မနေ့ညက ကစားသွားခဲ့ကြတဲ့ ဘယ်ဂျီယံနဲ့ ပိုလန်တို့ရဲ့ နေရှင်လိဂ်အုပ်စုပွဲစဉ်မှာ ဘယ်ဂျီယံဟာ ပိုလန်ကို (၆-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နယ်သာလန်နဲ့ ပွဲက အရှုံးကို ကုစားသွားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဟာဇက်ဟာ ဘယ်ဂျီယံ အတွက် ပွဲထွက်ကစားသမား အဖြစ် ပါဝင်ကစားသွားခဲ့ပြီ ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပါတယ်။ ဘယ်ဂျီယံ အသင်းပရိသတ်တွေအတွက်တော့ ဟာဇက်ရဲ့ ခြေစွမ်းတွေကို မြင်တေ့လိုက်ရတာက စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့မှာ သေချာပါတယ်။

ဟာဇက်တစ်ယောက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့ပြီးတဲ့ နောက်ပိုင်း ကစားသမား ဘဝဟာ မှောင်မိုက်နေခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေရော၊ ပါဝင်ကစားခဲ့တဲ့ အချိန်တိုင်းမှာလည်း ခြေစွမ်းပြ နိုင်ဖို့ ရုန်းကနေခဲ့ရတာတွေက ဟာဇက်အတွက် ခက်ခဲတဲ့ အချိန်တွေ ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်အတွက် ပွဲထွက်ကစားချိန်တွေက နည်းပါးလွန်းနေခဲ့တာကြောင့် တချို့အချိန်တွေမှာဆိုရင် ဟာဇက်ကို မေ့မေ့ ပျောက်ပျောက် တောင် ဖြစ်နေခဲ့ကြတာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ အတူ လာလီဂါ ဖလား (၂)ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရရှိထားခဲ့ပေမဲ့ ဒီဖလား(၃)လုံး လုံးကို ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ခရီးစဉ်တစ်လျှောက်မှာ ဟာဇက်ရဲ့ အခန်းကဏ္ဍက ဒဏ်ရာပြဿနာတွေကြောင့် အရေးမပါတဲ့ နေရာကနေသာ ပါဝင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟာဇက်တစ်ယောက်ကတော့ ရီးရဲလ်မက်ဒရစ်က သူ့ရဲ့ ကစားသမားဘဝကို အရှုံးပေးလိုစိတ် မရှိသေးပဲ လာမယ့် ဘောလုံးရာသီမှာ ရီးရဲလ်နဲ့ အတူ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားတွေကို ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ် အောင်ပွဲခံ အခမ်းအနားမှာ မြင်တွေ့ခဲ့ရပါတယ်။

မနေ့ညက ကစားသွားခဲ့တဲ့ ပိုလန်နဲ့ ပွဲစဉ်မှာဆိုရင် ဟာဇက်ဟာ ဘယ်ဂျီယံအသင်းအတွက် အသင်းခေါင်းဆောင် တစ်ယောက် အဖြစ်နဲပ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဟာဇက်ရဲ့ခြေစွမ်းတွေက အထူးတောက်ပခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ လီဝမ်ဒေါ့စကီးရဲ့ အဖွင့်ဂိုးကြောင့် ပိုလန်အသင်းရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ ဘယ်ဂျီယံ အသင်းရဲ့ ပြန်လာနိုင်မှုက ချွင်းချက်မရှိ ကောင်းမွန်ခဲ့ပါတယ်။

ဟာဇက်ရဲ့ ပိုလန်နဲ့ ပွဲက စွမ်းဆောင်ရည်တွေက ယုံကြည်မှုတွေ ပြည့်ဝလျက်ရှိနေတဲ့ ပုံစံ ပေါက်နေပြီး၊ အသက်(၃၁)နှစ်သားဟာ ပွဲကစားချိန် (၆၆)မိနစ် အထိ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် (၅၉)မိနစ်မှာ သွင်းယူခဲ့တဲ့ ဒီဘရိုင်းနဲ့ သွင်းဂိုးကိုတောင် ဟာဇက်က ဖန်တီးပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးကို လက်ခံဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေခဲ့ပြီး ယုံကြည်မှု ရှိစွာ ခြေစွမ်းပြ ကစားသွားတဲ့ ပုံစံက ကျွန်တော်တို့ သိတဲ့ ဟာဇက်ကို ပြန်မြင်လိုက်ရတာပဲ ဖြစ်ပါတယ်။

