လီဗာပူးလ် တိုက်စစ်မှူး ဆာဒီယို မာနေးဟာ အန်းဖီးလ်ကနေ ထွက်ခွာဖို့ နီးစပ်လာချိန်မှာ သူ့ရဲ့ အကြိုက်ဆုံး ကစားသမား ဘယ်သူဖြစ်မလဲ ဆိုတဲ့ မှတ်ချက်တွေ မကြာသေးမီက အွန်လိုင်းပေါ်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ အသက် ၃၀အရွယ် မာနေးဟာ လီဗာပူးလ် အသင်းမှာ ၆နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုနှစ် နွေရာသီမှာ အန်းဖီးလ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး စကိုင်းစပေါ့တ် သတင်းဌာနရဲ့ ဖော်ပြချက်အရ သူဟာ ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းဟာ ကြိုးကြာနီ တိုက်စစ်မှူး မာနေးရဲ့ ပြောင်းရွှေ့ကြေး ပေါင်၄၂.၅သန်းကို ပေးချေဖို့ အသင့်ဖြစ်နေပြီး လီဗာပူးလ် အသင်းကလည်း မာနေး အတွက် ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေပါတယ်။ အဆိုပါ ဆီနီဂေါ ကြယ်ပွင့်ဟာ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေထဲက တယောက်ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြောခဲ့ဖူးပေမယ့်၊ သူ့ရဲ့ အကြိုက်ဆုံး ကစားသမား ရွေးချယ်ရာမှာတော့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကို မရွေးခဲ့ပါဘူး။

မာနေးရဲ့ အကြိုက်ဆုံး ကစားသမား ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၈- ၂၀၁၉ ခုနှစ် ဘောလုံးရာသီမှာ လီဗာပူးလ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ ထိပ်တိုက် တွေ့ဆုံမယ့် ပွဲမတိုင်မီက သူပြောခဲ့တဲ့ စကားတွေကို အခုလို ဖော်ပြလိုက်ပါတယ်။ “ဘောလုံးလောကမှာ ကျွန်တော့် အတွက် တဦးတည်းသော သူရဲကောင်းက ရော်နယ်လ်ဒင်ဟိုပါ။ ဘာစီလိုနာ အသင်းမှာ သူ အဓိက ကစားသမား တယောက် အနေနဲ့ ရှိခဲ့စဉ်က သူ့ရဲ့ ကစားပုံကို ကြည့်ရတာ ကျွန်တော် အရမ်း နှစ်သက်မိပါတယ်။”

“နောက်ပြီး အရိုးသားဆုံး ပြောရမယ်ဆိုရင် သူက ကျွန်တော် အခုချိန်ထိ သဘောကျနေဆဲဖြစ်တဲ့ ကစားသမား တယောက်ပါ။ ဟုတ်ပါတယ် ရော်နယ်လ်ဒင်ဟိုက ကျွန်တော့် အတွက် ထာဝရ သူရဲကောင်း တယောက်ဆိုလည်း မမှားပါဘူး။” ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ဘောလုံးလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေပါ။ သူတို့ နှစ်ဦးစလုံးဟာ ထူးခြားတဲ့ ကစားသမား ဘဝတွေကို ပိုင်ဆိုင်ထားကြပြီး၊ နှစ်ဦးပေါင်း ၁၃၇၀ဂိုးအထိ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။

ရော်နယ်လ်ဒိုဟာ ကစားသမား ဘဝတလျှောက် ချန်ပီယံလိဂ် ဖလား၅ကြိမ်၊ ပရီးမီးယားလိဂ် ဖလား၃ကြိမ်၊ လာလီဂါ ဖလား၂ကြိမ်နဲ့ အခြား အဓိက ဆုဖလားတွေ အပါအဝင် တဦးချင်းဆုတံဆိပ် များစွာကိုလည်း ဆွတ်ခူး ထားနိုင်ပါတယ်။ တချိန်တည်းမှာပဲ လီယွန်နယ် မက်ဆီဟာလည်း ချန်ပီယံလိဂ် ဖလား၄ကြိမ်၊ လာလီဂါ ဖလား၁၀ကြိမ်၊ မကြာသေးမီက ပီအက်စ်ဂျီ အသင်းနဲ့ ရရှိထားတဲ့ လီဂူးဝမ်း ဖလား၁ကြိမ် အပါအဝင် တဦးချင်းဆုတံဆိပ် များစွာ ဆွတ်ခူးထားပါတယ်။

ရော်နယ်လ်ဒင်ဟိုဟာ သူတို့ နှစ်ဦးလို အောင်မြင်မှုတွေ မရခဲ့ပေမယ့်၊ မက်ဆီရဲ့ အသင်းဖော်ဟောင်း ဒီဘရာဇီးလ်သားဟာ မာနေး အထင်ကြီးလောက်တဲ့ ကစားသမား ဘဝကို ပိုင်ဆိုင်နိုင်ခဲ့တာ ငြင်းလို့မရပါဘူး။ ဟုတ်ပါတယ် ဘရာဇီးလ် ဘောလုံးလောကရဲ့ အထင်ကရ ကစားသမား တဦးဖြစ်တဲ့ ရော်နယ်လ်ဒင်ဟိုဟာ သမိုင်းတလျှောက် အထူးခြားဆုံး အရည်အချင်းတွေကို ပိုင်ဆိုင်ထားပြီး၊ သူ့ရဲ့ ထူးခြားတဲ့ ကစားဟန်နဲ့ ဂိုးသွင်း စွမ်းရည်တွေဟာ ပရိတ်သတ်တွေကို နှစ်အတော်ကြာအောင် စွဲဆောင်နိုင်ခဲ့ပါတယ်။

ZAWGYI: လီဗာပူးလ် တိုက်စစ်မှူး ဆာဒီယို မာနေးဟာ အန်းဖီးလ်ကနေ ထွက်ခွာဖို့ နီးစပ်လာချိန်မှာ သူ့ရဲ့ အကြိုက်ဆုံး ကစားသမား ဘယ်သူဖြစ်မလဲ ဆိုတဲ့ မှတ်ချက်တွေ မကြာသေးမီက အွန်လိုင်းပေါ်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ အသက် ၃၀အရွယ် မာနေးဟာ လီဗာပူးလ် အသင်းမှာ ၆နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုနှစ် နွေရာသီမှာ အန်းဖီးလ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး စကိုင်းစပေါ့တ် သတင်းဌာနရဲ့ ဖော်ပြချက်အရ သူဟာ ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။