အာဝါ မာဘီလ်လို့နာမည်ခေါ်တဲ့ ဆူဒန်ဒုက္ခသည်အဖြစ်ကနေ သြစတြေးလျလက်ရွေးစင်ဖြစ်လာသူ တောင်ပံကစားသမားရဲ့ အဆုံးအဖြတ်ပယ်နယ်တီဂိုးနဲ့ သြဇီတို့ဟာ ပီရူးကိုအနိုင်ယူပြီး ကာတာကမ္ဘာ့ဖလားလက်မှတ်ကို အရယူသွားနိုင်ခဲ့ကြပါတယ်။ ၂၆နှစ်သား သြဇီလက်ရွေးစင်ဟာ ကနဦး၅ဦးရွေးချယ်ထားတဲ့ ပယ်နယ်တီကန်သွင်းသူတွေထဲမှာ မပါဝင်ထားခဲ့ပေမဲ့ တဖက်ကိုတဂိုးစီမဝင်ပဲ ၄-၄ဖြစ်နေချိန်မှာ သူက ထပ်ဆောင်းတဂိုးကန်သွင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အာဝါမာဘီလ်ကန်သွင်းပြီးချိန်မှာ ပီရူးဘက်က၁၁၆မိနစ်လူစားဝင်ကစားသမား အဲလက်စ်ဗယ်လ်လီရာရဲ့ကန်သွင်းချက်ကို မိနစ်၁၂၀မှာပယ်နယ်တီဖမ်းဖို့ဝင်လာခဲ့သူ လူစားဝင်ဂိုးသမား အန်ဒရူး ရက်ဒ်မေနီက ကာကွယ်သွားနိုင်ခဲ့ပြီး သူတို့ရဲ့ ၅ကြိမ်ဆက် ကမ္ဘာ့ဖလားဝင်ခွင့်လက်မှတ်ကိုရယူပေးခဲ့တာဖြစ်ပါတယ်။ သြဇီပရိတ်သတ်တွေကတော့ သူတို့ဆီကို ရွှေ့ပြောင်းခိုလှုံရောက်ရှိလာခဲ့ပြီး နိုင်ငံရဲ့ဟီးရိုးဖြစ်လာခဲ့သူ အာဝါမာဘီလ်ရဲ့အကြောင်းကို ပွဲအပြီးမှာ ချီးမွန်းနေခဲ့ကြပြီး မီဒီယာတွေကလဲ သူ့ရဲ့အကြောင်းကို ဖော်ထုတ်ရေးသားနေကြပါတယ်။

ပြင်းထန်လှတဲ့ ပြည်တွင်းစစ်ဒဏ်ကိုခံခဲ့ရပြီး ကင်ညာနိုင်ငံကဒုက္ခသည်စခန်းကနေ တဆင့် သြဇီကိုရောက်လာခဲ့သူ တောင်ဆူဒန်သား မာဘီလ်အတွက် ဟီးရိုးဖြစ်မဲ့ အခွင့်အရေးက ကြံဖန်ပြီးတော့ကိုရောက်ရှိလာခဲ့တာလို့ဆိုရမှာပါ။ သူကပွဲအပြီးမှာ သူတို့မိသားစုကို ဆင်းရဲဒုက္ခတွေကြားကနေ ၂၀၀၆ခုနှစ်မှာ ကယ်ထုတ်လက်ခံခိုလှုံခွင့်ပေးခဲ့တဲ့ သြဇီနိုင်ငံအတွက် ဒီပယ်နယ်တီကိုရည်ညွှန်းကျေးဇူးဆပ်ပါကြောင်း ပြောကြားသွားခဲ့ပါတယ်။

“ကျနော် ဂိုးသွင်းရလိမ့်မယ်ဆိုတာ ကျနော်သိနေခဲ့တာပါ။ ကျနော့်ရဲ့မိသားစုကိုယ်စား ကျနော်သြစတြေးလျနိုင်ငံကို ကျေးဇူးတင်ကြောင်းပြောဖို့အတွက် ဒီနည်းလမ်းက တခုတည်းသော နည်းလမ်းဖြစ်ခဲ့တာပါ။”လို့သူက အချိန်ပိုအထိဂိုးမရှိသရေကျခဲ့ပြီးနောက်ပယ်နယ်တီမှာသူမပါခဲ့သေးပေမဲ့ ကြိုတင်ထင်နေမိကြောင်း ပြောခဲ့ပါတယ်။ ကျနော်ဟာ တဲလေးတလုံးထဲမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ တကယ့်ကိုမှ တဲသေးသေးလေးတလုံးပါပဲ။”

