မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ လာမယ့်နွေရာသီမှာ အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။ Diario AS ရဲ့ဖော်ပြချက်အရ ပြင်သစ်သားကွင်းလယ်လူဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရာသီကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သေချာပေါက်အသင်းပြောင်းရွှေ့မှာဖြစ်တယ်လို့သိရပါတယ်။

အခုလိုပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွါတော့မယ်လို့ သတင်းတွေထွက်လာခဲ့ပြီးနောက် သူ့ရဲ့အသင်းသစ်အဖြစ် ဖြစ်နိုင်ချေအများဆုံးထွက်ပေါ်လာတာကတော့ အသင်းဟောင်းဂျူဗင်တပ်စ်ဖြစ်နေတာပါ။

အီတလီကလပ်ဟာပေါ့ဘာအတွက် တစ်နှစ်လုပ်ခယူရို-၉သန်းနဲ့ကမ်းလှမ်းထားကြောင့် သတင်းထွက်နေပြီး လက်ရှိယူနိုက်တက်မှာရနေတဲ့လစာထက် ယူရို-၄.၂သန်းလျော့နည်းနေပါတယ်။

ဒါပေမယ့် ပေါ့ဘာကိုခေါ်ယူချင်နေတာ စီးရီးအေကလပ်တစ်သင်းတည်းတော့မဟုတ်ဘဲ မြင်မြင်သမျှကစားသမားကောင်းမှန်ရင် အရခေါ်ယူချင်နေတဲ့ ပီအက်စ်ဂျီအသင်းလဲပါဝင်နေတာပါ။

ထပ်မံထွက်ပေါ်လာတဲ့သတင်းတွေအရ ပေါ့ဘာကို မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကလဲ ချိတ်ဆက်ခဲ့သေးပေမယ့် ယူနိုက်တက်အပေါ်ထားတဲ့ချစ်စိတ်ကြောင်း ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် စပိန်ဘီလူးကြီးရီးရဲမက်ဒရစ်ဟာလဲ ပေါ့ဘာကိုအချိန်ကာလတစ်ခုကတည်းက စောင့်ကြည့်နေခဲ့တာကြောင့် ရာသီကုန်မှာပေါ့ဘာဘယ်ကိုရောက်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ပေါ့ဘာဟာ အသက် ၁၆နှစ်အရွယ်မှာကတည်းက ယူနိုက်တက်ကိုရောက်ရှိလာတာဖြစ်ပေမယ့် နောက်တစ်နှစ်မှာပဲ ဂျူဗင်တပ်စ်အသင်းထံပြောင်းရွှေ့သွားခဲ့ပါတယ်။

၄နှစ်အကြာမှာပေါ့ဘာဟာ ယူနိုက်တက်ကိုပြန်လည်ရောက်ရှိလာခဲ့ပေမယ့် တူရင်မြေမှာပြသခဲ့တဲ့ခြေစွမ်းမျိုး ပြန်မပြနိုင်တော့တဲ့အပြင် အသင်းအတွက်အောင်မြင်မှုတွေကိုလဲ ထင်သလိုယူဆောင်မပေးနိုင်ခဲ့ပါဘူး။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ လာမယ့်နွေရာသီမှာ အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။ Diario AS ရဲ့ဖော်ပြချက်အရ ပြင်သစ်သားကွင်းလယ်လူဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရာသီကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သေချာပေါက်အသင်းပြောင်းရွှေ့မှာဖြစ်တယ်လို့သိရပါတယ်။