅-၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ကြောင့် (၁)ပွဲနိုင် (၃)ပွဲ သရေ ရလဒ်တွေနဲ့ ရမှတ် (၆)မှတ် ရရှိကာ အဆင့်(၂)နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။ အီတလီနဲ့ အင်္ဂလန်တို့ကတော့ နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့ အခွင့် အရေး အလွန်နည်းပါးသွားခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပြီး၊ အုပ်စုအဆင့်ကနေသာ အိမ်ပြန်လာရဖို့ နီးစပ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ZAWGYI: ညက ကစားသွားခဲ့ကြတဲ့ အင်္ဂလန်နဲ့ ဟန်ဂေရီတို့ရဲ့ နေရှင်လိဂ် အုပ်စုပွဲစဉ်(၄)မှာ အင်္ဂလန်တို့ဟာ ဟန်ဂေရီကို အိမ်ကွင်း ဝင်ဘလေကွင်းကြီးထဲမှာ (၄)ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ပြီး ဆိုးရွားတဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အင်္ဂလန်မှာ ဟန်ဂေရီကို ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိ ယှဉ်ပြိုင်ကစားလျက်ရှိနေတဲ့ နေရှင်လိဂ်အုပ်စုပွဲစဉ်(၄) ပွဲအထိ ကစားပြီးတဲ့ အချိန်မှာ နိုင်ပွဲ တစ်ပွဲမှ မရရှိသေးပဲ (၂)ပွဲ သရေ(၂)ပွဲ ရှုံးရလဒ်တွေနဲ့ ရမှတ် (၂)မှတ်သာရရှိထားခဲ့ကာ အုပ်စုတွင်း ဇယားအောက်ဆုံးမှာ ရပ်တည်လျက်ရှိနေပါတယ်။