“ကျနော့်ဟော်တယ်အခန်းကမှ ကျနော်တို့တဲလေးထက် သေချာပေါက်ကြီးပါဦးမယ်။ ကျနော်တို့ဟာ ဒုက္ခသည်စခန်းက အဲ့လိုအခန်းငယ်လေးထဲမှာ မိသားစုလိုက်ကိုနေထိုင်ခဲ့ရတာဖြစ်ပါတယ်။ သြစတြေးလျဟာ ကျနော်တို့ကို ခေါ်ယူပြီး ဒီမှာအခြေချနေထိုင်ခွင့်ပေးခဲ့တဲ့အတွက်ကြောင့်သာ ကျနော်ရော ကျနော့်မွေးချင်းမောင်နှမတွေရော ကျနော်တို့တမိသားစုလုံးရော ဘဝမှာ အခွင့်အရေးတခုရရှိခဲ့ကြတာဖြစ်ပါတယ်။”

“ကျနော်တို့ ဘဝရှင်သန်ဖို့အခွင့်အရေးပေးခဲ့တဲ့အတွက် သူတို့ကျနော့်မိသားစုကိုဒီလိုအခွင့်အရေးမျိုး ခွင့်ပြုပေးခဲ့ကြတဲ့အတွက် ဒီလိုနည်းလမ်းအားဖြင့် သြစတြေးလျကို ကျနော်ကျေးဇူးဆပ်ချင်ပါတယ်။” မာဘီလ်ဟာ ဆူဒန်စစ်ကြောင့် ကင်ညာဒုက္ခသည်စခန်းမှာ မွေးဖွားရှင်သန်ခဲ့ရသူဖြစ်ပေမဲ့ သူ့ဘဝကို ဘောလုံးတည်ဆောက်ဖို့ရည်မှန်းချက်ထားခဲ့ပြီး ဒါဟာလက်တွေ့ဖြစ်လာခဲ့ပြီးနောက်မှာ တခြားသူ့လိုဘဝတူ ဒုက္ခသည်တွေကိုလဲ ဒါကလှုံ့ဆော်မှုခွန်းအားတစုံတရာဖြစ်လာစေမယ်လို့ ယူဆနေပါတယ်။

“ကျနော် ဂိုးသွင်းခဲ့ပါတယ်၊ ကျနော့်ရဲ့ အသင်းဖော်တွေ တော်တော်များများက ဂိုးသွင်းခဲ့ပါတယ်၊ အားလုံးက တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ကြပြီး ဒုက္ခသည်ကလေးက ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့သူ့ဖြစ်အင်ကိုညွှန်းဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ သြစတြေးလျတို့ဟာ ကမ္ဘာ့ဖလား အုပ်စုဒီမှာ ပြင်သစ်၊ဒိန်းမတ်၊တူနီးရှားတို့နဲ့ တအုပ်စုတည်းကျရောက်နေပြီး လာမဲ့နိုဝင်ဘာ၂၂ရက်နေ့မှာ ကမ္ဘာ့ချန်ပီယံဘွဲ့ကိုကာကွယ်မဲ့ ဒီဒီယာဒက်စ်ချန့်စ်ရဲ့အသင်းနဲ့အဖွင့်ပွဲစဉ်ကိုယှဉ်ပြိုင်သွားကြရမှာလဲဖြစ်ပါတယ်။

ZAWGYI: အာဝါ မာဘီလ်လို့နာမည်ခေါ်တဲ့ ဆူဒန်ဒုက္ခသည်အဖြစ်ကနေ သြစတြေးလျလက်ရွေးစင်ဖြစ်လာသူ တောင်ပံကစားသမားရဲ့ အဆုံးအဖြတ်ပယ်နယ်တီဂိုးနဲ့ သြဇီတို့ဟာ ပီရူးကိုအနိုင်ယူပြီး ကာတာကမ္ဘာ့ဖလားလက်မှတ်ကို အရယူသွားနိုင်ခဲ့ကြပါတယ်။ ၂၆နှစ်သား သြဇီလက်ရွေးစင်ဟာ ကနဦး၅ဦးရွေးချယ်ထားတဲ့ ပယ်နယ်တီကန်သွင်းသူတွေထဲမှာ မပါဝင်ထားခဲ့ပေမဲ့ တဖက်ကိုတဂိုးစီမဝင်ပဲ ၄-၄ဖြစ်နေချိန်မှာ သူက ထပ်ဆောင်းတဂိုးကန်သွင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။