ပရီးမီးယားလိဂ်ကလပ်တခုစီတိုင်းမှာ ဂရိတ်ကစားသမားတယောက်စီရှိနေကြပေမဲ့ အခြားအသင်းတွေအားလုံးထက် ကြည့်ရတာ သူပိုနှစ်သက်သဘောကျတဲ့အသင်းတသင်းကို ဘရားဇီးနဲ့ဘာဆီလိုနာလက်ဂျန့်ကြီး ရော်နယ်လ်ဒင်ဟိုက ရွေးချယ်ပေးခဲ့ပါတယ်။ တသင်းတည်းရွေးရတာ ခက်ခဲပါတယ်လို့ ပြောခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာစောင့်ကြည့်ဖို့ သူ့ရဲ့ဖေးဘရိတ်အသင်းက လီဗာပူးတို့ဖြစ်ကြောင်း ရော်နယ်လ်ဒင်ဟိုက ကြေညာခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့တိုက်စစ်ကစားသမားတွေကို စီးဆင်းမှုအပြည့်နဲ့ကြည့်ရတာ သူတကယ်နှစ်သက်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆုဖလားတွေပြည့်နှက်နေတဲ့ ဘာဆီလိုနာနဲ့ အေစီမီလန်ကကာလတွေအပါအဝင် အခြားထိပ်တန်းကလပ်များစွာနဲ့အတူ တောက်ပခဲ့တဲ့ သူ့ရဲ့ကစားသမားဘဝသက်တမ်းအတွင်း ဘရားဇီးလက်ဂျန့် ရော်နယ်လ်ဒင်ဟို၊ ၄၂ နှစ်က ပရီးမီးယားလိဂ်မှာ လုံးဝမကစားခဲ့ဖူးပါဘူး။ ဒါ့ကြောင့် ဘယ်ပရီးမီးယားလိဂ်ကလပ်နဲ့မှ အသင်းစွဲဆိုတာမျိုး သူ့မှာရှိမနေပါဘူး၊ ဒါပေမဲ့ ပရီးမီးယားလိဂ်ကိုတော့ အဝေးကနေပဲ ကြည့်လေ့ရှိပါတယ်။ သူကြည့်ရတာနှစ်သက်တဲ့ ဂရိတ်ကစားသမားတယောက်စီလောက် ကလပ်တခုစီတိုင်းမှာရှိနေတာဖြစ်လို့ သူပိုနှစ်သက်တဲ့အသင်းတသင်းကို အသင်း ၂၀ ထဲကနေရွေးပေးရတာ ခက်ခဲပါတယ်လို့ ရော်နယ်လ်ဒင်ဟိုက ဝန်ခံပါတယ်။

သို့သော်လည်း မဖြစ်မနေရွေးပေးဖို့ အဖြေတောင်းခံရတဲ့အခါမှာတော့ လီဗာပူးအသင်းကို သူ့ရဲ့ဖေးဘရိတ်အဖြစ် ၂၀၀၅ ဘလွန်ဒီယောဆုရှင်ကြီးက ရွေးချယ်ပေးခဲ့ပါတယ်။ အဓိကအားဖြင့်တော့ သူတို့ရဲ့ရှေ့တန်းကြောင့်ပါတဲ့။ “တသင်းတည်းကိုရွေးပေးရတာ ခက်တယ်လေ၊ အဲဒီမှာ အများကြီးရှိတာကိုး။ ကလပ်တွေအများကြီးဆီက ကစားသမားအများကြီးကို ကျနော်တကယ်ကြိုက်ပါတယ်။ တသင်းတည်းရွေးရတာ တကယ်ခက်ပါတယ်ဗျာ။ ကျနော်ကြည့်ရတာသဘောကျတဲ့ ဂရိတ်ကစားသမားတဦးစီ ကလပ်တခုစီတိုင်းမှာ ရှိနေတယ်လို့ ထင်ပါတယ်၊”

