မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ် က ပရိသတ်တွေ အနေနဲ့ အသင်းပေါ် ဆက်လက် ယုံကြည်နေဖို့ လိုကြောင်း ၊ သိပ်မကြာခင်မှာပဲ ပိုကောင်းတဲ့ ရက်စွဲတွေ ပိုင်ဆိုင်ရတော့မှာ ဖြစ်ကြောင်း မက်ဆေ့ ပို့ခဲ့လိုက်ပါတယ် ။

နီမန်ဂျာ မာတစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေတာကြောင့် နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရဖို့ ရှိနေပါတယ် ။ သူဟာ ဒီတစ်ပါတ် ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲမှာတော့ ယူနိုက်တက် အတွက် နောက်ဆုံးပွဲ ကစားရဖို့ ရှိနေပါတယ် ။

တကယ်တော့ မာတစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ တစ်နှစ် စာချုပ်သက်တမ်းတိုးခွင့် ရှိနေပါသေးတယ် ။ ဒါပေမဲ့ အသင်းဖက်ကတော့ အသက်အရွယ် ရနေပြီဖြစ်တဲ့ မာတစ်ကို လက်လွှတ်ခံဖို့ များနေပြီး အခြားသူ တစ်ဦးဦးနဲ့ အစားထိုးလိုနေပါတယ် ။

ဒါ့ကြောင့်လည်း ဘရန့်ဖို့ဒ် အသင်းနဲ့ ကစားခဲ့ရတဲ့ အိမ်ကွင်း ပွဲစဥ်မှာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေဟာ မာတစ် လူစားလဲခံခဲ့ရချိန် မတ်တပ်ရပ်ပြီး အသိအမှတ််ပြုရင်း တလေးတစား နှုတ်ဆက်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် နောက်ဆုံး ပွဲစဥ် ကစားရဖို့ ရှိနေတဲ့ မာတစ် ဟာ ပရိသတ်တွေ အတွက် နှုတ်ဆက်စကား ပြောလိုလားလို့ အမေးခံလိုက်ရချိန်မှာတော့ အသင်းအပေါ် ဆက်လက် ယုံကြည်ပေးကြဖို့ မှာကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ရှိတာပေါ့ ၊ ကျွန်တော့် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ အတွင်း ကျွန်တော့် အပေါ် ယုံကြည််မှုပေးပြီး အံ့ဖွယ် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောချင်ပါတယ် ”

” ကျွန်တော်တို့ဟာ ခက်ခဲတဲ့ ဘောလုံး ရာသီတွေ ပိုင်ဆိုင််ခဲ့ကြတာ သိပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစားနေကြတယ် ၊ မန်ချက််စတာ ယူနိုက်တက် အသင်းဟာ အကောင်းဆုံးပြန်လာလိမ့်မယ်ဆိုတာတော့ သူတို့ကို သိစေချင်ပါတယ် ”

” ဒီအတွက် အချိန်တော့ အနည်းနဲ့ အများ ပေးရဦးမှာပါ ။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ သေချာပေါက်် ပြန်လာပါလိမ့်မယ်။ အသင်းကို ဆက်အားပေးကြပါ ၊ အတူတကွ ရှိနေပေးကြပါလို့ ပြောချင်ပါတယ် ” လို့ မာတစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ် က ပရိသတ်တွေ အနေနဲ့ အသင်းပေါ် ဆက်လက် ယုံကြည်နေဖို့ လိုကြောင်း ၊ သိပ်မကြာခင်မှာပဲ ပိုကောင်းတဲ့ ရက်စွဲတွေ ပိုင်ဆိုင်ရတော့မှာ ဖြစ်ကြောင်း မက်ဆေ့ ပို့ခဲ့လိုက်ပါတယ် ။