ပွဲကစားချိန် (၆၆)မိနစ်သာ ရှိခဲ့ပေမဲ့ ဟာဇက်ရဲ့ စွမ်းဆောင်ရည် အဆင့်သက်မှတ်ချက်က (၈) အထိရှိခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေါက် ကန်သွင်းမှု (၃)ကြိမ် ရှိခဲ့ပြီး၊ ပွဲချိန်အတွင်း ဘောလုံးပေးပို့ရာမှာ တိကျမှုက (၈၉)ရာခိုင်နှုန်း အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဂိုးဖန်တီးမှု (၁)ကြိမ်နဲ့ ဂိုးရရန်အခွင့်အရေး ဖန်တီးပေးနိုင်မှုကလည်း (၁)ကြိမ် ရှိခဲ့ပါတယ်။ ဘောလုံးထိချက် (၄၈)ကြိမ် အထိ ရှိခဲ့ပြီး ပွဲချိန်အတွင်း ပြစ်ဒဏ် ကျူးလွန်ခံရမှုကလည်း (၃)ကြိမ်အထိတောင် ရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ သူ့ရဲ့ ခြေစွမ်းတွေအပေါ် ဟာဇက်က အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

” ကျွန်တော် ပွဲတွေ ပိုပြီး ကစားရရင် ကျွန်တော့်ရဲ့ အရင်ခြေစွမ်းတွေ ပြန်ရလာမယ်လို့ အမြဲပြောခဲ့ပါတယ်၊ ကျွန်တော့်မှာ အခွင့်အရေးတွေ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ ကံမကောင်းစွာပဲ ကျွန်တော် လွဲချော်ခဲ့ရပါတယ်၊ နောက်တစ်ကြိမ်တော့ ခင်ဗျားတို့ ကြည့်နေလိုက် ကြပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေကို ခေါ်ယူဖို့ ကျရှုံးခဲ့မှု ဘေးလ်အသင်းကနေ ထွက်ခွာ သွားမှုတို့က လာမယ့်ရာသီမှာ ဟာဇက်အတွက် ရီးရဲလ်မှာ အခွင့်အရေးတွေ တဖန်ပြန်ရလာမယ့် အနေအထားတွေ ရှိနေပါတယ်။ ရီးရဲလ်အသင်းရဲ့ နည်းပြ ဖြစ်သူ အန်ဆယ်လော့တီကလည်း ဟာဇက်နဲ့ ပတ်သက်ပြီး အခုလို ပြောကြားထားခဲ့ပါသေးတယ်။

” ဟာဇက်က လာမယ့်ရာသီမှာ အသင်းမှာပဲ ဆက်နေပါလိမ့်မယ်၊ ဟာဇက်ရဲ့ အစီအစဉ်ကလည်း အရမ်းကို ရှင်းလင်းပါတယ်၊ သူရီးရဲလ်မှာ ဆက်နေမယ်၊ ပြီးရင် လာမယ့်ရာသီမှာ သူရဲ့ အရည်အချင်းတွေကို ပြသချင်တယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟာဇက်အနေနဲ့ ပိုလန်နဲ့ ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ပရိသတ်တွေကတော့ come back ပုံ ပြင်တစ်ပုဒ်ကို ဟာဇက်တစ်ယောက် ကောင်းကောင်း ရေးထိုးနိုင်ခဲ့ပြီလို့ ဆိုနေကြပြီး၊ လာမယ့်ရာသီမှာ ရီးရဲလ်နဲ့ အတူ ချဲလ်ဆီးက ဟာဇက်ကို ပြန်မြင်တွေ့ရတော့မလားဆိုတာကတော့ အချိန်က သက်သေပြ သွားမှာပဲ ဖြစ်ပါတယ်။

ZAWGYI: မနေ့ညက ကစားသွားခဲ့ကြတဲ့ ဘယ်ဂျီယံနဲ့ ပိုလန်တို့ရဲ့ နေရှင်လိဂ်အုပ်စုပွဲစဉ်မှာ ဘယ်ဂျီယံဟာ ပိုလန်ကို (၆-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နယ်သာလန်နဲ့ ပွဲက အရှုံးကို ကုစားသွားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဟာဇက်ဟာ ဘယ်ဂျီယံ အတွက် ပွဲထွက်ကစားသမား အဖြစ် ပါဝင်ကစားသွားခဲ့ပြီ ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပါတယ်။ ဘယ်ဂျီယံ အသင်းပရိသတ်တွေအတွက်တော့ ဟာဇက်ရဲ့ ခြေစွမ်းတွေကို မြင်တေ့လိုက်ရတာက စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့မှာ သေချာပါတယ်။