ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ် အသင်းထံ ရောက်ရှိလာတဲ့ ဖေဘီယို ဗီအဲရာက သူ့ရဲ့ ကစားပုံကို လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်လိုက်ပြီး၊ လက်ရွေးစင် အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကစားပုံတွေကိုလည်း လေ့လာဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ပေါ်တူဂီ ယူ၂၁အသင်းရဲ့ လက်ရွေးစင် ကြယ်ပွင့်ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တို အသင်းကနေ မြောက်လန်ဒန်ကလပ်မှာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရိုသန်း၄၀ ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ဗီအဲရာက သူ့ရဲ့ ကစားဟန်ဟာ ဘယ်ခြေ တချောင်းနဲ့ နောက်ခံလူတွေကို လှည့်စားနိုင်တဲ့ အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီနဲ့ ဆင်တူကြောင်း ပြောလိုက်ပြီး၊ သူတို့ နှစ်ဦးကြားမှာ တူညီတဲ့ အရာတွေ များစွာ ရှိနေကြောင်း အခုလို ပြောလိုက်ပါတယ်။ “မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့လို ကစားသမားတွေကို ကျွန်တော် သဘောကျပါတယ်။ မက်ဆီကို သဘောကျတာက သူ့ရဲ့ ထူးခြားတဲ့ ကစားဟန်ကြောင့်လို့ ပြောရမှာပါ။ သူက ကျွန်တော့်လိုပဲ ဘယ်ခြေကို အားပြုကစားတဲ့သူ ဖြစ်ပြီး၊ ကျွန်တော်တို့ကြားမှာ တူညီတဲ့ အရာတွေ အများကြီး ရှိနေပါတယ်။”

ဆက်လက်ပြီး အဆိုပါ ပေါ်တို ကွင်းလယ်လူဟောင်းက ရော်နယ်လ်ဒိုကို သဘောကျမိတာဟာ သူနဲ့ တနိုင်ငံတည်းသား ဖြစ်တာကြောင့် မဟုတ်ပဲ၊ ထူးချွန်တဲ့ စိတ်ဓာတ်နဲ့ ဂိုးသွင်းစွမ်းရည်တွေကို သဘောကျမိတာကြောင့် ဖြစ်တယ်လို့ အခုလို ထပ်ပြောခဲ့ပါတယ်။ “ရော်နယ်လ်ဒိုက ပေါ်တူဂီ လူမျိုးဖြစ်လို့ သဘောကျတာ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို သဘောကျတဲ့ အချက်တွေက သူ့ရဲ့ အလုပ် ကြိုးစားမှုနဲ့ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှုတွေ ဖြစ်ပြီး၊ သူ့ရဲ့ အဲဒီ အရည်အချင်းတွေက တကယ်ကို မယုံနိုင်စရာပါပဲ။”

“နောက်ပြီး သူက ကစားသမား ဘဝတလျှောက် ဂိုးတွေ အများကြီး သွင်းယူပြခဲ့ပြီး၊ စံချိန်ပေါင်း များစွာကိုလည်း ချိုးဖျက်ပြ နိုင်ခဲ့ပါတယ်။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဘောလုံး သမိုင်းတလျှောက် မယုံနိုင်စရာတွေ လုပ်ပြခဲ့တဲ့ ကစားသမားတွေပါ။” အာဆင်နယ် အသင်းဟာ ဖေဘီယို ဗီအဲရာကို မခေါ်ယူခင် အချိန်အထိ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာမျိုး မရှိတာကြောင့် အခြား အသင်းတွေနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားခဲ့ရခြင်း မရှိပဲ၊ သဘောတူညီမှု ရရှိဖို့ နီးစပ်ချိန်မှသာ ထုတ်ပြန် ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ် ကြယ်ပွင့် ဗီအဲရာကို ခေါ်ယူနိုင်ခဲ့ခြင်းဟာ အပြောင်းအရွှေ့ စျေးကွက်အတွင်း ဂန်းနားတို့ရဲ့ အကွက်မြင်မှုကို တွေ့ရှိရမှာဖြစ်ပြီး၊ ဒီကစားသမားဟာ သူတို့ အတွက် မှန်ကန်တဲ့ ခေါ်ယူမှုတခု ဖြစ်ကြောင်း၊ သက်သေပြ နိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းနည်းပြ မိုက်ကယ် အာတီတာ အနေနဲ့ အသက် ၂၂နှစ်အရွယ် လူငယ် ကြယ်ပွင့်ကို ဘယ်လို ဆွဲဆောင်မှုတွေနဲ့ ခေါ်ယူနိုင်ခဲ့သလဲ ဆိုတာ စိတ်ဝင်စားစရာ အချက်တခုဖြစ်ပြီး၊ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ်တို အသင်းနဲ့အတူ တောက်ပခဲ့သူ ဖြစ်ပါတယ်။

ဗီအဲရာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ်တို အသင်းရဲ့ ပုံမှန် ပွဲထွက် ကစားသမား စာရင်းမှာ မပါဝင်ခဲ့ပေမယ့်၊ စုစုပေါင်း ၃၉ပွဲကစားခဲ့ရာမှာ ၇ဂိုးသွင်းယူ နိုင်ခဲ့ပြီး၊ အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှု ၁၆ကြိမ်ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။ သူဟာ ပေါ်တို အသင်းမှာ ကစားခဲ့စဉ်က ကွင်းလယ်ဗဟို ကစားသမား အဖြစ်နဲ့ ကစားခဲ့ပြီး ခြေစွမ်း ပြနိုင်ခဲ့တာ မှန်ပေမယ့် အခြား ကွင်းလယ် နေရာစုံမှာလည်း ကစားနိုင်စွမ်း ရှိသူဖြစ်ပြီး၊

လိုအပ်မယ်ဆိုရင် နောက်ချန် တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်စွမ်း ရှိနေပါတယ်။ အာဆင်နယ် အသင်းရဲ့ လက်ရှိ ကွင်းလယ်ပိုင်း အတွက် ဗီအဲရာ ကစားတဲ့နေရာမှာ မာတင် အိုဒီဂတ် ရှိနှင့်ပြီးသား ဖြစ်တာကြောင့် အာတီတာ အနေနဲ့ ပေါ်တူဂီ ကွင်းလယ်လူကို ဘယ်နေရာမှာ ထားကစားပြီး အသင်းရဲ့ ကစားပုံကို ဘယ်လို ဟန်ချက်ညီအောင် တည်ဆောက်သွားမလဲ ဆိုတာ စောင့်ကြည့်သွားရမှာပါ။

ZAWGYI: ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ် အသင်းထံ ရောက်ရှိလာတဲ့ ဖေဘီယို ဗီအဲရာက သူ့ရဲ့ ကစားပုံကို လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်လိုက်ပြီး၊ လက်ရွေးစင် အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကစားပုံတွေကိုလည်း လေ့လာဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ပေါ်တူဂီ ယူ၂၁အသင်းရဲ့ လက်ရွေးစင် ကြယ်ပွင့်ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တို အသင်းကနေ မြောက်လန်ဒန်ကလပ်မှာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရိုသန်း၄၀ ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။