မန်ချက်စတာယူနိုက်တက် စတား မားကပ်ရပ်ဖို့ဒ်က လီဗာပူးနဲ့ သူတို့ အသင်းကြားမှာ ရှိခဲ့တဲ့ သမိုင်းကြောင်းတွေကြောင့် မန်ချက်စတာစီးတီး ထက်စာရင် အန်ဖီးကလပ်ကို ပိုမို မုန်တီးတယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူး နဲ့ မန်ယူနိုက်တက် တို့ဟာ အင်္ဂလန် ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံး အသင်းတွေ ဖြစ်ကြပြီး သမိုင်းနဲ့ချီကာ နှစ်ပေါင်းများစွာ ခါးသီးပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ The Red Devils တို့ဟာ အမှတ်ပေးဖလားကို အကြိမ် ၂၀ ဆွတ်ခူးထားနိုင်ခဲ့သလို ပြိုင်ဘက် လီဗာပူး ကလည်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ခဲ့ခြင်းနဲ့ အတူ ဒီဖလားကို ၁၉ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီး ကတော့ အဘူဒါဘီ ပိုင်ရှင်တွေရဲ့ လက်အောက်မှာ ထိပ်တန်းအသင်းကြီး ဖြစ်လာခဲ့ပြီး ၎င်းတို့ လက်ထက်မှာ အမှတ်ပေးဖလား ၆ ကြိမ်ထိ ရယူထားခဲ့ကာ စုစုပေါင်း ၈ ကြိမ် ဆွတ်ခူးထားခဲ့ပါတယ်။ ရပ်ဖို့ဒ်က သူ့အနေနဲ့ မန်စီးတီးကို မကြိုက်ရတဲ့ အကြောင်းပြချက်က မယ်မယ်ရရ မရှိပေမယ့်လည်း လီဗာပူး ကို မုန်းတီးရတဲ့ အကြောင်းရင်း ကတော့ ရှိနေတယ်လို့ ၀န်ခံသွားပါတယ်။

မုန်းတီးတဲ့ ကလပ် ရှိသလားဆိုတဲ့ မေးခွန်းကို ရပ်ဖို့ဒ်က “လီဗာပူး ဖြစ်ပါတယ်။ ကျွန်တော် လီဗာပူး နဲ့ စီးတီး တို့ကို မနှစ်သက်ပါဘူး။ သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ အသင်းနဲ့ လီဗာပူးဟာ သမိုင်းကြောင်းတွေ ရှိထားခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့နဲ့ ပက်သက်ပြီး အနည်းငယ် ခါးသီးမှု ရှိနေပါတယ်။ မန်စီးတီး ကိုလည်း ကျွန်တော် နှစ်သက်မှု မရှိပေမယ့် သူတို့ကို ဘာကြောင့် မကြိုက်ရသလဲ ဆိုတဲ့ အကြောင်းပြချက် ကတော့ မယ်မယ်ရရ မရှိပါဘူး။”

“ကျွန်တော်ဟာ ဒီမြို့မှာ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒီမှာ မန်ချက်စတာ အခြေစိုက် ကလပ် နှစ်ခု ရှိနေပါတယ်။ တစ်ခုက မိုးပြာရောင် ၀တ်ကစားတဲ့ အသင်း ဖြစ်ပြီး တစ်သင်းကတော့ အနီရောင်ပါ။ ဒါပေမယ့် လီဗာပူးနဲ့ rivalry ကတော့ အများကြီး ပိုပြီး ရင်ထဲ ရှိနေပါတယ်။” လို့ ပြောသွားပါတယ်။ အန်ဖီးကွင်းမှာ ကစားရတဲ့ အပေါ် ၎င်းက “သူတို့ရဲ့ ပရိတ်သတ်တွေဟာ ကိုယ့်ရဲ့ အာရုံတွေကို အခြား နေရာ ရောက်သွားအောင် လုပ်နိုင်ပါတယ်။ သူတို့ကို ခွင့်ပြုလိုက်မယ် ဆိုရင် သူတို့ဟာ ကိုယ့်ကို ပွဲအပေါ် အာရုံမစိုက်နိုင်အောင် လုပ်သွားနိုင်ပါတယ်။”

“အန်ဖီးမှာ ပထမဦးဆုံး ကစားခဲ့တဲ့ ပွဲစဉ်တုန်းက ကျွန်တော်ဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခံရလုနီးပါး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဟာ ခပ်ညစ်ညစ် ကစားတက်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော့် အနေနဲ့ တစ်စုံတစ်ဦးကို ရည်ရွယ်ချက်ရှိရှိ နာကျင်အောင် လုပ်သွားဖို့ မကြိုးစားတက်ပါဘူး။” လို့ ဆိုသွားပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီတွေမှာတော့ မန်ယူနိုက်တက်ထက် ပိုမို မြင့်မားတဲ့ အဆင့်အတန်းမှာ ရှိနေပြီး ဘောလုံးလောကရဲ့ အဓိက ဆုဖလားတွေကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သရဲနီနည်းပြ အဲရစ်တန်းဟတ်ဟာ ဒါကို ပြောင်းလဲသွားဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘန်ကောက်မှာ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာတော့ လီဗာပူးကို ၄-၀ နဲ့ အနိုင်ရထားခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက် စတား မားကပ်ရပ်ဖို့ဒ်က လီဗာပူးနဲ့ သူတို့ အသင်းကြားမှာ ရှိခဲ့တဲ့ သမိုင်းကြောင်းတွေကြောင့် မန်ချက်စတာစီးတီး ထက်စာရင် အန်ဖီးကလပ်ကို ပိုမို မုန်တီးတယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူး နဲ့ မန်ယူနိုက်တက် တို့ဟာ အင်္ဂလန် ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံး အသင်းတွေ ဖြစ်ကြပြီး သမိုင်းနဲ့ချီကာ နှစ်ပေါင်းများစွာ ခါးသီးပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ The Red Devils တို့ဟာ အမှတ်ပေးဖလားကို အကြိမ် ၂၀ ဆွတ်ခူးထားနိုင်ခဲ့သလို ပြိုင်ဘက် လီဗာပူး ကလည်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ခဲ့ခြင်းနဲ့ အတူ ဒီဖလားကို ၁၉ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။