“ဒါပေမဲ့ လီဗာပူးပေါ့၊ သူတို့ရဲ့တိုက်စစ်ကစားသမားတွေက လက်ရှိအချိန်မှာ ကျနော်ကြည့်ရတာ တကယ့်ကိုနှစ်သက်နေတဲ့ကစားသမားတွေလို့ ထင်ပါတယ်။” လို့ JOE ကို သူကဖြေပါတယ်။ လီဗာပူးတို့မှာ လက်လက်ထတဲ့ကစားသမားများစွာ ရှေ့တန်းအတွက်ရှိနေပါတယ်။ ရော်နယ်လ်ဒင်ဟိုနဲ့ နိုင်ငံသားချင်းဖြစ်တဲ့ ရောဘတ်တိုဖာမီနိုအပြင် မိုဆာလာ၊ ဆာဒီယိုမာနေး၊ ဒီယိုဂိုဟိုတာ၊ လူးဝစ်ဒီယက်စ်၊ တာကုမိမီနာမီနိုတို့လည်း ရှိနေပါတယ်။ လီဗာပူးတို့ရဲ့ကျောရိုးမှာ အယ်လစ်ဆွန်၊ ဖာဘင်ဟို၊ ဖာမီနိုဆိုတဲ့ နောက်-လယ်-ရှေ့ ဘရားဇီးဗဟိုချက်ရှိနေတာကြောင့် အန်ဖီးလ်ကလပ်ကို ဒင်ဟို မေတ္တာပိုရှိသွားတာလည်း ဖြစ်နိုင်ပါတယ်။

မေလနှောင်းပိုင်းတုန်းက ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း လီဗာပူးနဲ့ရီးယဲမက်ဒရစ်နှစ်သင်းမှာ လီဗာပူးတို့အတွက် သူ့ရဲ့အားသာတဲ့ခံစားချက်ကို ဒင်ဟိုက ပြသခဲ့ဖူးပါတယ်။ “ကြီးကျယ်တဲ့နှစ်သင်းပါ။ အရမ်းကောင်းတဲ့ကစားသမားတွေ သူတို့မှာရှိပါတယ်။ အကောင်းဆုံးဖြစ်ပါစေလို့ သူတို့ကို ကျနော်ဆုတောင်းပါတယ်။ ရီးယဲမက်ဒရစ်တို့က အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကျနော်က ဘာကာကိုတကယ်ကြိုက်တာဖြစ်လို့ လီဗာပူးတို့နဲ့အတူ ကျနော်ရှိနေပါတယ်။” လို့ သူကပြောခဲ့တာပါ။

ဒင်ဟိုဟာ ၂၀၀၃ ကနေ ၂၀၀၈ အထိ ဘာဆီလိုနာနဲ့ ၅ ရာသီဖြတ်သန်းခဲ့ပြီး လာလီဂါချန်ပီယံသရဖူ ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဘာဆီလိုနာရဲ့အဓိကပြိုင်ဘက်ရီးယဲကိုကျော်ပြီး လီဗာပူးကိုရွေးချယ်တာ အံ့သြစရာတခုတော့ မဟုတ်ခဲ့ပါဘူး။ ရော်နယ်လ်ဒင်ဟိုဟာ ကလပ်နဲ့နိုင်ငံအတွက် စုစုပေါင်း ၂၉၉ ဂိုးသွင်းခဲ့ပြီး ၂၀၀၂ မှာ ကမ္ဘာ့ဖလားရရှိခဲ့ပါတယ်။ အက်သ်လေတီကိုမင်နဲရိုးအသင်းနဲ့ ၂၀၁၃ မှာ ကိုပါလစ်ဘာတာဒိုးစ်ဖလားရရှိခဲ့ပြီး ဇာတိမြေက ဖလူမင်းနီးစ်ကလပ်မှာ ခေတ္တကစားခဲ့ပြီးနောက် ၂၀၁၅ မှာတော့ ဘောလုံးကစားခြင်းကနေ အနားယူခဲ့ပါတယ်။ အနားယူခဲ့ပြီးနောက် ဘာဆီလိုနာတို့အတွက် သံတမန်တဦးအဖြစ် စာချုပ်လက်မှတ်ထိုးတာဝန်ယူထားပါတယ်။

ZAWGYI: ပရီးမီးယားလိဂ်ကလပ်တခုစီတိုင်းမှာ ဂရိတ်ကစားသမားတယောက်စီရှိနေကြပေမဲ့ အခြားအသင်းတွေအားလုံးထက် ကြည့်ရတာ သူပိုနှစ်သက်သဘောကျတဲ့အသင်းတသင်းကို ဘရားဇီးနဲ့ဘာဆီလိုနာလက်ဂျန့်ကြီး ရော်နယ်လ်ဒင်ဟိုက ရွေးချယ်ပေးခဲ့ပါတယ်။ တသင်းတည်းရွေးရတာ ခက်ခဲပါတယ်လို့ ပြောခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာစောင့်ကြည့်ဖို့ သူ့ရဲ့ဖေးဘရိတ်အသင်းက လီဗာပူးတို့ဖြစ်ကြောင်း ရော်နယ်လ်ဒင်ဟိုက ကြေညာခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့တိုက်စစ်ကစားသမားတွေကို စီးဆင်းမှုအပြည့်နဲ့ကြည့်ရတာ သူတကယ်နှစ်သက်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။