ယမန်နေ့ညပိုင်းမှာတော့ မန်ယူနိုက်တက်နည်းပြသစ် တန်ဟတ်ကတော့ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်သွားခဲ့ပြီး အသင်းနဲ့ ပတ်သက်တာ တော်တော်များများကို ပြောဆိုဆွေးနွေးသွားခဲ့ပါတယ်။ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ဆိုးရွားလှတဲ့ စွမ်းဆောင်ရည်က နည်းပြသစ်ကို အတော်လေး ခေါင်းစားစေမှာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

အဆိုပါ ပြောင်းလဲမှုတွေထဲမှာ ပရိသတ်တွေ သိလိုတဲ့ အချက်က ရော်နယ်ဒိုရဲ့ယူနိုက်တက် အနာဂတ်ပဲ ဖြစ်ပါလိမ့်မယ်။ ရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ပြီးတဲ့နောက် အသင်းက ထွက်ခွာမယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် တန်ဟတ်ရဲ့ လူငယ်တွေကို နေရာပေး ကစားတတ်တဲ့ ကစားဟန်ကြောင့် အသက် (၃၇)နှစ်အရွယ် ပေါ်တူဂီသားအတွက် ပွဲချိန်အကန့်သတ်နဲ့သာ ရရှိနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေခဲ့တာပါ။

ဒါပေမယ့်လည်း ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်က ယူနိုက်တက်အသင်းရဲ့ အဓိကအကျဆုံး ကစားသမားကြီးဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုအနေနဲ့ အသင်းအတွက် စီစဉ်ထားတဲ့ သူရဲ့အစီအစဉ်တွေထဲမှာ သေချာပေါက်ကို ပါဝင်နေလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က ” ရော်နယ်လ်ဒိုက ဂိုးတွေကို သွင်းယူပေးနိုင်တယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုအကြောင်း ခင်ဗျားတို့ကို မပြောပြသေးခင်မှာ သူနဲ့ ကျွန်တော် ပထမဆုံး စကားစပြောရပါမယ်။ သူက အသင်းအတွက် ကျွန်တော်ရဲ့အစီအစဉ်တွေထဲမှာ သေချာပေါက်ကို ပါဝင်နေပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် GOAT ကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းက ဒီရာသီမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၁၈)ဂိုးအပြင် ပြိုင်ပွဲစုံသွင်းဂိုး (၂၄)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပြီး တစ်ရာသီအတွင်းမှာလည်း ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း နှစ်ကြိမ်တိုင် ဆွတ်ခူးခဲ့ပါတယ်။

ယူနိုက်တက်က ဒီရာသီမှာ အဆင့်(၆)နေရာနဲ့ပဲ အဆုံးသတ်နိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ နည်းပြသစ်တန်ဟက်ဂ်နဲ့ လက်တွဲပြီး ယူနိုက်တက်မှာပဲ နောက်တစ်ရာသီ ဆက်လက်ဖြတ်သန်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဟောင်းတွေလက်အောက်မှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရပြီး အဲဗာတန်အသင်းထံ အငှားချခံခဲ့ရတဲ့ တပည့်ဟောင်း ဗန်ဒီဘိခ်ရဲ့အခြေနေနဲ့ပတ်သက်ပြီးတော့လည်း တန်ဟတ်က ပြောဆိုခဲ့ပါသေးတယ်။ ” အေဂျက်မှာတော့ ထူးခြားကောင်းမွန်တဲ့လူစာရင်းထဲမှာ သူလည်း ပါဝင်ပါတယ်။ ကျနော်တို့ နှစ်ဦးမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။ ကျနော်တို့တွေ ကွင်းအတွင်းမှာ နောက်တကြိမ် ပြန်လည် စုံစည်းနိုင်ဖို့ မျော်လင့်ပါတယ်။ ” ဟု တန်ဟတ်က ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။

ZAWGYI: ယမန်နေ့ညပိုင်းမှာတော့ မန်ယူနိုက်တက်နည်းပြသစ် တန်ဟတ်ကတော့ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်သွားခဲ့ပြီး အသင်းနဲ့ ပတ်သက်တာ တော်တော်များများကို ပြောဆိုဆွေးနွေးသွားခဲ့ပါတယ်။ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ဆိုးရွားလှတဲ့ စွမ်းဆောင်ရည်က နည်းပြသစ်ကို အတော်လေး ခေါင်းစားစေမှာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။